သားငယ်လေးနဲ့  ပတ်သက်ပြီး ဝတ်ဖြူစင်ကြယ် နဲ့ လူကြီးတစ်ယောက်က သတိလာပေးတဲ့အကြောင်းကိုပြောပြခဲ့တဲ့ မိုးမိုး











Unicode

အဆိုတော်မိုးမိုး ရဲ့ ပျော်စရာမိသားစုဘဝလေးဟာ သားသမီးတွေသိုက်သိုက်ဝန်းဝန်း နဲ့ အရမ်းကိုပျော်စရာကောင်းလွန်းနေပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးဟာလည်း အမြဲတမ်းပြုံးနေတတ်ပြီး လသားအရွယ်သားလေးဟာလည်း လာခြင်းကောင်းသူလေး တစ်ယောက်ပါပဲ။

မြန်မာတို့ရဲ့ ထုံးတမ်းဓလေ့ရိုးရာယုံကြည်မှုအရ ဝင်စားတယ်ဆိုတဲ့ ယုံကြည်မှုအစွဲလေးတွေဟာလည်း မေ့ဖျောက်ထားလို့မရတဲ့အကြောင်း အရင်းပါ။ ချစ်စဖွယ်သားလေး မိုးသား ကိုယ်ဝန် ၂လ အရွယ်မှာ

မိခင်ဖြစ်သူဟာ ထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်ခဲ့ပြီး သားငယ်လေးဟာလည်း ရုက္ခစိုးဝင်စားတဲ့ကလေးဖြစ်ကြောင်း အိပ်မက်ထဲမှာ အသိပေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

သိပ္ပံပညာထွန်းကာလာတာနဲ့အမျှ ဒီလိုအယူအဆတွေကို တစ်ချို့ကအယုံအကြည်မရှိ ကြတော့ပေမယ့် ဒါဟာတကယ်ကိုတည်ရှိနေတဲ့ အကြောင်း တရားတွေပါပဲ။

လူတိုင်းမ ကြုံတွေ့နိုင်လို့သာ ယုံသူနဲ့ မယုံသူနှစ်မျိုးကွဲနေရတာပါ။ မနေ့ညက မိသားစုလိုက် နေပြည် တော်ကို ရောက်ကြပြီး ညဖက်မှာတော့ သားငယ်လေးကို bamboo မွေ့ရာအခင်းနဲ့

ဟော်တယ်ကော်ဇောပေါ်မှာခင်းပြီး သိပ်လိုက်မိတာကြောင့် ကလေးထိန်းတဲ့ nurse ကို ဝတ်ဖြူစင်ကြယ်နဲ့လူကြီးတစ်ယောက်က ဒီလိုသိပ်တာမကြိုက်တဲ့ပုံစံ လာပြောတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာလေးကို ” မနေ့ညက နေပြည်တော်ရောက်ပါတယ် သားရော သမီးရော ပါ ပါတယ်။ သားလေးကို ဟိုတယ်ကော်ဇောပေါ်မှာပဲခင်းပြီး သိပ်ပါတယ်။ (သူ့ bamboo မွေ့ရာ အခင်းဘာညာနဲ့ အကျအနသိပ်တာပါ)

မနက် ကျ သားလေးကိုထိန်းတဲ့ nurse ကပြောတယ် မနေ့ညက သူ့ကို အဖြူဝမ်းဆက်နဲ့ လူကြီးတစ်ယောက်က ပွစိပွစိလာပြောသတဲ့ ကလေးကို ကြမ်းပေါ်ချသိပ်လို့တဲ့

နားထောင်ရင်း ခေါင်းမွေး တွေရော ခြေသလုံးမွေး တွေပါ ထောင်သွားတယ် ဒီနေ့ညတော့ တစ်ခုခုပေါ်တင်သိပ်ရမယ် ပြောမရဘူး ဟုတ်ချင် ဟုတ်မှာ ဒီဟိုတယ်ဝင်းထဲမှာ

မိုးသားရဲ့ဖွားဘက်တော် ဗောဓိညောင်ပင် နှစ်ပင်ရှိ တာကိုး ” ဆိုပြီး ပြောပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီလိုသဘာဝလွန်ဖြစ်ရပ် တွေ ကြုံဖူးရင် ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *