ရင်ထဲကအလွမ်းတွေနဲ့ သမီးလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ လင်းဇာနည်ဇော်

လင်းဇာနည်ဇော်က ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ရဲ့ မွေးနေ့မှာ အတူတူမရှိပေးနိုင်တာကြောင့် လွမ်းတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ မြူလင်းကိုကို ဟာ အနုပညာလှုပ်ရှားမှုသိပ်မရှိပေမယ့်လည်း ပရိသတ်အချစ်ကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

ဇွန်လ ၁၂ရက်နေ့က သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကိုရဲ့ မွေးနေ့ ဖြစ်ပါတယ်။ မြူလင်းကိုကိုက လက်ရှိမှာတော့ သြစတေးလျနိုင်ငံမှာရှိတဲ့ UTS: University of Technology Sydney ကျောင်းမှာ ပညာသင်ကြားနေသူပါ။

ဒါကြောင့် မေမေလင်းဇာနည်ဇော်က သမီးလေးကို အရမ်းသတိရနေတဲ့အကြောင်းတွေ ရင်ဖွင့်ပြောပြလာပါတယ်။ ‘’အလိုလိုနေရင်းအိပ်မရ။ သတိတွေအရမ်းရ ။

သြော်.. မိခင်ဘဝ.. Happy Birthday သမီးလေးရေ။ ဖြစ်ချင်တာနဲ့ဖြစ်သင့်တာကို ခွဲခြားဆုံးဖြတ်နိုင်တဲ့သူ၊ ဘဝကိုရိုးသားဖြူစင်စွာ လျှောက်လှမ်းနိုင်တဲ့သူ၊ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့သူလေးဖြစ်ပါစေ။

အခါတိုင်းနေ့တွေထက် ပိုလွမ်းတယ်ကြွက်မလေးရေ’’ ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သမီးလေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

လင်းဇာနည်ဇော် တင်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေကလည်း သမီးလေးကို သတိတွေ ရလို့နေကြပါတယ်။ လင်းဇာနည်ဇော် ရဲ့ သမီးလေး မြူနှင်းကိုကိုဟာ အနုပညာအလုပ်တွေ မလုပ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူလေးပါ။

မြူနှင်းကိုကိုဟာ လည်း ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တချို့က အနုပညာ အလုပ်တွေကို လုပ်စေချင်ကြတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာအလုပ်တွေကို မလုပ်စေချင်ပေမယ့် သမီလေး ကိုယ်တိုင်က ဝါသနာပါတယ် ဆိုရင် ပံ့ပိုးသွားမှာပါလို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ Single Mother တစ်ယောက်အဖြစ် ရပ်တည်ပြီး သမီးလေးကို ပြုစုပျိုးထောင်နေသူလည်း ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အမဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် ” မြန်မာပေါကားတွေ ရပ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။

“ကြက်သွန်ဖြူကို နေ့ တိုင်းစားပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ”

ကြက်သွန်ဖြူဟာ ၀ယ်ရလွယ်တဲ့ ဟင်းခတ်စားစရာတစ်မျိုးဖြစ်ပြီး အိမ်တိုင်းရဲ့မီးဖိုချောင်မှာရှိပေမယ့် သူ့ရဲ့အသုံးဝင်ပုံနဲ့ ခန္ဓာကိုယ်အတွက်အကျိုးရှိတာတွေကို သိတဲ့သူကတော့ရှားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို နေ့တိုင်းစားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ်ခံအားပိုကောင်းစေတယ်

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ allicin ဓာတ်က ကိုယ်ခံအားပိုကောင်းစေတာကြောင့် အအေးမိတာ၊ ဖျားနာတာတွေ ခဏခဏမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်စွမ်းလည်းရှိတာကြောင့် အစာအိမ်အူလမ်းကြောင်းအတွက်လည်း အကျိုးပြုပါတယ်။

(၂) သွေးဖိအားကိုပုံမှန်ဖြစ်စေတယ်

သွေးတိုးတာအတွက် ကြက်သွန်ဖြူက အကောင်းဆုံးဆေးတစ်မျိုးဖြစ်ပါတယ်။ သွေးအရမ်းတိုးလို့ ခေါင်းတွေမူးတဲ့အခါမျိုးမှာ ကြက်သွန်ဖြူ(၄) မွှာလောက်ဝါးစားလိုက်ရင် မကြာခင်မှာပဲ သွေးဖိအားပုံမှန် ပြန်ဖြစ်သွားစေနိုင်တဲ့အပြင် နှလုံးရောဂါမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

(၃) မှတ်ဉာဏ်ပိုကောင်းလာမယ်

ဟင်းချက်တဲ့အခါမှာ ကြက်သွန်ဖြူကို ထည့်ချက်ပြီးစားပေးရုံနဲ့ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကိုမြင့်တက်လာစေပြီး အသက်ကြီးလာတဲ့အခါ သတိမေ့ရောဂါမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး ၊ ခန္ဓာကိုယ်ထဲဝင်လာတဲ့ Oxidants တွေကိုတိုက်ဖျက်ပေးတဲ့ antioxidant အဖြစ်ဆောင်ရွက်ပေးတာကြောင့် အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်ပါသေးတယ်။

(၄) ဆံပင်နဲ့အသားအရေပြဿနာတွေနည်းလာမယ်

ကြက်သွန်ဖြူက ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဆံပင်တွေကိုထူထဲသန်မာစေနိုင်စွမ်းရှိပါတယ်။ ပြီးတော့ တစ်နေ့ကို ကြက်သွန်ဖြူ (၂) မွှာစားပေးတာက အသားအရေ ကော်လာဂျင်ထုတ်လုပ်မှုကိုအားပေးတာကြောင့် အသားအရေတင်းရင်းနုပျိုချင်သူလေးတွေ နေ့တိုင်းစားပေးလိုက်နော်။

(၅) သွားကိုက်တာကိုသက်သာစေတယ်

ကြက်သွန်ဖြူ ရဲ့ ဘက်တီးရီးယားနဲ့ မှိုတွေကို သေစေနိုင်တဲ့အစွမ်းက သွားကိုက်တာကို သက်သာစေနိုင်ပါတယ်။ သွားကိုက်တဲ့အခါ ကြက်သွန်ဖြူကိုချေပြီး ကပ်ထားပေးလိုက်မယ်ဆို အချိန်ခဏအတွင်းသက်သာသွားပါလိမ့်မယ်။

(၆) ကိုယ်အလေးချိန်ကျစေတယ်

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ဓာတ်တစ်မျိုးက ခန္ဓာကိုယ်ကအဆီတွေကို ကျေပျက်စေတာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျစေရုံသာမက

သွေးထဲက အဆီတွေကိုပါ ချေဖျက်ပေးနိုင်တာကြောင့် သွေးကြောအဆီပိတ်ခြင်း၊ အသည်းအဆီဖုံးခြင်းနဲ့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေမဖြစ်အောင်လည်း တားဆီးပေးနိုင်စွမ်းရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *