နွေးထွေးတဲ့မေတ္တာတရားတွေလွှမ်းခြုံထားတဲ့ ရင်ခွင်ထဲမှာ သားလေးကိုပိုက်ပြီး တစိမ့်စိမ့်ကြည့်နေတဲ့ ဖေဖေမြင့်မြတ်

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ ပရိတ်သတ်တွေက အသိအမှတ်ပြုထားတဲ့ မြင့်မြတ်ကတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်နဲ့ ကြိုးစားပမ်းစားလုပ်ဆောင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

မြင့်မြတ်က လူငယ်ဘဝကတည်းက အနုပညာလောကကိုလျှောက်လှမ်းလာခဲ့သူဖြစ်လို့ အခုချိန်မှာဆိုရင်တော့ အိုင်တင်အရမ်းကောင်းပြီး ပရိတ်သတ်တွေ အများကြီးချစ်ခင်အားပေးကြတာကြောင့် အောင်မြင်နေတဲ့ မင်းသားတစ်လက်ဖြစ်နေပါပြီနော်။

မြင့်မြတ်က ဇာတ်ကားတွေမှာဆိုရင် အိုင်တင်ကောင်းကောင်း နဲ့ သရုပ်ဆောင်ချက်တွေက သဘာဝဆန်လွန်းလို့ ပရိတ်သတ်တွေက အရမ်းကိုသဘောကျပြီး အားပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင် မြင့်မြတ်က အကယ်ဒမီရ ဝါရင့်မင်းသားတစ်လက်လည်းဖြစ်နေပါပြီနော်။ မြင့်မြတ်က အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ခြေလှမ်းမှန်မှန်နဲ့ လုပ်ဆောင်လို့နေပါတယ်။

မြင့်မြတ်တို့ ဇနီးမောင်နှံမှာ အရမ်းချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်လို့ သာယာချမ်းမြေ့တဲ့ မိသားစုလေးပဲဖြစ်ပါတယ်။

သားလေး မြတ်သူကလည်း အဖေတူသားလေးဖြစ်လို့ မျက်နှာလေးကပြုံးရွှင်ပြီး ချစ်စမွှေးပါတဲ့ကလေးလေးပါနော်။မြင့်မြတ်ကတော့ သားလေးကိုအရမ်းချစ်ပြီး ခေါ်သွားလို့ရတဲ့နေရာမှန်သမျှကို အမြဲခေါ်သွားနေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း အဖေများနေ့လေးမှာ ဖေဖေမြင့်မြတ်ကတော့ နွေးထွေးတဲ့မေတ္တာတရားတွေလွှမ်းခြုံထားတဲ့ ရင်ခွင်ထဲမှာ သားလေးကိုပိုက်ပြီး တစိမ့်စိမ့်ကြည့်နေတာပဲဖြစ်လို့ မြင့်မြတ်တို့သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးကိုမျှဝေပေးလိုက်ပါတယ်နော်။

” ကွမ်းကြိုက်သူများ သိထားသင့်သည့် ကွမ်းသီး စားခြင်း၏ ကြောက်စရာကောင်းသော ဆိုးကျိုးများ ”

ကွမ်းသီးကို ဖလင်ချွတ်ဆေး ၊ ကန့်တို့ဖြင့် ပြုပြင်ထားတာကြောင့် စားသုံးသူများအနေ နဲ့ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါတယ်။ ကွမ်းသီးများတွင် ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားစွာ ပါဝင်နေပါတယ်။ ဒီဓာတ်က အရမ်းအန္တရာယ်များပါတယ်။

ကွမ်းသီးကို ပေါင်းတဲ့အခါ ဓာတ်ပုံဖလင်ချွတ်တဲ့ ဆေးနဲ့ တစ်ညစိမ်ပြီးနောက် ပြန်လည် ရေဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ပြီး အငွေ့ရိုက်ရပါတယ်။

ထိုသို့ တစ်ညတာပေါင်းပြီးနောက် ဈေးကွက်သို့ တင်သွင်း ရောင်းချလေ့ ရှိပါတယ်။ ကွမ်းသီးပေါင်းတဲ့ ဆာလဖာ ပမာဏက သတ်မှတ်ထားတာ မရှိပါဘူး။ ကွမ်းသီးပေါင်းရင် အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားလေ့ ရှိပါတယ်။

အဲ့ဒီနောက်မှာ ကွမ်းသီးရဲ့ အလေးချိန်က တိုးပြီး ကွမ်းသီးပွလာပါတယ်။ ကွမ်းသီးဖိုထဲမှာ ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်ဘဲ ရောင်းချရာမှာ ပိုမို အဆင်ပြေတာကြောင့်

ဒီနည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ စားသုံးရန် မသင့်သော ဓာတုဆေးများ ထည့်ထားပြီး ရေဖြင့်ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိနေတတ်ပါတယ်။

ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန်မှာပင် ယခုကဲ့သို့ ကွမ်းသီး များကို ဓာတုဆေး သုံး ရောင်းချနေခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုမှာ ပိုမိုမြင့်မားလာပါတယ်။

အဓိကအနေဖြင့် ခန္ဓာကိုယ်ကို ဆိုးကျိုးပေးမယ့် အချက်တွေကတော့ – ဝမ်းသွားခြင်း၊ အသက်ရှူကျပ်ခြင်း၊ သွေးပေါင်ကျခြင်း၊ မူးဝေခြင်း၊ ပန်းနာ ရင်ကျပ်ဖြစ်စေခြင်း တို့ ဖြစ်စေနိုင်တဲ့အပြင် အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ပါ ဆုံးရှုံးနိုင်ပါတယ်။

ဒ့ါကြောင့် ကျန်းမာရေးအတွက် ကွမ်းသီးနှင့် ကွမ်းယာ စားသုံးခြင်းကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။ ကွမ်းစားခြင်း နဲ့ ပတ်သက်ပြီး အခုတလောမှာလည်း ပညာပေးဟောပြောပွဲတွေ များစွာ ပြုလုပ်ပြီး တားမြစ်နေကြပါတယ်။

ကွမ်းသီး ရဲ့ ကြောက်စရာကောင်းလှတဲ့ ဆိုးကျိုးများကို သိရှိပြီး ကွမ်းသီးစားသုံးခြင်းကို ရှောင်နိုင်ကြဖို့ ဆန္ဒပြုလိုက်ပါတယ်။ သာယာသော နေ့ရက်လေးများ ဖြစ်ကြပါစေ ရှင် ။

Leave a Reply

Your email address will not be published. Required fields are marked *