ဇာတ်မင်းသားလေးအဖြစ် ထိပ်တန်းမင်းသမီးတွေနဲ့အတူ မြင်တွေ့ရမယ့် မြင့်မြတ်

ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားပြီး သဘာဝမင်းသားအဖြစ် ပရိသတ်တွေကြား အမြဲရေပန်းစားတဲ့ ပြည်သူ့အသည်းကျော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားအဖြစ် ရပ်တည်နေပေမယ့် ဂုဏ်ပကာသနတွေ မဖက်ပဲ နေထိုင်တတ်ပြီး အနေအေးတဲ့ သူ့ရဲ့ပုံရိပ်လေးတွေနဲ့ ရိုးသားပြီး ဟန်ဆောင်မှုကင်းမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအားပေးချစ်ခင်နေကြတာဆိုလည်း မမှားပါဘူး..။

ဂျင်းကောင်ဇာတ်ရုပ်နဲ့ ပရိသတ်တွေကြား ခေတ်စားခဲ့တာမို့ ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အသည်းကျော် မြင့်မြတ်ကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပြီး ပရိသတ်တွေနဲ့ အမြဲအဆက်မပြတ်ရှိနေသူလည်း ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း ပရိသတ်တွေ မမြင်ဖူးသေးတဲ့ ဇာတ်မင်းသားပုံစံလေးနဲ့ ပရိသတ်အချစ်တော် မင်းသမီးချောသုံးယောက်နဲ့အတူ ဇာတ်ကရင်း ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပြန်ပါတယ်နော်..။

ထိပ်တန်းမင်းသမီးချောလေးတွေဖြစ်ကြတဲ့ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းနဲ့ စမိုင်းလ်တို့နဲ့အတူ ဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး ဇာတ်အဖွဲ့သားတွေအဖြစ် ရိုက်ကူးရတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေလည်း သဘောကျနေကြမှာပါနော်..။

ချစ်စရာကောင်းပြီး ပရိသတ်တွေသဘောကျနေကြတဲ့ ဇာတ်မင်းသား ဇာတ်မင်းသမီးပုံရိပ်လေးတွေနဲ့ မြင်တွေ့ရတဲ့ မြင့်မြတ်၊ ခိုင်သင်းကြည်၊ အေးဝတ်ရည်သောင်းနဲ့ စမိုင်းလ်တို့ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

” လူသိနည်းသေးတဲ့ ပိန္ဒဲသီးရဲ့ ကျန်းမာရေးအတွက် အကျိုးဝင်ပုံ (၅) ချက် ”

ပိန္ဒဲသီး ရဲ့ ကျန်းမာရေးအတွက် အကျိုးဝင်ပုံတွေကို လူသိနည်းကြပါတယ်။ ဒီအသီးက လူခန္ဓာကိုယ့်အတွက် ဒီလောက်ထိ အကျိုးဝင်နေပါတယ်။

ပိန္ဒဲသီးက ဗီတာမင် ဘီ ၊ ပိုတက်ဆီယမ် ၊ ပရိုတင်း ပါဝင်မှု အများဆုံး အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီအသီးကိုစားပြီးရင် ကျန်းမာရေးအတွက် ရလဒ်ကောင်းထွက်လာတာဖြစ်ပါတယ်။

(၁) နှလုံးကျန်းမာရေး ကောင်းစေတယ်

လေ့လာချက်တွေအရ ပိန္ဒဲသီးမှာပါတဲ့ ဗီတာမင် စီ ဓာတ်က ရောင့်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ပိန္ဒဲသီးမှာပါတဲ့ ပိုတက်ဆီယမ် ကလည်း

သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး ရုတ်တရုတ် နှလုံးအမောဖောက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် ဘီက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၂) ၀ိတ်ကျဖို့ အထောက်အကူပေးတယ်

ပိန္ဒဲသီး ရဲ့ ရောင့်ရမ်းမှုကို တိုက်ဖျက်ပေးနိုင်စွမ်းက အ၀လွန်တာကို တားမြစ်ပေးဖို့အတွက် အရေးကြီးဆုံးအပိုင်းမှာပါဝင်နေပါတယ်။ ပိန္ဒဲသီးက

သင့်ခါးဆိုဒ်ကို လျော့နည်းသွားစေနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဒီအသီးမှာ အစာချေဖျက်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပြီး ၀ိတ်ကျချင်ရင် ပိန္ဒဲသီးကိုစားပေးသင့်ပါတယ်။

(၃) ကိုယ့်ခံအားကောင်းတယ်

ဗီတာမင်စီ ပါတဲ့ အသီးအနှံတွေက ကိုယ်ခံအားကောင်းစေပါတယ်။ အထူးသဖြင့် ပိန္ဒဲသီးလို အသီးမျိုးက ကိုယ့်ခံအားကောင်းစေနိုင်ပြီး ဖျားနာတာတွေကိုလည်း မရှိသလောက် ရှားအောင် လျော့ကျသွားစေပါတယ်။

ပိန္ဒဲသီးမှာပါတဲ့ ပရိုတင်းဓာတ်က ကူးစက်ရောဂါတွေ အလွယ်တကူနဲ့ မ၀င်ရောက်နိုင်အောင် တားမြစ်ပေးနိုင်ပါတယ်။ ဒီအသီးမှာ ဗီတာမင် အေ ရော စီ ဓာတ်ပါ ပါဝင်ပါတယ်။

(၄) အမြင်အာရုံ ကောင်းစေတယ်

ပိန္ဒဲသီးမှာ မျက်လုံးအတွက် အားကောင်းစေမယ့် ဗီတာမင် အေ ၊ စီ ဓာတ်တို့ပါဝင်ပါတယ်။ ဗီတာမင်စီက မျက်လုံး အတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် ယိုယွင်းလာတဲ့ အမြင်အာရုံပါဝါတွေကို လျော့ကျစေနိုင်ပါတယ်။ မျက်စိအတွက်ဆိုရင် ဗီတာမင်စီပါတဲ့ ပိန္ဒဲသီးကို စားပေးသင့်ပါတယ်။

(၅) အရိုးကျန်းမာရေးကို မြှင့်တင်ပေးတယ်

ပိန္ဒဲသီးမှာ အရိုးတည်ဆောက်ရာမှာ လိုအပ်တဲ့ magnesium ဓာတ်တို့ပါဝင်ပါတယ်။ နောက်ပြီး အရိုးပွရောဂါအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ့် ကယ်ဆီယမ်လည်း ပါဝင်ပါတယ်။ တကယ်ကို အကျိုးဝင် ၊ အာနိသင်ရှိတဲ့ အသီးဖြစ်လို့ စားပေးသင့်တဲ့ အသီးတစ်မျိုးထဲမှာ ပါဝင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *