လက်တောင်မထပ်ရသေးပဲ Single Mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ်လို့ဝေဖန်တိုက်ခိုက်နေသူတွေကို လိမ်မာပါးနပ်စွာတုံ့ပြန်လိုက်တဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေကတော့ ဆယ်ကျော်သက်လောက်တည်းက ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းတွေထဲက အဆိုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့အဆိုရှင်တစ်ယောက်ဖြစ်တဲ့အပြင် ပရိသတ်တွေချစ်ခင်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ် ။

နှစ်အနည်းငယ်လောက် အနုပညာအလုပ်တွေမလုပ်ပဲပျောက်ကွယ်သွားပေမယ့် Single Mother အဖြစ်ရဲရဲဝံ့ဝံ့ ပရိသတ်တွေရှေ့ ပြန်ရောက်လာခဲ့ပြီး အနုပညာအလုပ်တွေကိုကြိုးကြိုးစားစားပြန်လုပ်နေတာပဲ ဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုပိုင်ဆိုင်ထားပြီး ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အပြင် စိတ်ခံစားချက်များကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမကို Single Mother ဖြစ်တာနဲ့ပတ်သတ်ပြီး ဝေဖန်တိုက်ခိုက်ပြောဆိုနေကြတာပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်သူတွေကို “တခါကအစ်ကိုတစ်ယောက်ဥပမာပေးပြီးဆုံးမတဲ့ ရှင်ဘုရင်နဲ့ စားတော်ကဲ ပုံပြင်လိုပဲ။

ဘာမဟုတ်တဲ့ စားတော်ကဲ ရဲ့ စကားတွေကိုယုံကြည်စိတ်ချမိခဲ့တဲ့အတွက် အစတည်းက အတွေ့အကြုံရှိပြီး ခံယူချက်ပြင်းထန်တဲ့တိကျသေချာပြီး ပြောပြီးဖြစ်အောင်လုပ်ပေးနိုင်တဲ့ အပေါ်ယံ `လေ´မဟုတ်ဘဲ

လေးလေးနက်နက်စိတ်နှစ်ထားပေးနိုင်မ့ယ့် လူမျိုးတွေနဲ့ပဲ အလုပ်တွဲလုပ်ခဲ့ရမှာ။ ကိုယ့်ကလမ်းလျှောက်ရင်း လမ်းပျောက်နေပါတယ်ဆိုမှ လမ်းပြနဲ့ မတွေ့ပဲ ဘယ်နှယ့် သောက်ကျိုးနည်း နဲ့မှတိုးတယ်။ဒါလည်းငါသောက်သုံးမကျတာပါ။

ယုံလွယ်တတ်တဲ့သောက်ကျင့် ။ မပြတ်သားနိုင်တဲ့သောက်ကျင့် ။ လေ့လာမှုအားနည်းတဲ့သောက်ကျင့်။ကိုယ့်ထက် အရိုန်အဝါကြီးတဲ့ လူတွေဆီ ချည်းကပ်ဖို့ ကြောက်တဲ့ သောက်ကျင့်။ပြောရင် ကုန်မှာမဟုတ်ဘူး။

ပြီးတော့ ကျွန်မကို မင်္ဂလာမဆောင်ဘဲ Single mom ဖြစ်တာကို ဂုဏ်ယူနေသေးတယ် စသဖြင့်ပေါ့။သူတို့ သုံးတဲ့ အသုံးအနှုန်းကဒီထက်ရိုင်းပါတယ်။ ပြောနေ ရေးနေကျတဲ့ အမျိုးသမီးများအားလုံးကိုလည်း တခုလောက်ပြောပါရစေ။

IDGAF ( I don’t give a fuck ) သင်တို့သာ တန်ဖိုးရှိတဲ့ မိန်းမကောင်းများဖြစ်ကြပါစေ။” ဆိုပြီး ဝေဖန်သူတွေကိုတုံ့ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရော အေသင်တို့သားအမိကိုချစ်ရင် အားပေးစကားပြောသွားပါဦးနော်။

“ညောင်းတာ ညာတာ ကိုက်ခဲတာဝေးပြီး အနင်း အနှိပ်ကင်းကင်းနေနိုင်ဖို့ လက်တွေ့နည်းလမ်းလေး”

“ညောင်းတယ်ညာတယ်ပဲ မင်းအမြဲပြောနေတယ်။” “ငါပြောတာကိုမင်းလက်တွေ့လုပ်ကြည့် မဟုတ်ရင် မင်းကြိုက်သလိုပြော..”။

“လုပ်ရမှာက မင်းတာဝန်.ချက်ချင်းပျောက်ကင်းတယ်မပြောဘူးကွ..သက်သာရာက ပျောက်ကင်းတယ်လို့ပဲငါပြောမယ်…။ အဖေ ပြောပြသော အကြောင်းသာဖြစ်၏။”

အမြဲတမ်းညောင်းညာကိုက်ခဲမှုသည်က စိတ်ပျက်စရာကောင်းလှပြီး၊အကျင့်ပါလှသည်။ ညောင်းညာမည်ပေါ့…တစ်နေ့လုံး ရုံးစားပွဲ၊ ကွန်ပြူတာ၊ဖုံးတို့နှင့် ကွာသည်မရှိ၊တစ်ခါတစ်ရံ စားချိန် သောက်ချိန်မမှန်…။ ဒီကြားထဲ မျက်မှန်တပ်သည့်ကြား မျက်ရည်ပူတို့ကစီး၍ကျပြန်သည်။

ထိုပြင် အနှိပ်သမားကအတော် နှင့် အညောင်းအညာ မပြေ အကြောတွေတောင့်တင်းလှ၍ ခပ်ကြမ်းကြမ်း နှိပ်နင်းပြန်ရာ ဇက်ကြောပေါင်ကြောနှင့်ခြေသလုံးသားများ အညိုအမည်းပင် စွဲနေတော့သည်။ ဒါလည်းအညောင်းပြေသည်မဟုတ်ခဲ့။

“ဒါဖြင့် နည်းသာပေးပါအဖေရာ…ကျွန်တော်အသေအချာလုပ်ပါမယ်” “လုပ်ပါကွာ…တကယ်ထိရောက်ပြီး..တစ်ပတ်တိတိသာ စမ်းလုပ်ပါ..။ မထူးခြားဘဲမနေပါဘူး။ အပန်းလည်းမကြီးပါဘူးကွာ”

ညအိပ်ရာဝင်ခါနီးတိုင်း ရေဇလုံထဲရေနွေးနှင့် ဆား(၃၀)သား ရောစပ်ပြီး ဆားပျော်ရည်ပူ နွေးနွေးလေးထဲသို့ ခြေနှစ်ဖက်အား ခြေမျက်စိအုပ်ရုံ နာရီဝက်လောက် ထည့်စိမ်ပေးရန်ဖြစ်ပါသည်။ အပူလျော့ပါက ရေနွေးအနည်းငယ်ထပ်မံစပ် ပေးရပါမည်။

ရေချိုးစဉ်ခြေဖ၀ါး အလယ်နှင့် ခါးကိုဆားဖြင့် ပွတ်ပေးပါက အနှိပ်အနင်းလွတ်သူဖြစ်လာမည်ကမလွဲ အမှန်ဧကန်ပင်ဖြစ်ပေလိမ့်မည်။ ဆားသည်ကား သက်ရှိ သတ္တ၀ါတို့အတွက်မရှိမဖြစ်သော အရာဖြစ်လေသည်။

ထိုပြင် ဆီးမှန်ဝမ်းမှန် ပိုမိုအဆင်ပြေစေရန်ကား ဆင်တုံးမနွယ်မှုန့်အား နေ့စဉ်ကော်ဖီဇွန်းလေး(၁)ဇွန်းသာ စားပြီးနေကြည့်ပါ။ ဆီးမှန်ဝမ်းမှန်အညောင်းအညာပြေပြီးကျန်းမာ ရေးအတွက်အားလုံးအိုကေဖြစ်ရကာ မျက်ရည်ပူများယိုစီးခြင်း ဘ၀ကလွတ်မြောက်မည်မှာသေချာနေပါတော့သည်။

ပုံမှန်ဖြစ်သွားပါကအနည်းဆုံးတစ်ပတ်လျှင်(၂)ကြိမ်ပြုလုပ် ပေးရမည်ဖြစ်သည်။ လိုသူတို့သုံးစေတနာအပြုံးဖြင့် ရွှင်လန်းနိုင်ကြပါစေ…

 

Leave a Reply

Your email address will not be published. Required fields are marked *