ရိုးရှင်းလှတဲ့အပြင်အဆင်လေးတွေ နဲ့ လှပကျော့ရှင်းလွန်းနေတဲ့ ခြူးလေးနဲ့ ပွဲတက်ပုံရိပ်လေးများ

ချစ်ပရိတ်သတ်ကြီးရေ ….. MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့ နှလုံးသားထဲကို ဝင်ရောက်သိမ်းပိုက်သွားခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင်ခြူးလေးပဲဖြစ်ပါတယ်နော်။

သူ့မရဲ့ အနုပညာကို တန်ဖိုးထားတဲ့စိတ်လေး နဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းမှာအောင်မြင်လာခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး နဲ့ သဘာဝအကျဆုံးဖြစ်အောင်ကြိုးစားသရုပ်ဆောင်နိုင်သူလေးလည်းဖြစ်သလို သူမရဲ့ အကယ်ဒမီရှော့ခ်အိုက်တင်လေးတွေကလည်း ချစ်ပရိတ်သတ်တွေကို အကြိုက်တွေ့စေခဲ့ပြန်ပါတယ်နော်။

ဒီလိုအောင်မြင်မှုမှတ်တိုင်လေးတွေကို စိုက်ထူထားနိုင်ခဲ့တဲ့သူမဟာ အခုအချိန်မှာ အနုပညာခြေလှမ်းလေးတွေကို ခပ်သွက်သွက်လှမ်းနေခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေခဲ့ပါတယ်နော်။

အခုတစ်ခါမှာလည်း သူမဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသဲကျော်မင်းသားချောလေးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်အလင်းရောင်နဲ့အတူတူ “ကြယ်ကြွေချိန်မှာ နင်နဲ့ငါ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်နော်။

သူမဟာ ဒီရုပ်ရှင်ဇာတ်ကားကြီးရဲ့ကန်တော့ပွဲပေးပွဲကို မြန်မာဆန်ဆန် ရိုးရိုးလေးနဲ့ လှပကျော့ရှင်းစွာပြင်ဆင်ပြီးတော့ တက်ရောက်ခဲ့ပါတယ်နော်။

ကဲ… သာမာန် ရိုးရိုးရှင်းရှင်းလေးပြင်ဆင်ပြီးတော့ ပွဲတက်လာခဲ့တဲ့ခြူးလေးရဲ့ ကျက်သရေရှိလှတဲ့ ပွဲတက်ပုံရိပ်လေးတွေကိုတော့ ချစ်ပရိတ်သတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

” အစာအိမ်နာတာ၊ အဆစ်အမြစ် ကိုက်ခဲတာ၊ အနာပေါက်တာ နဲ့  ပန်းနာရောဂါတွေအတွက် နေကြာစေ့ ”

ဈေးသက်သက်သာသာ နဲ့ အချိန်တိုင်း ဝယ်ယူလို့ရတဲ့ နေကြာစေ့ကို လူတိုင်းလိုလို နှစ်သက်ကြပြီး မကြာခဏစားလေ့ရှိကြတာမို့ သရေစာအဖြစ် သာမက ကျန်းမာရေးအတွက် ဘာတွေကောင်းကျိုးရှိလဲဆိုတာ သိချင်ကြမယ် ထင်ပါတယ်။

နေကြာစေ့တွေဟာ ခေါင်းအစ ခြေအဆုံး ကျန်းမာရေးကောင်းကျိုးပြုပြီး ထူးခြားချက်တစ်ခုကတော့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိတာပဲ ဖြစ်ပါတယ်။

နေကြာစေ့မှာ အရိုးကျန်းမာစေတဲ့ မဂ္ဂနီဆီယမ် နဲ့ ကော့ပါးသတ္တု ဓာတ်တွေပါဝင်တဲ့အပြင် ဗီတာမင်အီးကြွယ်ဝတာကြောင့် အဆစ်ရောင်တာကို သက်သာစေနိုင်ပါတယ်။

နေကြာစေ့စားရင် စိတ်တည်ငြိမ်စေပြီး စိတ်ဖိစီးမှုတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခဲခြင်းတွေကို ပျောက်ကင်းစေ တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလှအပအတွက်ဆိုရင်လည်း အသားအရေ ကောင်းမွန်စေပြီး

အရွယ်တင်နုပျိုစေတာကြောင့် အမျိုးသမီးအများစုအတွက်တော့ အဖော်မွန်ကောင်းလို့ ဆိုရမှာပါ။ အဆစ်အမြစ် ကိုက်ခဲတာ၊ အစာအိမ်နာတာ၊ အနာပေါက်တာနဲ့ ပန်းနာရောဂါတွေကိုလည်း သက်သာစေပါတယ်။

နေကြာစေ့ ပုံမှန်စားပေးမယ်ဆိုရင် နှလုံးရောဂါအတွက် ကာကွယ်ပြီးသားဖြစ်သလို ဒီအတိုင်းစားတာအပြင် အသုပ်တို့၊ ထမင်းတို့၊ ဒိန်ချဉ်တို့၊ အသားညှပ်ပေါင်မုန့်တို့ စတာတွေမှာလည်း ဖြူးပြီးတော့စားနိုင်ပါသေးတယ်။

တစ်ခုသတိထားရမှာတော့ သွေးပေါင်ကျတတ်တဲ့သူတွေ နေကြာစေ့စားလွန်းရင် ခေါင်းမူးဝေပြီး အော့အန်တာအထိ ဖြစ်တတ်ပါတယ်နော်….

Leave a Reply

Your email address will not be published. Required fields are marked *