မဂၤလာစုံတြဲေလးအျဖစ္ ပရိသတ္ေတြကို အံ့အားသင့္ေအာင္လုပ္လိုက္တဲ့ စည္သူဝင္းနဲ႔ ပိုးၾကာျဖဴခင္

သ႐ုပ္ေဆာင္ မင္းသားေခ်ာေလး စည္သူဝင္းနဲ႔ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ပိုးၾကာျဖဴခင္တို႔ႏွစ္ေယာက္ကေတာ့ ႐ုပ္သံဇာတ္လမ္းတြဲေလးေတြနဲ႔ လူသိမ်ားေအာင္ျမင္လာခဲ့တဲ့ ပရိသတ္အခ်စ္ေတာ္ေလးေတြပဲ ျဖစ္ၾကပါတယ္။

သူတို႔ႏွစ္ေယာက္ကိုေတာ့ ပရိသတ္ေတြအားလုံးက “မိုးေကာင္းကင္အိပ္မက္” ဇာတ္လမ္းတြဲေလးမွာ ရဲေသြးနဲ႔ဆိုင္းမိုင္ဆိုတဲ့ စုံတြဲေလးအျဖစ္ ခ်စ္ခင္အားေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။

ဇာတ္လမ္းတြဲေလးၿပီးဆုံးသြားေပမယ့္ ပရိသတ္ေတြက သတိတရရွိေနၾကတာ ျဖစ္ပါတယ္။ လက္ရွိမွာ အႏုပညာလွုပ္ရွားမွုေတြ ကိုယ္စီလုပ္ကိုင္ေနၾကတဲ့ သူတို႔ႏွစ္ေယာက္က ေၾကာ္ျငာေလးေတြလည္း မၾကာခဏ ရိုက္ကူးေနရတာ ေတြ႕ရပါတယ္။

ေမာင္ႏွမအရင္းေတြလို ခ်စ္ခင္ရင္းႏွီးၾကတဲ့ ရဲေသြးနဲ႔ ဆိုင္းမိုင္တို႔ႏွစ္ေယာက္က မေန႔ကလည္း မဂၤလာဝတ္စုံေလးေတြနဲ႔ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ ေနနဲ႔လ ေရႊနဲ႔ျမလို လိုက္ဖက္ညီေနတဲ့ သူတို႔ႏွစ္ေယာက္က Photo Shooting ေလးတစ္ခုကို ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

ရဲေသြးက ” ရဲေသြးနဲ႔ ဆိုင္မိုင္းက အသဲေလးေတြေပးမယ္ ယူမလား ” ဆိုၿပီး ေျပာထားသလို ဆိုင္းမိုင္ကလည္း ” ကိုရဲ နဲ႔ ဆိုင္းမိုင္ ျမန္မာထိုင္မသိမ္းဝတ္စုံေလးရိုက္ေနပါတယ္ ျမင္ခ်င္ေသးလား ဒီအတြဲရဲ့ ေနာက္ထပ္ ဇာတ္လမ္းတြဲတစ္ခု ” လို႔ ဆိုထားပါတယ္။

ပရိသတ္ေတြကေတာ့ အတြဲညီတဲ့ သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီး သေဘာက်ေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ စည္သူဝင္းနဲ႔ ပိုးၾကာျဖဴခင္တို႔ရဲ့ပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Unicode

သရုပ်ဆောင် မင်းသားချောလေး စည်သူဝင်းနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်တို့နှစ်ယောက်ကတော့ ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ပရိသတ်အချစ်တော်လေးတွေပဲ ဖြစ်ကြပါတယ်။

သူတို့နှစ်ယောက်ကိုတော့ ပရိသတ်တွေအားလုံးက “မိုးကောင်းကင်အိပ်မက်” ဇာတ်လမ်းတွဲလေးမှာ ရဲသွေးနဲ့ဆိုင်းမိုင်ဆိုတဲ့ စုံတွဲလေးအဖြစ် ချစ်ခင်အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲလေးပြီးဆုံးသွားပေမယ့် ပရိသတ်တွေက သတိတရရှိနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေ ကိုယ်စီလုပ်ကိုင်နေကြတဲ့ သူတို့နှစ်ယောက်က ကြော်ငြာလေးတွေလည်း မကြာခဏ ရိုက်ကူးနေရတာ တွေ့ရပါတယ်။

မောင်နှမအရင်းတွေလို ချစ်ခင်ရင်းနှီးကြတဲ့ ရဲသွေးနဲ့ ဆိုင်းမိုင်တို့နှစ်ယောက်က မနေ့ကလည်း မင်္ဂလာဝတ်စုံလေးတွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ညီနေတဲ့ သူတို့နှစ်ယောက်က Photo Shooting လေးတစ်ခုကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

ရဲသွေးက ” ရဲသွေးနဲ့ ဆိုင်မိုင်းက အသဲလေးတွေပေးမယ် ယူမလား ” ဆိုပြီး ပြောထားသလို ဆိုင်းမိုင်ကလည်း ” ကိုရဲ နဲ့ ဆိုင်းမိုင် မြန်မာထိုင်မသိမ်းဝတ်စုံလေးရိုက်နေပါတယ် မြင်ချင်သေးလား ဒီအတွဲရဲ့ နောက်ထပ် ဇာတ်လမ်းတွဲတစ်ခု ” လို့ ဆိုထားပါတယ်။

ပရိသတ်တွေကတော့ အတွဲညီတဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး သဘောကျနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ပိုးကြာဖြူခင်တို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *