သားကြီး ကို ဆရာဝန် ဖြစ်အောင် ဇာတ်ပို့ ဇာတ်ရံ ပိုက်ဆံလေးနဲ့ ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရတယ်ဆိုတဲ့ သရုပ်ဆောင် သန်းသန်းဆင့်

ပရိသတ်ကြီးရေ ဇာတ်ပို့ ဇာတ်ရံတွေရဲ့ ဘဝကတော့ ခက်ခက်ကြမ်းတန်းလွန်းတာ သိပြီးသားဖြစ်မှာပါ။ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ ဝါသနာအရရော ဝမ်းစာ အရပါ အနုပညာလုပ်ငန်းကို လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။

ထိုအထဲမှာတော့ ဒေါ်သန်းသန်းဆင့် တစ်ယောက်လဲ အပါအဝင်ဖြစ်ပါတယ်။ ဒေါ်သန်းသန်းဆင့်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်လဲဖြစ်ပါတယ်။

ဒေါ်သန်းသန်းဆင့် ကတော့ သားနှစ်ယောက်ရှိပြီး သားကြီးကို ဇာတ်ပို့ ဇာတ်ရံ ဝင်ငွေလေး နဲ့ ဆရာဝန်ကြီးဖြစ်အောင် ကျောင်းထားပေးနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေပါတယ်။

ဒေါ်သန်းသန်းဆင့်က “”ဇာတ်ပို့၊ ဇာတ်ရန် ပိုက်ဆံလေးနဲ့ သားကြီး ကို ဆရာဝန် ဖြစ်အောင် ခက်ခက်ခဲခဲ ထောက်ပံ့ပေးခဲ့တယ်။ အဲ့ပီတိက ဘာနဲ့မှ နှိုင်းလို့ မရပါဘူး” လို့ မိသားစု လျှို့ဝှက်ချက် ကို ပရိသတ်ဆီ ပြောလာခဲ့ပါတယ်။

ဒေါ်သန်းသန်းဆင့်ကတော့ သားကြီးကို ဆေးကျောင်းထားချိန်မှာကြုံတွေ့ရတဲ့ အခက်အခဲတွေကိုပြောပြခဲ့ပါသေးတယ်။ ပရိသတ်ကြီးကလဲ ဇာတ်ပို့  ဇာတ်ရံ သရုပ်ဆောင် သန်းသန်းဆင့် ရဲ့ မိခင်စိတ်ဓာတ်လေးကို သဘောကျရင် Share ပေးကြပါဦးနော်။

” သတိထားရမည့် ဒူးရင်းသီးနဲ့တွဲဖက်ပြီး စားလို့မရတဲ့ အစားအစာများ (သေနိုင်) ”

ကြိုက်နှစ်သက်သူတွေအတွက်တော့ အနံ့အလွန်မွှေးပြီး အရသာရှိလှတဲ့ ဒူးရင်းသီးဟာ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါရှိတာမှန်ပေမယ့် အလွန်အကျွံစားသုံးတဲ့အခါနဲ့ တွဲဖက်မစားသုံးသင့်တဲ့အစားအစာတွေနဲ့

တွဲဖက်စားသုံးမိမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဒူးရင်းသီးနဲ့တွဲဖက်ပြီးမစားသုံးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဒူးရင်းသီးစားသုံးပြီးတဲ့အခါ နဲ့ မစားသုံးခင်မှာ အရက်၊ ဘီယာ၊ ဝိုင်အစရှိတဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အရည်တွေ သောက်သုံးခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။

တွဲဖက်စားသုံးခြင်းအားဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်း နဲ့ လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၂) သွေးတိုးရောဂါရှိသူတွေအနေ နဲ့ ဒူးရင်းသီးစားပြီး နို့ထွက်ပစ္စည်းများ ထပ်မံစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အခန့်မသင့်ရင် သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြုဆင်ခြင်သင့်ပါတယ်။

(၃) ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းဟာ အပူစာနှစ်ခုကို တပြိုင်နက်တည်းစားသုံးသလိုဖြစ်တာကြောင့် အပူများပြီး လည်ချောင်းနာခြင်းနဲ့ ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) ဒူးရင်းသီးနဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းဟာ အပူစာ နဲ့ အအေးစာနှစ်ခုကို စားသုံးသလိုဖြစ်တာကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ဗိုက်အောင့် ဗိုက်နာတွေကိုဖြစ်စေနိုင်ပါတယ်။

(၅) အမဲသားတို့ မှိုတို့လို အပူစာတွေ နဲ့ ဒူးရင်းသီးကို တွဲဖက်စားသုံးခြင်းဟာ အစာအဆိပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။

(၆) ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီနဲ့ ဒူးရင်းသီးတွဲဖက်စားသုံးခြင်းဟာ ရုတ်တရက်နှလုံးရပ်ခြင်း၊ အသက်ရှုကြပ်ခြင်းနဲ့ ခေါင်းအလွန်အမင်းကိုက်ခဲခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *