







UNICODE

ပရဟိတမင်းသမီးခိုင်နှင်းဝေရဲ့ သားသမီးအရင်းသဖွယ် ချစ်ခင်ရတဲ့ ကလေးများအတွက် ဂေဟာအသစ်လေးကိုဖွင့်လှစ်ခဲ့တဲ့ Video လေး
ပရိသတ်ကြီးရေ သရုပ်ဆောင်ခိုင်နှင်းဝေကတော့ သရုပ်ဆောင်အလုပ်တေကိုသာမပဲ ပရဟိတအလုပ်တွေကိုပါ အားသွန်ခွန်စိုက်လုပ်ကိုင်နေတဲ့ မင်းသမီးလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။

သူမဟာ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်လက်လည်းဖြစ်ပြီးတော့ အောင်မြင်မှုမှတ်တိုင်ပေါင်းများစွာကို စိုက်ထူထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်နော် ။ သူမဟာ အနုပညာအသိုင်းအဝိုင်းက လူအများသာမကပဲ ပြည်သူများလိုအပ်တဲ့နေရာတွေကို လိုက်လံရှာဖွေကာ ကူညီတတ်တဲ့ ပရဟိတသူရဲကောင်းတစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။

ဒါ့အပြင် မိဘမဲ့ကလေးသူငယ်များကိုလည်း ကိုယ့်သားသမီးများသဖွယ် ပြုစုစောင့်ရှောက်ထားတာဟာလည်း ချီးကျုးစရာပါပဲနော်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသူလေးပဲဖြစ်ပါတယ် ။ အခုမှာလည်း သား သမီးအရင်းသဖွယ် ချစ်ခင်ရတဲ့ ကလေးတွေအတွက် ဂေဟာသစ်လေးကို ဖွင့်လှစ်ထားရှိပြီပဲ ဖြစ်ပါတယ် ။

သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” ကျမရဲ့ ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ နေရာသစ်လေးကို ဘယ်မှာလဲ ဆိုပြီး လာမေးကြတဲ့ မိတ်ဆွေ တွေ ကလေးလေးတွေကို တွေ့ဖူးချင်လို့ လာလှုချင်လို့ပါဆိုတဲ့ အလှူရှင် များ အားလုံး အတွက် ကျမ ဂေဟာ လိပ်စာလေးကတော့ ၄၃ / ၈၆၃ အမှတ် – ၂၅၊ ခေမာလမ်း (၄၃) ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း မှာဖြစ်ပါတယ် ရှင်

ကျမ တတ်နိုင်တဲ့ ပမာန လေးနဲ့ ငှားရမ်းပြီး အခမ်းနားဆုံးမဟုတ်တောင် အကောင်းဆုံး တွေ ပြင်ဆင်ပေးထားတဲ့ မေတ္တာရိပ်တွေ ဖုံးလွှမ်းထားတဲ့ ကျမရဲ့ ကလေးများနှင့် ကမ္ဘာလေးမှ မိတ်ဆွေတို့ ကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်

ခိုင်နှင်းဝေ ” ဆိုပြီး ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ခိုင်နှင်းဝေရဲ့ Live video လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော် ။

Leave a Reply

Your email address will not be published. Required fields are marked *