

တစ်ယောက်နဲ့တစ်ယောက်လည်း တွဲလက်များမဖြုတ်ဘဲ ဖြတ်သန်းလာသည်မှာ ၇ နှစ်ကျော်ကိုရောက်ရှိလာပြီပဲဖြစ်ပြီး သားနဲ့သမီးချောလေးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။






 

UNICODE

လွမ်းလွန်းလို့ ချစ်ဇနီးလေးကို Video Call ခေါ်ကာ အလွမ်းသယ်နေတဲ့ ပြေတီဦးရဲ့ Video လေး
အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကို တစ်ခဲနက်ရရှိထားသူတွေကတော့ အူဝဲနဲ့ ပြေတီဦးတို့ ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ပရိသတ်အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်စုံတွဲပဲဖြစ်ကြပြီး အကယ်ထူးချွန်ဆုတွေလည်း ထိုက်ထိုက်တန်တန်ရရှိထားကြတာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း တွဲလက်များမဖြုတ်ဘဲ ဖြတ်သန်းလာသည်မှာ ရ နှစ်ကျော်ကိုရောက်ရှိလာပြီပဲဖြစ်ပြီး သားနဲ့သမီးချောလေးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲတမ်းတိုင်တိုင်ပင်ပင်နဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေတာပဲ ဖြစ်ပြီး ပရိသတ်တွေကလည်း သူတို့နှစ်ယောက်ပါဝင် သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စောင့်မျှော်အားပေးနေကြတာပါ။ ၂၀၁၉ ခုနှစ်ကတော့ အူဝဲနှစ်လို့ပြောရလောက်အောင် သူမပါဝင်သရုပ်ဆောင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးခြင်းကို ရရှိထားတာပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားများစွာကို တက်ရောက်နေရတာပါ။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီဇနီးမောင်နှံစုံတွဲလေးကိုတော့ ပရိသတ်တွေအားလုံးက အားကျနေရတာပါ။ အခုတစ်ခေါက်မှာလည်း မကွေးမြို့ကိုပွဲအခမ်းအနားတစ်ခု တက်ရောက်ရန် ရောက်ရှိနေတဲ့ ချစ်ဇနီးလေးကို လွမ်းတဲ့အတွက် Video Call လေးခေါ်ကာ အလွမ်းသယ်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *