လှပကျော့ရှင်းတဲ့မြန်မာဝတ်စုံလေးနဲ့ မြင်သူငေးရလောက်တဲ့ ပရိတ်သတ်တွေရဲ့နှလုံးသားကို ယဉ်ယဉ်လေးသိမ်းပိုက်သွားတဲ့ ပိုးကြာဖြူခင်

ချစ်ပရိတ်သတ်ကြီးရေ…. MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင် ကို ပရိတ်သတ်တို့သိကြမှာပါနော်။

ပီပြင်လှတဲ့အိုက်တင်တွေနဲ့ ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကို သိမ်းယူသွားနိုင်သူလေးဖြစ်တဲ့အတွက် လက်ခုပ်သံတွေကို ထိုက်ထိုက်တန်တန် ရရှိပိုင်ဆိုင်ထားခဲ့ပါတယ်နော်။

သူမဟာ လူလေးကလည်း ချစ်ဖို့ကောင်းသလောက် စိတ်ထားလည်းဖြူစင်တဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ မိဘတွေကို သူမတတ်စွမ်းသမျှလုပ်ကျွေးပြုစုပြီး ကျေးဇူးဆပ်နေတဲ့ သမီးအလိမ္မာလေးလည်းဖြစ်သလို

အနုပညာနဲ့ ပတ်သတ်လာရင်လည်း အပတ်တကုတ်ကြိုးစားတတ်သူလေးလည်းဖြစ်ပါတယ်နော်။ သူမဟာ မြန်မာမိန်းမပျိုလေးပီပီ မြန်မာဆန်ဆန်လေးတွေကိုလည်းဝတ်ရတာကြိုက်နှစ်သက်သူလေးပါနော်။

ဒီလိုခေတ်ရေစီးကြောင်းထဲမှာ မြန်မာမှုတွေ မြန် မာဆန်ဆန်ဝတ်စားဆင်ယင်တာတွေက နည်းလာပေမယ့် သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို မြတ်နိုးနေဆဲပါနော်။

ဒါကြောင့်အခုတစ်ခါမှာလည်း မြင်သူငေးရလောက်တဲ့ လှပကျော့ရှင်းတဲ့ မြန်မာဝတ်စုံလေး နဲ့ အားလုံး ရဲ့ နှလုံးသားကို ဖမ်းစားယူငင်သွားခဲ့ပြန်ပါတယ်နော်။

ကဲ… ယဉ်ယဉ်လေး နဲ့ အရမ်းကိုလှနေတဲ့ ပိုးကြာဖြူခင် ရဲ့ အကြွေတစ်လိုင်း ပုံရိပ်လေးတွေကို သူမရဲ့ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

” သင်တို့ မသိသေးတဲ့ ဆီးချိုကို ထိန်းပေးနိုင်တဲ့ ကြက်ဥပြုတ် နဲ့ ရှာလကာရည် အကြောင်း ”

လူသားတွေရဲ့ ကျန်းမာရေး နဲ့ အစားအသောက်က ဆက်စပ်နေတာပါ။ ဘာလို့လဲဆိုတော့ လူသားတို့ရဲ့ နေထိုင်မှုဘ၀ စားသောက်မှုပုံစံတွေဟာ ကျန်းမာရေးကောင်းခြင်းမကောင်းခြင်းရဲ့ အဓိကအကြောင်းအရင်းပါပဲ။

သွေးတွင်းသကြားဓါတ်ပါဝင်မှုကိုထိန်းချုပ်နိုင်ဖို့ တစ်နေ့ ကြက်ဥတစ်လုံးစားမယ်။ ဒီနေ့ မြန်မာမှာရော ကမ္ဘာမှာပါ အဖြစ်များဆုံးရောဂါတစ်မျိုးကတော့ ဆီးချိုရောဂါပါပဲ။ ဆီးချိုရောဂါ ၃ မျိုး ၃ စားရှိပေမဲ့ အဓိကအားဖြင့်တော့ ၂ မျိုး အဖြစ်များပါတယ်။

၁။ Type 1 Diabetes ကိုယ်ခန္ဓာကနေ အချိုဓါတ်ကို ထိန်းညှိပေးတဲ့ သရက်ရွက်ကနေ ထုတ်ပေးရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တာ။ ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ်။

၂။ Type 2 Diabetes (အင်စူလင်) ဟော်မုန်းကို ခံနိုင်ရည်ဖြစ်နေတာ။ လူတွေ အများဆုံးဖြစ်တယ်။

၃။ Gestational Diabetes ကိုယ်ဝန်ဆောင်နေချိန်မှာဖြစ်ပါတယ်။

နံပါတ် ၃ အမျိုးစားကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်များပြီး ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ပျောက်သွားကြပါတယ်။ နံပါတ် ၁ နဲ့ နံပါတ် ၂ ကတော့ အဖြစ်များဆုံးပါ။ ဆီးချိုပမာဏထိန်းပြီး သက်တမ်းစေ့တော့ နေသွားနိုင်ပါတယ်။

ဆီးချိုဖြစ်တာဟာ သွေးတွင်း ဂလူးဂို့စ်ပါဝင်မှုကို ထိန်းညှိပေးနိုင်တဲ့ အင်ဆူလင်ပမာဏ အလုံအလာက်မထုတ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ အင်ဆူလင်ဟာ သွေးတွင်းသကြားဓါတ်ကို ပုံမှန်အတိုင်းဖြစ်စေဖို့ လုပ်ဆောင်ပေးပါတယ်။

ကြက်ဥစားတာဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းချုပ်ပေးပါတယ်တဲ့။ ကြက်ဥပြုတ်တစ်လုံးကို ပြုတ်ပါ။ ပြီးရင်အခွံခွာပါ။ ပြီးရင် ဇွန်းနဲ့ အပိုင်းပိုင်းပိုင်းပြီး ရှလကာရည်ထည့်ပါ။ ပြီးရင် တစ်ညထားပါ။

မနက်မိုးလင်းရင် ရေနွေးတစ်ခွက်နဲ့ အဲဒီကြက်ဥကို ရောစားပါ။ ဒီလိုနေ့တိုင်းလုပ်ပေးတာ သွေးတွင်းသကြားဓါတ်ပါဝင်မှုနည်းသွားပြီး ဆီးချိုသမားတွေအတွက် သက်တမ်းစေ့နေထိုင်နိုင်ဖို့ အကူအညီပေးမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *