ပေါင်မုန့်သည်အဖွားကို အလှူငွေသွားပေးပေမယ့် လက်မခံခဲ့တဲ့ အကြောင်း ပြောပြလာတဲ့ မေဦး

အခုတလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ပေါင်မုန့်သည်အဖွားရဲ့ အခက်အခဲတွေကို ပြည်သူတွေ သိရှိပြီးတဲ့နောက်မှာတော့ စေတနာရှင်တွေနဲ့အတူ အနုပညာရှင်တွေကပါ အဖွားကို လိုက်ရှာပြီး အလှူငွေတွေ လှူခဲ့ကြပါတယ်။

မိတ်ကပ်ပညာရှင် မေဦးကလည်း ပေါင်မုန့်သည်အဖွားဆီကို သွားခဲ့ပြီး ပိုက်ဆံလှူဖို့ လုပ်ခဲ့ပေမယ့် အဖွားကတော့ လက်မခံခဲ့ပါဘူးလို့ ဆိုပါတယ်။ အဖွားရဲ့ အမှီအခိုကင်းပြီး အလကားမလိုချင်တဲ့ စိတ်ထားလေးကို မေဦးက အခုလိုပဲ ပြောပြထားပါတယ်။

“ပေါင်မုန့်ရောင်းတဲ့အဖွားသတင်း တွေ့လို့ဒီနေ့ ငါးစာကြွေးဖို့ဝယ်ရင်း ပိုက်ဆံပါလှူချင်လို့သွားခဲ့ပါတယ်။ အဖွားဆီရောက်တော့ အကျိုးအကြောင်းမေးဖြစ်ခဲ့တယ်။ ငွေလှူဖို့အတွက်ပေးတော့ မယူပါဘူး။

အရင်ကတော့အဆောင်နေပါတယ်တဲ့။ အဖွားကအခု အဖွားမြေးနဲ့အတူနေပါတယ်။ သူတို့ကပဲစောင့်ရှောက်ထားပါတယ် လို့ပြောပါတယ်။”“အသက် ၇၈ နှစ်ရှိပါပြီ အလုပ်လုပ်ချင်လို့ကိုလုပ်တာပါ။

မေဦးနားလည်လိုက်ပါတယ်။ အသက်ကြီးပြီးဆိုပေမယ့် အခုလိုလေးအလုပ်လုပ်တော့ ကိုယ်လက်လှုပ်ရှားမှုရှိပြီး ပိုကျန်းမာပါတယ်။ ဒါတချို့အသက်ကြီးလူကြီးတွေရဲ့ပုံစံပါ။ မေဦးတောင် အဖွားကိုကြည့်ပြီးအားကျမိပါတယ်။ ခံယူချက်လဲကောင်းပါတယ်။”

“သတင်းတွေတက်လာလို့ အဖွားမိသားစုတောင်စိတ်မကောင်းဖြစ်နေပါတယ်။ ဒါကြောင့် အဖွားကိုအားပေးချင်ရင် ပေါင်မုန့်ပဲဝယ်ပြီးအားပေးပါ။ မေဦးကတော့ အခုကစပြီး တစ်လတစ်ခါ ပေါင်မုန့်တွေအကုန်ဝယ်ပြီး ငါးစာကျွေးဖြစ်မှာပါ။

အဖွားကိုအားပေးရာလဲရောက်တယ် ငါးစာကျွေးတော့ကုသိုလ်လဲရပါတယ်။ အဖွားရဲ့မြေးမိသားစုကလဲ အဖွားကိုစောင့်ရှောက်ထားတယ်ဆိုတာလေးလဲ ထည့်ရေပေးဖို့မေဦးကိုမှာပါတယ်။

ဒါကြောင့်တခါတလေ အခုအသက်ကြီးတဲ့သူချို့ဟာ လှုပ်လှုပ်ရှားရှားလေးနဲ့ သူတို့ရဲ့ကျန်ရှိနေတဲ့အချိန်လေးတွေကို ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အချိန်မှာ မေဦးတို့လူငယ်တွေက ဘေးကနေ စောင့်ရှောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဆိုပြီး ပြောထားပါတယ်။

အဖွားကို ဂရုဏာသက်ပြီး လာရောက် အလှူငွေတွေ လှူဒါန်းကြပေမယ့် အဖွားကတော့ သူများဆီက ဘယ်အရာမှ အလကားမယူချင်တဲ့ စိတ်ထားကတော့ လေးစားစရာပဲနော်။ အဖွားလဲ အလုပ်တွေကို ကျန်းကျန်းမာမာနဲ့လုပ်ပြီး သာသနာပြုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

” သင်တို့ မသိသေးတဲ့ ပီလောပီနံရွက်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ ”

ပီလောပီနံရွက်ကို သိကြမယ်ထင်ပါတယ်နော်။ သုတ်စားလို့လည်းရတယ်။ ပြုတ်ပြီး တို့စားလို့လည်းရတဲ့အပြင် အမျိုးမျိုး ချက်စားကြတဲ့ အရွက်တစ်မျိုးပါပဲ။ ပီလောပီနံရွက်ကိုသာမက ပီလောပီနံဥကိုလည်း စားသုံးကြပါတယ်။

ပီလောပီနံရွက်မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး၊ Antioxidant လည်းကြွယ်ဝစွာပါဝင်ပါတယ်။ သူ့ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြရရင်တော့။

ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းမွန်ပါတယ်။

ကိုယ်ဝန်ဆောင်တွေစားလို့ရသလားလို့ မေးလာရင် ရပါတယ်။ သံဓါတ်မြင့်မားစွာပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်တာနဲ့ ဖျားနာတာကို သက်သာစေပါတယ်။

ပီလောပီနံရွက် ၃ ရွက်လောကို ကြိတ်ပြီး သောက်ပေးရင် ဖျားနာတာသက်သာပြီး၊ နားထင်မှာကပ်ပေးရင်လည်း ခေါင်းကိုက်သက်သာပါတယ်။

ဗီတာမင်B

ဗီတာမင် B ပါဝင်လို့ စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။

အစွမ်းရှိတဲ့ Antioxidant

အစွမ်းရှိတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပြီး၊ လေဖြတ်တာနဲ့ ကင်ဆာရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးကျန်းမာရေး

မျက်လုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေတဲ့ ဆေးတလက်ဖြစ်ပါတယ်။ သုပ်ပြီး ထမင်းနဲ့စားစား အကျိုးရှိပါတယ်။

အလှအပ

Antioxidant နဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အလှအပအတွက် အထူးကောင်းမွန်ပါတယ်။ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

အစာချေစနစ်ကောင်းမွန်စေခြင်း

အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အူကိုသန့်စင်ပေးနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *