သူရိယ ထုတ်ပြလိုက်တဲ့ စိန်ဘယက်ကြော်ငြာရိုက်ကူးခဲ့စဉ်က သူတို့မောင်နှမလေးယောက်ရဲ့ ငယ်ဘဝပုံလေးများ

သရုပ်ဆောင် မင်းသားချောလေး သူရိယကတော့ စိန်ဘယက်ဆေးတိုက်ပိုင်ရှင်ရဲ့သားတစ်ဦးဖြစ်ပြီး စိန်ဘယက်ကြော်ငြာလေးနဲ့ ပရိသတ်တွေကြားမှာ လူသိများအောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။

ဗီဒီယို နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာရိုက်ကူးပြီး အနုပညာလောကမှာ ရပ်တည်လာခဲ့တဲ့ သူရိယက လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ ရုပ်ရည်ချောမောပြေပြစ်လွန်းတဲ့ သူရိယက မိန်းကလေးတွေရဲ့အသည်းကျော်တစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သူရိယက မင်းသားနေတိုး၊ မင်းသား တိုင်ရွန်၊ မင်းသမီးနေခြည်ဦးတို့နဲ့အတူ “အခမ်းနားဆုံး မေတ္တာ” ဆိုတဲ့ ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။

အခုလည်း ပျော်ပျော်နေတတ်တဲ့ သူရိယက တစ်ချိန်က စိန်ဘယက်ကြော်ငြာရိုက်ကူးခဲ့စဉ်က သူတို့မောင်နှမလေးယောက်ရဲ့ ပုံလေးတွေကို ထုတ်ပြထားတာ တွေ့ရပါတယ်။

ဒီပုံလေးကတော့ သူရိယတို့မောင်နှမလေးယောက်က မင်းသမီး သက်မွန်မြင့်နဲ့အတူ ရိုက်ကူးခဲ့တဲ့ စိန်ဘယက်ကြော်ငြာပိုစတာလေးပဲ ဖြစ်ပါတယ်။ ” မှတ်မိတယ်နော် စိန်ဘယက်တဲ့ ” ဆိုပြီး ပရိသတ်တွေကြားမှာ

ရေပန်းစားခဲ့တဲ့ စိန်ဘယက်ကြော်ငြာလေးမှာ ပါဝင်ခဲ့တဲ့ သူရိယတို့မောင်နှမရဲ့ပုံလေးတွေလည်း ဖြစ်ပါတယ်။ ကလေးရုပ်လေးတွေ မပျောက်ဘဲ ကြီးပြင်းလာကြတဲ့

သူရိယတို့မောင်နှမလေးယောက်လုံးက အချောလေးတွေဖြစ်နေတာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ…ချစ်ပရိသတ်တွေအတွက် သူရိယတို့မောင်နှမတစ်စုရဲ့ငယ်ဘဝပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

” ပန်းနာရောဂါသည်များအတွက် လက်တွေ့ဆေးနည်းကျော် ”

ပန်းနာ၊ အသက်ရှူမဝ၊ အသံဝင်၊ အသံပျက်၊ ချောင်းဆိုး ရင်ကြပ်၊ ပန်းနာရောဂါဟူသမျ ဆေးတစ်ဖုံ ကုန်သည်နှင့် ယူပစ်သလိုပျောက်ကင်း သက်သာသွားစေမည့် ဆေးနည်းလေးဖြစ်ပါတယ်။

ယခုနှစ်တွင် ပန်းနာချောင်းဆိုး ရာသီအကူး ချောင်းဆိုးခြင်းတွေ မပျောက်နိုင်ဘဲ နာတာရှည်ဖြစ်နေကြသည်ကို မကြာခဏ ကုသပေးနေရပါသည်။

(ဘေသဇ္ဇစွယ်စုံအဘိဓာန် ) ကျမ်းတွင်ပါဝင်သော ဆေးနည်းလေးတစ်ခုဖြင့် ကုသပေးရာ လူတိုင်းသက်သာ ပျောက်ကင်းကြသည်ကို ဝမ်းမြောက်ဝမ်းသာတွေ့ရပါသဖြင့် အများအကျိုးငှာ ဖေါ်ပြပေးလိုက်ပါသည်။ေ ဆးနည်းမှာ လွယ်ကူသလောက် ထိရောက်လှသည့်အတွက် အထင်မသေးစေလိုပါ။

ဤဆေးဖြင့် ရင်ကျပ်နေသော နာတာရှည်ဝေဒနာသည်များ အသက်ရှူလိုက်တိုင်း တရွှီရွှီမြည်နေသော ဝေဒနာသည်များ အသက်ရှူကြပ်သူ အသက်ရှူမဝအောင် မောကြပ်နေသူများ ပန်းနာဝေဒနာသည် အမြောက်အများကို ရာနှုန်းပြည့်ဆိုသလို ကုသအောင်မြင်ခဲ့ပါသည်။

ဆေးနည်း

ပန်းနာရောဂါ စွဲကပ်လာ၊ ပျောက်ပေလူတကာ၊ ဆေးမဟာကား၊ ပွင့်ညိုလေးညှင်း ကရဝေးသွင်း ပျားရည်နှင့်မွှေ ဆီးခန့်တေ စားလေနေ့ည နတ်ဆေးတည်း။အဓိပ္ပါယ်မှာ

၁။ လေးညှင်းပွင့် ၅ ကျပ်သား ၊ ၂။ ကရဝေးရွက် ၅ကျပ်သား ၊ ၃။ ပျားရည် ( တေ၍ရအောင် သင့်တော်သလို ထည့်ပါ)

ဆေးဖေါ်စပ်နည်း –

လေးညှင်း နှင့် ကရဝေးရွက်ကို အမှုန့်ပြုပါ။ ပျားရည်နှင့် သင့်လျော်အောင် နာနာတေပါ။ ဆေးကို ဆီးသီးအကင်းခန့် လုံး၍ထားပါ။ အလုံးမပြုလိုပါက ဆီးကင်းခန့် ချိန်ဆ၍ သောက်ပါ။

ဆေးသောက်ရန် –

တစ်ခါသောက် ဆီးကင်းခန့် (သို့) လ္ဘက်စားဇွန်းငယ် တစ်ဇွန်း။ နံနက်တစ်ကြိမ် ညအိပ်ယာဝင်တစ်ကြိမ် သောက်ပါ။

ပျောက်ကင်းသောရောဂါ –

ချောင်းဆိုး၊ ရင်ကြပ် ပန်းနာ၊ အသက်ရှူမဝ၊ ရှူနာရှုက်ကုန်း၊ အသံဝင်၊ အသံပျက် ဝေဒနာများနှင့် ပန်းနာရောဂါဟူသမျ ဆေးတစ်ဖုံ ကုန်သည်နှင့် ယူပစ်သလို ပျောက်ကင်းချမ်းသာပါလိမ့်မည်။

မှတ်ချက် – ကိုယ်တိုင်ဖေါ်စပ်အသုံးပြုပါရန်။

ယုံကြည်စိတ်ချစွာ သောက်သုံးပါ။ နီးစပ်ရာ ဝေဒနာရှင်များကိုလည်း မျှဝေပေးပါ။ (လက်တွေ့ကုသပေးနေသော ဆေးဖြစ်ပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *