မဟာဆန်ပြီး အနက်ဝမ်းဆက်လေးနဲ့ ဆွဲဆောင်မှုရှိနေတဲ့ မအေးသောင်းရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှ

မအေးသောင်းလို့ အများကသိကြတဲ့ မင်းသမီး အေးဝတ်ရည်သောင်းဟာဆိုရင် ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပပြီး အနုပညာအလုပ်တွေကို အောင်မြင်စွာ ဆက်လက်လုပ်ကိုင်နေတာပါနော်…။

မြန်မာဝတ်စုံလေးတွေနဲ့ မဟာဆန်စွာလှပနေပြီး အမြတ်တနိုးဝတ်ဆင်တာပဲဖြစ်ပါတယ်..။ မအေးသောင်းဟာဆိုရင် ဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး ခေတ္တအနားယူသွားပါသေးတယ်…။

နောက်ပိုင်းမှာဆိုရင်တော့ အနုပညာနယ်ပယ်ထဲသို့ ပြန်လည်ဝင်ရောက်လာပြီး social media လောကမှာ အမျိုးသားပရိသတ်ကို အခိုင်အမာရရှိထားတာဖြစ်ပါတယ်…။ သူမရဲ့ အပြုံးချိုလေးတွေကြောင့် အပျိုကြီးမအေးသောင်းဆိုပြီး အားလုံးက ချစ်ခင်အားပေးလျက်ရှိတာပါနော်…။

မအေးသောင်းဟာဆိုရင် ဘုရား၊တရား ကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောလုပ်ကိုင်သူလေးတစ်ယောက်ပါ…။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေကိုလည်း လက်ခံရိုက်ကူးလျက်ရှိပြီး သဘာဝကျကျ သရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရှုစားခဲ့ကြရမှာပါ…။

မအေးသောင်းဟာဆိုရင် အေးချမ်းစွာ ဘဝကြီးကို တစ်ယောက်ထဲဖြတ်သန်း နေတာပါ…။ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး ဓာတ်ပုံအလှလေးတွေကိုလည်း ရိုက်ကူးတင်ဆက်ပေးနေတာဖြစ်ပါတယ်..။ ကျန်းမာလိုက်စားသူဖြစ်တာမလို့ အရွယ်တင်နုပျိုနေတာပါ…။

မအေးသောင်းဟာဆိုရင် ပရိသတ်ကြီးနဲ့ရင်းနှီးမှုတွေရရှိအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။

အလွမ်းအဆွေး စာသားလေးတွေကိုလည်း ရေးသားဖော်ပြလေ့ရှိတဲ့ မအေးသောင်းဟာက စိတ်ခံစားချက် နူးညံ့သူလို့ ဆိုရမှာပါ…။ အနက်ရောင်မြန်မာအင်္ကျီင်္လေးနဲ့ စွဲမက်ဖွယ်အလှပုံရိပ်လေးတွေကို

“အလွမ်းရဲ့အလွန် အလွန်အလွမ်း” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

” ဆရာဝန်ဆီသွားစရာမလိုအောင် ကြက်သွန်ဖြူ နဲ့ ပျားရည်ကိုတွဲစားလိုက်ပါ ”

ကြက်သွန်ဖြူကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးပါဝင်တဲ့ သဘာဝအစားအစာဖြစ်တယ်ဆိုတာ ထူးပြီး ပြောပြစရာလိုမယ်မထင်ပါဘူး။

ကြက်သွန်ဖြူဟာ နှလုံးရောဂါတွေအတွက် ကောင်းမွန်သလို ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တဲ့အပြင် သွေးတိုးလည်း ကျစေပါတယ်။

ကြက်သွန်ဖြူ နဲ့ ပျားရည်ကိုရောပြီး ပုံမှန်စားသုံးပေးလို့ ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို အရယူလိုက်ကြရအောင်ပါ။

ပြုလုပ်နည်း- ကြက်သွန်ဖြူ ၂ စိတ် ၃ စိတ်လောက်ယူပြီး လှီးပေးပါ။ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း ထည့်ပေးပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ နေ့တိုင်းသောက်ပါ။

လည်ချောင်းနာတာ တုပ်ကွေးဖြစ်တာ နဲ့ တခြား အအေးမိတဲ့ လက္ခဏာတွေကို ကာကွယ်နိုင်ဖို့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ ကြက်သွန်ဖြူနဲ့ သဘာဝ ဆေးရည် ပြုလုပ်တဲ့ နောက်တစ်နည်းလည်းရှိပါသေးတယ်။

ဒီနည်းလမ်းကိုပြုလုပ်ဖို့သင့်အသားအရေက ထိလွယ်ရှလွယ်တဲ့ အသားအရေဖြစ်တယ်ဆိုရင်တော့ တစ်ခုခုနဲ့ အကာအကွယ်ယူပြီး လုပ်ဆောင်သင့်ပါတယ်။

ပါဝင်ပစ္စည်း- ကြက်သွန်နီကို အတုံးလိုက်လှီးပါ။ ကြက်သွန်ဖြူကို လှီးပါ။ ငရုပ်သီးတောင့် ၂ တောင့်ကို လှီးပါ။ဂျင်းကိုလှီးပြီး စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပါ။ သံပုရာသီးတစ်လုံးကို အရည်ညစ်ပါ။ ပန်းသီးရှာလကာရည်ထည့်ပါ။

ပြုလုပ်နည်း- ၃၅၀ မီလီမီတာလောက်ရှိတဲ့ ပုလင်းထဲကို ကြက်သွန်နီအရင်ထည့်ပါ။ အဲဒီနောက် ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီးထည့်ပါ။ ဂျင်းထည့်ပါ။ သံပရာရည်ထည့်ပါ။ ရှလကာ ရည်ထည့်ပါ။

ပုလင်းကို ခပ်ကြပ်ကြပ်လေးပိတ်ထားပေးပါ။ ဒါပေမဲ့ အဖုံးနဲ့ အထဲကအစာပလာတွေရဲ့ကြား ၁ စင်တီမီတာလောက် နေရာအလွတ်ထားပါ။ ဝေဒနာတွေ သက်သာသွားဖို့အတွက် ပုံမှန်သောက်သုံးပေးပါ။

မှတ်ချက်။ ။ အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတွက် သောက်သုံးရမဲ့ ပမာဏက စားပွဲတင်ဇွန်း ၁ ဇွန်းဖြစ်ပြီး မနက်ခင်း အစာမစားခင်သောက်ပေးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *