ကလေးတစ်ယောက်လို ဖခင်နဲ့ အတူ ပျော်ရွှင်ခဲ့တဲ့အမှတ်တရပုံလေးတွေကို တင်လိုက်တဲ့ယွန်းဝတီလွင်မိုး

ကြော်ငြာလေးတွေ နဲ့ ပရိသတ်အသည်းကို တဖြုတ်ဖြုတ်ကြွေကျစေခဲ့သူလေးကတော့ မင်းသမီးချောလေး ယွန်းဝတီလွင်မိုးပဲ ဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင် မင်းသားကြီး လွင်မိုးရဲ့သမီးလေးဖြစ်တဲ့

ယွန်းဝတီလွင်မိုးက ဖေဖေနဲ့ရုပ်ချင်းတစ်ထေရာတည်းတူတဲ့ အဖေတူသမီးလေးလည်း ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ ယွန်းက သားလေးတစ်ဖက် ကျောင်းတစ်ဖက်နဲ့မို့ ကြော်ငြာလေးတွေ အနည်းငယ်သာရိုက်ကူးဖြစ်တော့တာ တွေ့ရပါတယ်။

လက်ရှိမှာ ယွန်းက သားလေးကို ဖေဖေ၊မေမေတို့နဲ့ ထားခဲ့ပြီး သြစတေးလျမှာ ကျောင်းသွားတက်နေရတာ ဖြစ်ပါတယ်။ မိသားစုနဲ့ ခွဲခွာပြီး ပြည်ပမှာနေထိုင်နေရတဲ့ ယွန်းက အဖေများနေ့မှာ ဖေဖေလွင်မိုး နဲ့ အမှတ်တရပုံလေးတွေကို ပြန်တင်ထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၁၆) ရက်နေ့ အဖေများနေ့မှာ ယွန်းဝတီလွင်မိုးက သူချစ်ရတဲ့ ဖေဖေနဲ့အတူ မရှိပေးနိုင်ခဲ့တာကြောင့် ပုံလေးတွေနဲ့သာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ်။

ယွန်းက ” happy Father’s Day ” ဆိုပြီး ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ ယွန်းက မြန်မာပြည်ပြန်လာတော့မှာဖြစ်တာကြောင့်

ဖေဖေနဲ့ရော သားလေးနဲ့ပါ ပြန်လည်တွေ့ဆုံရတော့မှာပဲ ဖြစ်ပါတယ်။ ကဲ…ချစ်ပရိသတ်တွေအတွက် အဖေများနေ့မှာ ဖေဖေလွင်မိုးနဲ့ အမှတ်တရပုံလေးတွေကို တင်လိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

” ခြင်ပေါလို့  စိတ်ညစ်နေလား?အိပ်ရေး ပျက်နေလား?ဒီ နည်း (၃) ခုထဲက တစ်ခုပဲ သုံးလိုက်ပါ…! ”

ခြင်တွေတဝီဝီ နဲ့ ခြင်အရမ်းများတဲ့ နေရာတွေဆိုရင် လုံးဝ နေလို့ မ ကောင်းတဲ့ အပြင်ကို စိတ် အ နှောင့်အယှက် လည်း ဖြစ် ၊ ကျန်းမာရေး ကို လည်း အရမ်း ထိခိုက် စေ ပါတယ် ။

ဒါကြောင့် သင့်အိမ် နဲ့ ဆိုင် တွေ မှာ ခြင်တွေ လုံးဝ မလာအောင် လုပ်လို့ ရတဲ့ နည်း လေးတွေ ရှိပါတယ် ။ ဒီ နည်းလမ်းလေး တွေဟာ သဘာဝ နည်းလမ်း လေး တွေ ဖြစ် တာကြောင့်

ကျန်းမာရေးကို လုံးဝ မထိခိုက် စေ သလို ၊ ခြင် တွေကို လည်း နှိမ် နင်း ပေး တာကြောင့် အိမ်တိုင်း ၊ ဆိုင်တိုင်း သိထား သင့် တဲ့ နည်းလမ်း လေး တွေ ပဲ ဖြစ်ပါတယ် ။

( ၁ ) ကော်ဖီမှုန့်
ကော်ဖီမှုန့်ကို ပန်းကန်လုံးလေးထဲထည့်ပြီး ခြင်တွေလာတတ်တဲ့ နေရာ မှာ အဖုံး ဖွင့်ပြီး ထားလိုက် ပါ ။ ခြင်တွေဟာ ကော်ဖီနံ့ ရတဲ့ နေရာတွေမှာ မလာတော့ပါဘူး ။ ကော်ဖီနံ့ ကြိုက်တဲ့သူတွေအတွက်တော့ ဒီ နည်းလမ်းလေးဟာ အရမ်းကို အဆင်ပြေမှာပါ ။

( ၂ ) အ မွှေးရနံ့တွေ
သင်ကြိုက်နှစ်သက်တဲ့ အမွှေးဆီ ( နှင်းဆီ ၊ လာဗင်ဒါ ၊ စံပယ် ) တစ်ခုခုကို ရေနဲ့ ရော ပြီး ခြင် လာတတ်တဲ့ နေရာတွေ ကို ဖြန်း ထားလိုက်ရင် ခြင်တွေလာတော့မှာ မဟုတ်ပါဘူး ။ အကြောင်းကတော့ ခြင် တွေ ဟာ အမွှေးရနံ့ ကို မကြိုက်လို့ပါ ။

( ၃ ) ပန်းသီးရှာလကာ
ပန်းသီးရှာလကာကို ရေ ရော ပြီး စပရေးဘူး ထဲထည့်ကာ ခြင်တွေ လာတတ်တဲ့ နေရာအနှံ့ကို ဖြန်းပေး ခြင်း ဖြင့် ခြင်တွေ လာ တော့ မှာ မဟုတ် ပါ ဘူး ။

ကဲ…စာဖတ်ပရိသတ်တို့ ရေ…ဖတ်ပြီးသွားပြီးပြီဆိုရင်လည်း သူများတွေကို လက်ဆင့်ကမ်း ပြီး ပြန်လည်မျှဝေပေးလိုက် ပါ ဦး နော် ။

Leave a Reply

Your email address will not be published. Required fields are marked *