အလှူငွေ (၁)သိန်းကျပ် ပေါင်မုန့်ရောင်းတဲ့အဘွားကို လှူဒါန်းပေးခဲ့တဲ့ ချမ်းမြေ့မောင်ချို

Myanmar Idol season 3 ရဲ့ ဒုတိယဆုရှင် ချမ်းမြေ့မောင်ချိုဟာဆိုရင် သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ သူမရဲ့ သာယာချိုမြတဲ့ အသံလေးကြောင့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပါ။

နယ်ပွဲတွေမှာ အဆက်မပြတ် သီချင်းသွားဆိုနေတဲ့ မောင်ချိုက သူမရဲ့အနုပညာကို ပရိသတ်တွေထံ ချပြရင်းပျော်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချမ်းမြေ့မောင်ချိုက ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁) သိန်း လှူဒါန်းပေးတဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စေတနာတရားထက်သန်စွာနဲ့ ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁)သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

ပေါင်မုန့်ရောင်းတဲ့အဘွားကို အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုရဲ့အကြောင်းကို မောင်ချိုရဲ့ အစ်ကိုဖြစ်သူက ” ကိုယ်ရောက် တော့ ပါမုန့်ကုန်သွားပြီ သားဆိုလို့ ငွေ ၅၀၀၀၀ ပဲကန်တော့လိုက်ရတယ်။

ကျနော့် အတူ အလှူရှင်ကတော့ ကျနော့်ညီမလေး ChanMyae MgCho က (၁၀၀၀၀၀)ကျပ်နဲ့ အမေရိက က ကိုကြီး (Okkar Jaden Min Thu က(50000)ကျပ် ပဲဖြစ်ပါတယ်ခင်ဗျာ သာဓုသာဓုသာဓု ပါ ကိုကြီး နဲ့ ညီမလေး ” ဆိုပြီး ဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အဘွားကိုကြည့်ရင်း သဒ္ဓါအားထက်သန်စွာ အလှူငွေလှူဒါန်းပေးခဲ့တဲ့ မောင်ချိုကလည်း ” ပြုသမျှကုသိုလ်အမျှပေးပါတယ် အမျှ အမျှ အမျှ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ပြန်လည်ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မောင်ချိုရဲ့ အရမ်းဖြူစင်လွန်းတဲ့ စိတ်သဘောထားအမှန်ကို သိရှိလိုက်ရတဲ့အတွက် ပရိသတ်တွေလည်း ဝမ်းသာကျေနပ်မိမယ်လို့ ထင်ပါတယ်။ သွေးမတော်သားမစပ်တဲ့ အဘွားကို ဂရုဏာစိတ်နဲ့

အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပေးခဲ့တဲ့ မောင်ချိုလေးကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

” အသားအရေ နဲ့  နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့ မရမ်းသီးရဲ့အစွမ်း ”

မရမ်းသီးအစိမ်း အလုံး (၂၀) လောက်ကို ပထမဦးစွာ ရေစင်အောင် ဆေးကြောပါ။ မရမ်းသီးအချိုစိမ်တဲ့အခါ ဖန်ပုလင်းက အကောင်းဆုံးဖြစ်ပါတယ်။

ဒါ့ကြောင့် ဖန်ပုလင်းကို ရေနွေးနွေးနဲ့ဆေးကြောပြီး နေပူလှန်းပေးပါ။ မရမ်းသီး အလုံး(၂၀)စိမ်ဖို့အတွက် သကြား လက်ဖက်စားဇွန်း(၇) ဇွန်းနဲ့ ဆားအနည်းငယ် လိုအပ်ပါတယ်။ ဇလုံထဲမှာ ရေနွေးပူပူလေး ထည့်ပါ။

ရေနွေးထဲမှာ သကြားနဲ့ဆားကို ထည့်ပြီး ပျော်အောင် မွှေပါ။ ထို့နောက် ဖန်ပုလင်းထဲသို့ သကြား၊ဆားပျော်ရည်ကို ထည့်ပြီး မရမ်းသီးကို ထည့်ပါ။ ကြာကြာခံဖို့နဲ့ မရမ်းသီးကြွပ်ကြွပ်လေး ဖြစ်ဖို့အတွက် ပုလင်းအဖုံးလုံအောင် ဖုံးဖို့လိုအပ်ပါတယ်။

စိမ်ပြီး (၄) ရက်ကြာတဲ့အခါ မရမ်းသီးအချိုစိမ်အဖြစ် စားသုံးလို့ ရပါပြီ။ မရမ်းသီးကို အချိုစိမ်၊ ဆားရည်စိမ်၊ မရမ်းသီးငပိချက် အစရှိသလို အများကြီး ပြုလုပ်စားသုံးလို့ ရပါတယ်။

မရမ်းသီးဟာ ခံတွင်းတွေ့စေတဲ့ အသီးဖြစ်ရုံသာမက ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ မရမ်းသီးဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

မရမ်းသီးမှာ ရေဓါတ်များများ ပါဝင်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓါတ်တွေကို အစားအစာကနေ စုပ်ယူပေးနိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်တာကြောင့်

အသားအရေ ကြည်လင်မှုကို ရရှိစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *