ကောင်းမှု့ ကုသိုလ်တွေပြုလုပ်ရင်း အချိန်တွေကုန်ဆုံးဖို့ ကြိုးစားမယ့် ဦးမိုးဒီ

မိုးဒီက သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး သတင်းမေးခဲ့ကြတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်မှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

ဟာသသရုပ်ဆောင် မိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိုးရိမ်တကြီးရှိလှပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို ဓူဝံကနေ ပြောပြလာပါတယ်။‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။

ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို ကုန်ဆုံးရမှာပေါ့လေ’’ လို့ သူကဆိုပါတယ်။

ဦးမိုးဒီဟာ သူ့အတွက် စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း သေသေချာချာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

‘’ သက်သာပါတယ်၊ ဆေးလည်းကုနေပါတယ်။ ပုပ္ပါးမှာတော့ မဟုတ်တော့ဘူး ရန်ကုန်ပြန်ရောက်နေပါပြီ။ ဟိုမှာတော့ လျှော့ဖြစ်သွားတဲ့ သဘောပေါ့နော်။ ဟိုမှာတုန်းကတော့ မထနိုင်လောက်အောင် ခေါင်းတွေ ပူထူပြီးတော့ဖြစ်သွားတာ။

ရှေ့မှာ မောင်ကင်းကလည်း ဖြစ်ထားတော့ စိုးရိမ်ကြတာပေါ့နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က ဓူဝံရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ဦးမိုးဒီက ‘’ဆူးပန်းခွေဘယ်ဘယက် နဲ့ ပေရွက်လိပ်နားတောင်းဆင်’’ဆိုတဲ့ ရိုက်ကွင်းပေါ်မှာ ကျန်းမာရေးမကောင်းဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုလို ပြောပြထားပါသေးတယ်။

‘’ ပုပ္ပါးမှာ ဇာတ်လမ်းတွဲရိုက်ကြမယ်ပေါ့ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်သွားကြတယ်။ ၄ ရက်နေ့ နား ၅ ရက်နေ့ စရိုက်တယ်ပေါ့။ ရိုက်တဲ့နေရာက ပုပ္ပါးနဲ့ မိုင် ၂၀လောက်ဝေးမယ် လယ်ယား ဆိုတဲ့ နေရာမှာ ။

နေပူတာပေါ့ ရိုက်ပြီးတော့ ပြန်လာတဲ့အချိန်မှာ ခေါင်းက အပူဒဏ်တွေနဲ့ တဝီဝီပေါ့။ ဆရာဝန်ကတော့ ကိုယ်ခံအားနည်းနေတာလို့တော့ ပြောတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။

တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။

” လူသိနည်းသေးတဲ့ ထောပတ်သီးရဲ့ အထွေထွေ အသုံးဝင်ပုံများ ”

လွန်ခဲ့သော နှစ်၂၀လောက်ကစပြီး ထောပတ်သီးဟာ အာဟာရအပြည့်ဝဆုံးသစ်သီးအဖြစ် ဂရင်းနစ်စံချိန် တင်ခဲ့ပါတယ်။ ထောပတ်သီးဟာ အစားအစာ အဖြစ်သာမက ဘက်စုံအသုံးပြုနိုင်တဲ့အသီးဖြစ်တာမို့ သူ့ရဲ့ အထွေထွေ အသုံးဝင်ပုံများကို ဖော်ပြပေးလိုက်ပါတယ်။

(၁)မုတ်ဆိတ်ရိတ်ခရင်မ်

စတိုးဆိုင် တွငိရောင်းချသောမုတ်ဆိတ်ရိတ်ခရင်မ်တွေမှာ chemicals များစွာပါဝင်ပါတယ်။ ထောပတ်သီးကိုအသုံးပြုပြီး ကိုယ်တ်ုင်မုတ်ဆိတ်ရိတ်ခရင်မ်ပြုလုပ်နိုင်တယ်ဆို အံ့သြသွားမလား။ ထောပတ်သီးမှာပါသော ဗီတာမင် အေနဲအီးက သင့်အရေပြားကို အားဖြည့်ပေးတဲ့အပြင် အစိုဓာတ်ကိုထိမ်းပေးပါလိမ့်မယ်။

ပြုလုပ်နည်း- ထောပတ်သီး အမှည့်တစ်လုံးကို အခွံ ခွာပြီး ထက်ခြမ်းခွဲပြီး အစေ့ကိုဖယ်လိုက်ပါ။ ထို့နောက် ခပ်ပျစ်ပျစ်အနေအထားရသည်အထိ မွှေပေးပါ။ မုတ်ဆိတ် မရိတ်ခင် ထိုထောပတ်သီးခရင်မ်ကို လိမ်းပေးပါ။ ကျန်သောအနှစ်များကို ရေခဲသေတ္တာတွင် သိမ်းဆည်းနိုင်ပါတယ်။

(၂) နှုတ်ခမ်းလိမ်းဆေး

ထောပတ်သီးတွင်ပါဝင်သော oleic acidက သင့်နှုတ်ခမ်းကို စိုပြေစေတဲ့အပြင် ဖူးကြွလှပနေစေပါတယ်။ ပြုလုပ်နည်း – ထောပတ်သီးတစိခြမ်းရဲ့ အနှစ်ကို သံလွင်ဆီ၁ဇွန်း နဲ့ရောစပ်ပါ။ ရလာသောအနှစ်ကို နှုတ်ခန်းပေါ်တွင်လိမ်းပြီး ၂၅မိနစ်ထားပေးပါ။ ထို့နောက်ရေကြကိသီးနွေးဖြင့်ဆေးပါ။ တစ်ပတ်ကိုနှစ်ကြိမ်ပြုလုပ်သင့်ပါတယ်။

(၃)မျက်နှာချေးချွတ်ဆေး

မျကိနှာအသားအရေ ကြည်လင်နုပျိုစေဖို့အတွက် ဆဲလ်သေတွေကို ဖယ်ရှားဖို့ လိုပါတယ်။ထောပတ်သီးတွင်ပါဝင်သော niacinနဲ့vitamin Eကြောင့် သင့်မျက်နှာပေါ်က ဆဲလ်သေများကိုထိရောက်စွာဖယ်ရှားပေးပါလိမ့်မယ်။

ပြုလုပ်နည်း – ထောပတ်သီး တစ်လုံးရဲ့အနှစ် ၊ကွေကာအမှုန့် နှစ်ဇွန်း ၊ပျားရည်တစ်ဇွန်းကို ရောစပ်ပါ။ ထို့နောက် မျက်နှာပေါ်တွင် လိမ်းကာစက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။ဆယ်မိနစ်ခန့်ကြာတဲအခါ ရေနွေးနွေးဖြင့်ညပြန်လည်ဆေးကြောပါ။

(၄)အကြောပြတ်ရာပျောက်ဆေး

ပေါင်နဲ့ဝမ်းဗိုက်ပေါ်က ရုပ်ဆိုးသောအကြောပြတ်ရာများကို ထောပတ်သီး ဖြင့် ကုသနိုင်ပါတယ်။ ဗီတာမင်စီနဲ့အီးပါဝင်မှုကြောင့် အကြောပြတ်ရာများကို မှိန်ဖျော့စေပါတယ်။

ပြုလုပ်နည်း – ထောပတ်သီးအမှည့်တစ်လုံးမှအနှစ်ကိုယူပြီး သံလွင်ဆီနှစ်ဇွန်းဖြင့်ရောစပ်ပါ။ ထိုအရောအနှောကို အကြောပြတ်ရာပေါ်တွင်လိမ်းပြီး နှိပ်နယ်ပေးပါ။ ၃၅မိနစ်ခန့်ထားပြီး ရေနွေးဖြင့်ဆေးကြောပါယတစ်ပတ် သုံးကြိမ်ခန့်ပြုလုပ်သင့်တယ်နော်။

(၅)မျက်ကွင်းညိုခြင်းအတွက်

မျက်ကွင်းညိုခြင်းနဲ့မျက်လုံးအောက်က အိတ်များဖြစ်ပေါ်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါသေးတယ်

ပြုလုပ်နည်း- ထောပတ်သီးတစ်ခြမ်းရဲ့ အနှစ်ကို သခွားသီး၎ကွငိးနဲ့ ရောပြီး ကြိတ်စက်ဖြငိ့ကြိတ်ပါ။ ရသောအနှစ်ကို မျကိကွင်းပေါ်တံင်လိမ်းပြီး ၂၅မိနစ်ထားပေးပါ။မနက်မိုးလင်းတိုင်းပြုလူပ်နိုင်ပါတယ်။

(၆ )ဆံပင်ပေါင်းဆေး

ထောပတ်သီးက သင့်ဆံသားကိုတောက်ပစေတဲ့အပြင် ဆံလုံးကိုထူထဲစေပါတယ်။

ပြုလုပ်နည်း – ထောပတ်သီးအမှည်းတစ်လုံးမှ အနှစ်ကိုယူပြီး ဆားတစ်ဇွန်းနဲ့ သံလွင်ဆီနှစ်ဇွန်းရောပါ။ ထို့နောက်ဆံသားအရ်ကးကနေအဖျားထိသုတ်လိမ်းပြီး ဦးရေပြား ကိုနှိပ်နယ်ပေးပါ။၂၅မိနစ်ထားပြီးရေနွေးနွေးဖြင့် ပြန်လည်ဆေးပါ။ တစ်ပတ်ကို၃ကြိမ်ပြုလုပ်သင့်ပါတယ်။

(၇) ခြေထောက်scrub

ခြေဖနောင့်ကွဲအက်သူများအတွက်ပြုလုပ်သင့်တဲ့ ထောပတ်သီးပေါင်းတင်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်နည်း- သကြား၁ဇွန်း၊ဆား ၁ဇွန်း၊ထောပတ်သီးတစ်ခြမ်း အနှစ်ကို သံလွင်ဆီနှစ်စက်ရောပါ။ ထို့နောက်ခြေဖနောင့်ပေါ်တွင် လိမ်းပြီးနှိပ်နယ်ပေးပါ။ ၁၅မိနစ်ကြာမှရေပြန်ဆေးပါ။ တစ်ပတ်နှစ်ြုကိမ်ပြုလုပ်ပါ

(၈)မိတ်ကပ်ဖျက်ဆေး

ထောပတ်သီး အနှစ်ကို သံလွင်ဆီနဲ့ရောပြီးမိတ်ကပ်ဖျက်ဆေးအဖြစ် အသုံးပြုနိုင်ပါသေးတယ် ။ အသားခြောက်သူများအတွက်ပိုမို့ သင့်တော်ပါတယ်။

(၉)ထောပတ်သီးအစေ့ရေနွေးကြမ်း

ထောပတ်သီး၏ အစေ့မှာလဲ အသားကဲ့သို့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပါတယ်။ ကျန်းမာရေးအတွက်သောက်သုံးသင့်ပါတယ်။

အစေ့ကိုပထမဦးစွာ နူးအောင်လုပ်ဖို့အတွက် ရေတစ်ဖန်ခွက်ထဲတွင် ထည့်ကာ၁ညထားပါ။ နောက်တနေ့မနက်တွင် ထိုအစေ့ကို ထုချေပေးပါ။ ထိုအစေ့များကို ရေနွေးပူပူထဲတွင်ထညိ့စိမ်ကာသောက်သုံးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *