နန်းဆန်တဲ့ အမူအရာလေးနဲ့ တောင်တန်းတွေကို နောက်ခံထားပြီး ဓာတ်ဖမ်းခဲ့တဲ့ ယဉ်လက်








Unicode

တိုက်ကွမ်ဒို ခါးပတ်နက် ပိုင်ရှင် ရုပ်ရှင်မင်းသမီးယဉ်လက်ဟာဆိုရင် အပြုံးချိုလေးတွေ နဲ့ ပုရိသအပေါင်းကို ဆွဲဆောင်ဖမ်းစားနိုင်တာပါနော်..။ အက်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေကြောင့် တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိနေတာပါ…။

ရုပ်ရှင်ဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားပြီး drama၊ comedy ဇာတ်ကားတွေမှာလည်း ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာပါနော်..။ နန်းဆန်တဲ့ မြန်မာဝတ်စုံလေးတွေ နဲ့ ရိုးယဉ်စွာ လှပနေပြီး အမြဲကြည့်ကောင်းနေတာပါ..။

ခေတ်ဆန်ဆန် ဖက်ရှင်လ်ကျတဲ့ အဝတ်အစားလေးတွေနဲ့ လိုက်ဖက်လှပြီး လွတ်လပ်ပေါ့ပါးစွာ ဘဝကြီးကိုဖြတ်သန်းနေတာဖြစ်ပါတယ်..။ သူမဟာဆိုရင် “လောကကြိုးဝိုင်း” ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး

အခြားသော ရုပ်ရှင်ဇာတ်ကားတွေအတွက်လည်း ကြိုးစားပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်..။ အဖေချစ်တဲ့ သမီးလေးဖြစ်ပြီး သူမရဲ့ မိခင်မှည့်ပေးထားတဲ့ “ယဉ်လက်” ဆိုတဲ့ နာမည်လေးမှာလည်း အဓိပ္ပါယ်များစွာ ပါဝင်နေပါတယ်..။

ရိုးယဉ်စွာ ချစ်ဖို့ကောင်းသူဖြစ်ပြီး လင်းလက်တောက်ပသူလေးလို့ဆိုရမှာပါ..။ ပရဟိတလုပ်ငန်းတွေကိုလည်လး စိတ်ရောကိုယ်ပါ လုပ်ကိုင်လေ့ရှိတဲ့ ယဉ်လက်ဟာ ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်..။

ယဉ်လက်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု မှန်သမျှကို facebook ကွန်ယက်စာမျက်နှာပေါ်တွင်မြင်တွေ့နိုင်မှာပါ..။ အခုတစ်ခါမှာဆိုရင်လည်း E major ဒုတိယနှစ်ကို ဒဂုံတက္ကသိုလ်မှာ တက်ရောက်နေပါပြီ..။

ယဉ်လက်ရဲ့ အလှပုံရိပ်တွေကို ကြော်ငြာမဂ္ဂဇင်းတွေ၊ photo shooting တွေမှာ အများဆုံးတွေ့မြင်ရမှာဖြစ်ပြီး သူမရဲ့ official acc တွင်လည်း ကြည့်ရှုခံစားရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်..။ နိုင်ငံတကာစံချိန်မှီတဲ့ အက်ရှင်မင်းသမီးလေးယဉ်လက်ကို ဆက်လက်အားပေးသွားကြပါဦးနော်..။

Leave a Reply

Your email address will not be published. Required fields are marked *