ချစ်ဇနီးလေးကို မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချစ်စကားလေးတွေ နဲ့ အကြင်နာတွေပိုအောင်လုပ်လိုက်တဲ့ ဇဏ်ခီ

ဥပါယ်တံမျဉ်ဇာတ်ကားကြီးကနေပရိသတ်တွေရဲ့လက်ခံမှုကိုရရှိလာပြီး အောင်မြင်လာတာတော့ ဇာဏ်ခီတို့ဇနီးမောင်နှံပဲဖြစ်ပါတယ်။ သူတို့ကတော့ဇာတ်ကားကြီးတွေကိုလည်းတောက်လျောက်ရိုက်ကူးနေပြီး

သူတို့ရဲ့ဇာတ်ကားကြီးတွေကလည်း ပရိသတ်အခိုင်အမာရထားတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့အနုပညာလောကမှာ အောင်မြင်ရုံသာမကသူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကလည်း ပရိသတ်တွေ အားကျချစ်ခင်နေရတာပါ။

ဒီနေ့လေးကတော့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း (၁၉)နှစ်ပြည့်အမှတ်တရ နေ့ရက်လေးပဲ ဖြစ်ပါတယ်။ ဇာဏ်ခီကတော့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ချစ်ဇနီးလေးကို အမှတ်တရစကာလေးတွေ ရေးသားထားတာလည်း တွေ့ရပါတယ်။

” Happy Annie My Love…”ဘာလို့ချစ်တာလဲ” လို့မေးတိုင်း “မသိဘူးလေ”လို့ဖြေမိတိုင်း စိတ်ကောက်ကောက်သွားတတ်တယ်။ တကယ်လဲဘာလို့လဲလို့ကိုယ့်ကိုယ်ကိုတွေးတိုင်း အဖြေမထွက်ဘူး။

သီချင်းရေးသူတစ်ယောက်အနေ နဲ့ ကြားကောင်းအောင် ကြွေကျအောင် လျှောက်ပြောလို့တော့ရတာပေါ့နော်။ တစ်ခုသေချာမှတ်မိတာကတော့ သူငယ်ချင်းတွေစဖြစ်တုန်းက သူ့ကိုတွေ့ပြီဆိုရင်ပျော်တယ်။

သူက ကိုယ့်ကိုပြုံးပြရယ်ပြတယ်ဆိုရင် ရင်ထဲမှာနွေးထွေးစေတယ် လုံခြှံမှုတစ်ခုခံစားရတယ်။ ဒဏ္ဍာရီ သီချင်းထဲကစာသားလို “အတိတ်ဘဝက ဆုံခဲ့ဖူးသလား” ဆိုတဲ့ ခံစားချက်မျိုးဖြစ်တယ်။

နေ့တိုင်းတွေ့ချင်နေမိတယ်။ သူ့စကားပြောသံတွေ အမြဲကြားချင်နေမိတယ်။ ဒါက အစပေါ့နော်။ရည်းစားတွေဖြစ်ပြီးတော့ စကားများ ရန်တွေဖြစ်တော့လဲ ထူးဆန်းတယ်။

တစ်ခါတစ်လေပြောတာတွေကလွန်ကုန်ပြီး ပြတ်မယ်ဆိုလဲ ပြတ်လို့ရလောက်တဲ့အနေအထားတွေရောက်ကုန်တယ်။ ဒါပေမယ့် ပေကပ်ပြီးဆက်တွဲတယ်။ တေးထားခဲ့ဖူးတာတွေ အခုပြန်မှတ်မိဖို့ကြိုးစားလဲ မမှတ်မိတော့ဘူး။

အဲ့ဒါ အချစ်လား.. ” ဆိုပြီး ရေးသားထားတာပါ။ ခီမောင်နှံလည်း မင်္ဂလာသက်တမ်း (၁၉) နှစ်ပြည့်မှစပြီး နောင်နှစ်ပေါင်းများစွာ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို အမြဲတည်ဆောက်ထားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

” ဘေးထွက်ဆိုးကျိုးမရှိတဲ့ ခန္ဓာကိုယ်​မှ အဖုအကျိတ် ပျောက်တဲ့ ဆေးနည်း​ ”

လက်တွေ့ကြုံမှ ဆေးမြီးတိုကို ယုံမိသည်။ အဖုအကျိတ်ဖြစ်၍ သိပ္ပံဆေးဝါးဖြင့် ကုသရန်ခက်ခဲနေသူများအား ထိလည်းထိရောက် ငွေကုန်ကြေးကျနည်းပါးလှသည့် မြန်မာတိုင်းရင်းဆေးမြီး တို နည်းလေးအား ဝေငှပေးခဲ့ ပါသည်။

ဘေးထွက်ဆိုးကျိုးများလည်းမရှိပါသောကြောင့် စိတ်ချယုံကြည်စွာ သုံးနိုင်ပါသည်။ အဖုအကျိတ်အတွက် မန်ကျည်း၊ ထုံး၊ပျားရည်​ကို သုံးကြမှထုတ်နုတ်ဖေါ်ပြပါသည်။

ဆေးနည်း ။ ။(၁) ထုံး(ကွမ်းစားထုံး) ။ (၂) မန်ကျည်းမှည့်(အစေ့မပါ) ။ (၃) ပျားရည်စစ် ထိုသုံးမျိုးကို အဖုအကျိတ်အရွယ်ပမာဏပေါ်မူတည်ပြီး ဆတူရော၍လက်ဖ၀ါးပေါ်တွင် နာနာပွတ်ပြီးနယ်ပေးပါ။

လက်ဖ၀ါးပေါ်တင်ကာနယ်ထားသော ထုံး ၊ မန်ကျည်းမှည့် ၊ ပျားရည်တို့မျှတစွာရောစပ်သွားသောဆေးကို အဖု အကြိတ် ပေါ်တင်ရန်ဖြစ်ပါသည်။

အဖုအကျိတ်ပေါ်ဆေးတင်သောအခါ ပူသောအရသာနှင့် အတွင်းသို့ဆွဲစုပ်သကဲ့သို့ခံစားရပါမည်။ ပြန်ပြီးမခွာရပါ။ တစ်နေ့လျှင် ထိုဆေးကို(၃)ကြိမ်မျှတင်ပေးနိုင်ပါသည်။

အဖုအကျိတ်ဖြစ်ကာစဆိုပါလျှင် ဆေးတင်လိုက်ပါက (၃/၄)ရက်အတွင်း သက်သာပျောက်ကင်းပါသည်။

အဖုအကျိတ်ရင့်ပြီး ကိုက်ခဲနေလျှင်လည်း ဆေးတင်ပေးပါက ပြည်ပေါက်ပြီးအနာကို အမြန်ကျက်စေပါသည်။ လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ…

Leave a Reply

Your email address will not be published. Required fields are marked *