နှစ် (၂၀)ကျော်က အမှတ်တရပုံဟောင်းလေးတွေကို သတိတရနဲ့ ထုတ်ပြလာတဲ့ နေတိုး

ပရိသတ်ကြီးရေ မင်းသားချောလေး နေတိုးကတော့ ရိုးသားဖြူစင်တဲ့ ရခိုင်တိုင်းရင်းသားလေးဖြစ်ပြီး အားလုံးကို ဖော်ဖော်ရွေရွေနဲ့ ရင်းနှီးစွာဆက်ဆံတတ်တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်အဖြစ်ရပ်တည်နေတဲ့ နေတိုးက အသက်တွေဘယ်လောက်ကြီးကြီး အမြဲနုပျိုပြီး ချောမောခန့်ညားနေဆဲ ဖြစ်ပါတယ်။

ဘာအပြစ်မှပြောစရာမလိုအောင်  အဘက်ဘက်က  ပြီးပြည့်စုံတဲ့  နေတိုးကိုတော့  ပရိသတ်တွေအားလုံးက  ဝိုင်းချစ်နေကြတာ ဖြစ်ပါတယ်။

နေတိုးရဲ့အောင်မြင်မှုတွေထဲမှာတော့ ဆယ်ကျော်သက်ဘဝကနေ ယနေ့အချိန်အထိ မိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲ ချစ်ခင်အားပေးခံနေရတာကလည်း အပါအဝင် ဖြစ်ပါတယ်။

အခုလည်း နေတိုးက သူရဲ့အရွယ်တင်နုပျိုမှုကို အရင်က ပုံဟောင်းလေးတွေနဲ့ သက်သေပြလိုက်ပါတယ်။ နေတိုးက လွန်ခဲ့တဲ့နှစ် (၂၀) ကျော်က ပုံဟောင်းလေးတွေကို သတိတရနဲ့ ပြန်တင်ထားတာ တွေ့ရပါတယ်။

နေတိုးက ” နှစ်၂၀ဆယ်ကျော်ခဲ့ပါပြီ လူတွေဟာအိုဟောင်းသွားပေမဲ့ ရင်ထဲကမေတ္တာတရားတွေကတော့အမြဲ နုပျိုနေဆဲပါ …နေတိုး” ဆိုပြီး အမှတ်တရတွေကို မျှဝေထားတာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက စမတ်ကျကျပုံစံ နဲ့ ပျိပျိုမေတွေအကုန်ချစ်ရတဲ့ ကိုလူချောလေးဖြစ်ခဲ့တဲ့ နေတိုးက အခုချိန်မှာလည်း တည်ကြည်ခန့်ညားတဲ့အသွင်နဲ့ ချောမောနေဆဲဖြစ်ပါတယ်။

ကဲ …… ချစ်ပရိသတ်တွေအတွက် မင်းသားချော နေတိုးရဲ့ လွန်ခဲ့တဲ့နှစ် (၂၀) ခန့်က အမှတ်တရပုံဟောင်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

” ည အိပ်ယာဝင်ခါနီးတိုင်း ဆားနင်းခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ”

နေ့စဉ်အချိန်မှန် ည အိပ်ယာဝင်ခါနီးတိုင်း ဆားနင်းခြင်းကြောင့် ကိုယ်တွင်းအောင်းပူတွေ ထွက်စေသည်။ နင်းပုံနင်းနည်းကတော့ …မနင်းခင် ခြေထောက်ကို.. ပေါင်ရင်းကစပြီး ရေလောင်းဆေးပါ..ခြောက်အောင်သုတ်ပါ…။

ဆား ၁ ပိဿာ (၂ပိဿာဆို ပိုကောင်း) ဆန့်တဲ့ ဇလုံကြီးထဲထည့်ပြီး နင်းပါ…။ နာရီဝက်လောက် ဆက်တိုက်နင်းရင်းနဲ့ ခြေထောက်က…ချွေးများ ထွက်လာတာ တွေ့ရပါမယ်…။

မိနစ် ၃၀ -၄၀ – ၁နာရီ ကိုယ်ကျေနပ်သည်ထိ နင်းပြီးတာနဲ့…မနင်းခင် အသင့်ဆောင်ထားတဲ့ ပုဝါနဲ့ခြေထောက်ကို ဆားဇလုံထဲ ပွတ်ချပြီး ဆားတွေပြောင်အောင် သုတ်ပါ…

ခြေထောက်ကို လုံးဝ(လုံးဝ) ရေပြန်မဆေးရပါ။ ခြေထာက်ပြောင်တာနဲ့ အိပ်ယာဝင်ပါ။ ပထမနေ့မှာပဲ နှစ်ခြိုက်စွာ အိပ်ပျော်ပါမယ်…။ အကြောပြေ.. ခြေကျဉ် ထုံနာတွေ ပျောက်ကင်းပြီး

ခြေကွဲခြင်း မရှိတော့ပါ။ ဆံပင် မကျွတ်တော့ပဲ… နဂိုဆံပင်သန်သူတွေ ပိုပြီး ဆံပင်တွေသန်လာမည်. ကျန်းမာခြင်းကိုအားပေးမည် …

Leave a Reply

Your email address will not be published. Required fields are marked *