ကိုယ့်သားသမီးတွေကို စိတ်ပူရတဲ့ဒဏ်ကိုမခံနိုင်လို့ နောက်ထပ်ကလေးမယူတော့ဘူးဆိုတဲ့ ပြေတီဦး

ဦးတီလို့ ချစ်​စနိုး​ခေါ်တဲ့ ​ပြေတီဦးက​တော့ ပရိသတ်​​တွေကြားမှာ​ရေပန်​စား​နေတဲ့မင်းသားတစ်​​ယောက်​လို့ဆိုရမှာပါ။ သူက​တော့ သာယာချမ်း​မြေ့မိသားစုဘဝ​လေးကိုပိုင်​ဆိုင်​ထားတာဖြစ်​ပါတယ်​။ ဒါ​ပေမယ့်​က​လေး​တွေကိုစိတ်​ပူရတဲ့ဒဏ်​ကို မိဘတစ်​​​ယောက်​အ​နေ နဲ့ မခံနိုင်​ဘူးဆိုတာကို မီဒီယာ​တွေကို​ပြောပြခဲ့တာဖြစ်​ပါတယ်။

“က​လေး​တွေ စိတ်​ပူရတဲ့ဒဏ်​ကိုမခံနိုင်​လို့ ​နောက်​ထပ်​က​လေးမယူ​တော့ဘူး။ က​လေးနှစ်​​​ယောက်​လုံးက​ဆေးရုံတက်​ရဘူးတယ်​။ အဲလိုအချိန်​ဆိုမိဘတစ်​​ယောက်​အ​နေနဲ့မခံစားနိုင်​ဘူး။

နှစ်​​ယောက်​ရပြီဆို​တော့ရပြီ​ပေါ့​နော်…​​နောက်​ထပ်​မယူ​တော့ဘူး။ သုသု​လေးကအ​ဖေလည်းမတူဘူး။ အ​မေလည်းမတူဘူး။ အကို့အစ်​မကိုသွားတူတာ။ ဆံပင်​ကစတူတယ်။

ဖိုးတီ​လေးက ဖ​အေလိုပဲ မျက်​နှာ​ပြောင်​တယ်​” ဆိုပြီးတော့ ကလေးတွေနေမကောင်းရင် စိတ်ပူရတာပင်ပန်းလို့ နောက်ထပ်ရင်သွေးလေးကို မယူတော့ဘူးဆိုတာကို ပြောပြထားပြီးတော့

“သူတို့နှစ်​​ယောက်​လုံးက လုံးဝမတူဘူး စိတ်​​နေစိတ်​ထားကြိုက်​တဲ့အကြိုက်​မတူကြဘူး။ သုသုကစကားအများကြီးမ​ပြောဘူး ​အေး​အေး​ဆေး​ဆေးဘဲ​နေတယ်​ ရင်​ထဲမှာရှိတာကို သိပ်​ပြီး​တော့ ထုတ်​မ​ပြောပြတတ်​ဘူး။

ဖိုးတီ​လေးကအဲလိုမဟုတ်​ဘူး။ သူက ပွင့်​ပွင့်​လင်းလင်း ဖ​အေ ခရီးကပြန်​လာရင်​ ” ​ဖေ​ဖေသားသားအတွက်​ဘာဝယ်​လာလဲ”အဲလို​နေတယ်​ ။ သုသုကအဲလိုမဟုတ်​ဘူး။တစ်​​ယောက်​ထဲဆိုပုံဆွဲ​နေမယ်။ ရုပ်​ရှင်​ကြည့်​မယ်​။ စာအုပ်​ဖတ်​မယ်။

 အဲလိုငြိမ်​ငြိမ်​စိမ်​စိမ်​​နေတတ်​တဲ့ပုံစံမျိုး​ပေါ့” ဆိုပြီးတော့လည်းသားနဲ့ သမီးလေးတွေရဲ့ ကွဲပြားတဲ့ အမူအကျင့်လေးတွေကို ပြောပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ နောက်ထပ်ကလေးမယူတော့ပါဘူးလို့ ဖွင့်ဟလိုက်တဲ့ ပြေတီဦးအတွက် မှတ်ချက်လေးရေးပေးခဲ့ပါဦး။

“မနက်ပိုင်း ရေချိုးခြင်းကြောင့် ရရှိလာမည့် အံ့အားသင့်ဖွယ် ကောင်းကျိုး ( ၆ ) ချက်”

၁။ သွေးလည်ပတ်မူကို ပိုမိုပြီး ကောင်းမွန်စေပါတယ်

နံနက်ခင်းမှာ ရေအေး နဲ့ ချိုးတာထက် ရေနွေးနဲ့ ချိုးတာကို ပိုမိုပြီး သွေးလည်ပတ်မူ့ ကို အားကောင်းစေပါတယ်။ ဒါ့အပြင် ကြွက်သားများကို တောင့်တင်း သန်မာ စေနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းဟာ ကျန်းမာရေး အတွက်လည်း များစွာ အထောက်အကူ ပြုစေပါတယ်။

၂။ ပေါ့ပါး လွတ်လပ်စေတယ်

အိပ်ယာနိုးတဲ့ အခါမှာ ထိုင်းထိုင်းမှိုင်းမှိုင်းကြီး ဖြစ်နေရင် မနက်ခင်း ရေချိုးလိုက်တဲ့ အတွက်ကြောင့် ပေါ့ပါးလွတ်လပ် သွားပါတယ်။

၃။ ဖိစီးမူတွေကို သက်သာစေပါတယ်

နံနက်ခင်း ရေချိုးခြင်းဟာ စိတ်ဖိစီးမူ တွေကို သက်သာ ပျောက်ကင်းစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမူတွေ ဖြစ်နေခဲ့ရင် မနက်ခင်း ရေချိုးခြင်းက များစွာ အထောက်အကူ ပြုစေမှာပါ။

၎။ ကြွက်သားများ အတွက်လည်း ကောင်းမွန်စေပါတယ်

နံနက်ခင်းမှာ လမ်းလျောက်တာပဲ ဖြစ်ဖြစ်၊ gym ဆော့တာပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း တစ်စုံတစ်ခု လုပ်ပြီးတာနဲ့ ရေချိုးခြင်းဟာ ကြွက်သားများကို ပိုမိုပြီး သန်မာစေပါတယ်။

၅။ အမျိုးသားတွေ အတွက် အထူးပင် ကောင်းမွန်ပါတယ်

ကယ်လီဖိုးနီယားတက္ကသိုလ်မှ သုတေသန ပညာရှင်များ၏ အဆိုအရ တစ်ပတ်မှာ တစ်ကြိမ်ခန့် အေးတဲ့ရေနဲ့ နံနက်ခင်း ရေချိုးခြင်းဟာ သုပ်ပိုးများကို ပိုမိုပြီး ဖွံဖြိုးစေနိုင်တယ်လို့ ဆိုပါတယ်။

၆။ ဆံပင် အတွက်လည်း ကောင်းမွန်စေပါတယ်

ရေနွေး (သို့) ရေအေးနဲ့ နံနက်ခင်း ခေါင်းလျော်ခြင်းဟာ ဆံပင် မကျွတ်ခြင်း အတွက် အထူးပင် ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဆံပင်သား မကောင်းခြင်း၊ မွဲခြောက်ခြောက် ဖြစ်ခြင်းတို့အတွက်လည်း ကာကွယ် တားဆီးပေးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *