ဖေဖေမြင့်မြတ် ထိုင်နေကျပုံစံအတိုင်းထိုင်ပြပြီး အိုက်တင်လေးတွေလုပ်ပြနေတဲ့ ဂျူနီယာမြင့်မြတ်ပေါက်စလေး







UNICODE

သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ပရိသတ်အချစ်တော်တစ်ဦးအဖြစ် အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ်။

ဆက်ဆံရေးကောင်းပြီး ဟန်ဆောင်မှုကင်းတဲ့ မြင့်မြတ်ကိုတော့ ဝိုင်းချစ်နေရတဲ့သူတွေကလည်း တကယ့်ကိုများပြားလွန်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖေဖေမြင့်မြတ်သာမက မြင့်မြတ်ရဲ့သားမြတ်သူလေးကလည်း တကယ့်ကိုချစ်စရာလေးမို့ ပရိသတ်တွေက ပိုတိုးလို့ ချစ်နေရတာ ဖြစ်ပါတယ်။

ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အသည်းယားစရာကောင်းတဲ့ မြင့်မြတ်ရဲ့သားလေးကိုတော့ ပရိသတ်တွေက ဖိုးဝရုပ်လေးလို့တောင် ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။

ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတဲ့ ဂျူနီယာမြင့်မြတ်လေးက လက်မောင်းလေးတွေကအစ ၀၀ကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။

အခုလည်း မြတ်သူလေးက ဖေဖေရဲ့ရှုတင်ကို အလည်လိုက်ရင်း ဖေဖေမြင့်မြတ်ရဲ့ အိုက်တင်အတိုင်း လိုက်လုပ်ပြနေတာ တွေ့ရပါတယ်။မြတ်သူလေးက ကားပေါ်မှာ လက်ကလေးထောက်ပြီး ထိုင်နေပုံလေးကလည်း ဖေဖေမြင့်မြတ်ထိုင်နေကျ ပုံစံလေးအတိုင်း တစ်ပုံစံတည်းတူနေတာ ဖြစ်ပါတယ်။

” Now ဖေဖေရှုတင်ကို လိုက်ရတာပျော်နေတဲ့ ချစ်တုန်းကြီးမြတ်သူ အိုက်တင်တွေလုပ်ပြနေတယ် ” ဆိုပြီး မြတ်သူလေးရဲ့ ချစ်စရာပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖေဖေမြင့်မြတ်နဲ့ တစ်ထေရာတည်းတူတဲ့ သားလေးရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *