လမ္းေဘးလက္ဖက္ရည္ဆိုင္ေလးေတြမွာ သူ႔အေခြေလးစမ္းဖြင္႔ျပဖို႔ လိုက္ေတာင္းပန္ေနတဲ႔ ေကာင္ေလးတစ္ေယာက္အေျကာင္း

စိတ္ဓါတ္က်တဲ႔သူမ်ားဖတ္ျကည့္ပါ။ တခါတုန္းက မ်ိဳးႀကီးဆိုတာ…တခါက . ေတာင္ဥကၠလာ ကားလမ္းမ တစ္ခုမွာ ရွိတဲ႔ လူငယ္ေတာ္ေတာ္မ်ားမ်ား ထိုင္ေသာ ေနရာတစ္ေနရာကို ဦးထုပ္ခပ္ငိုက္ငိုက္ ေဆာင္းထားျပီး ဂ်င္းအက်ီၤဝတ္လူႏွစ္ေယာက္ ဝင္လာတယ္။

သူတို႔ မ်က္ႏွာေတြကို ေသခ်ာစြာ မျမင္ရ ဒါေၾကာင္႔ ဘယ္သူေတြမွန္းလည္းမသိ ဘယ္သူမွလည္း သူတို႕ကို အေလးထား စိတ္ဝင္စားမေနၾကပါ။ သူတို႕ ဝင္လာတဲ႔ အခ်ိန္က ေန႕လည္ ၁ နာရီခြဲဆိုေတာ႔ ေန႕လည္ဆိုတာ

သာမာန္ထမင္းစားျပီးသူေတြထိုင္တတ္တဲ႔ အခ်ိန္မဟုတ္ ဒီအခ်ိန္မွာ လူငယ္ေတြကသာသူတို႕ၾကိဳက္ရာ သီခ်င္းေလးေတြကို နားေထာင္ဖို႔ ထုိင္တတ္ၾကတာ ဒီဆိုင္ကလည္း သူ႕အနားပတ္ဝန္းက်င္မွာေတာ႔

နံပါတ္တစ္ ထိပ္တန္းဆိုင္ ဒီလူႏွစ္ေယာက္ ဆိုင္ထဲမွာ ထိုင္ေနတဲ႔ အခ်ိန္မွာဒီဆိုင္မွာ ဖြင္႔ထားတာက အဲဒီအခ်ိန္မွာ နာမည္ၾကီး လူငယ္အၾကိဳက္ဆံုး သီခ်င္းေခြလူငယ္အားလံုးကလည္း ဒီသီခ်င္းေလးကို နားေထာင္ေနတဲ႔ အခ်ိန္

ဒီလိုနဲ႔ တစ္နာရီေလာက္ၾကာေတာ့ ဦးထုပ္ခပ္ငိုက္ငိုက္ ေဆာင္းထားတဲ႔ လူႏွစ္ေယာက္ထဲက အသက္ငယ္ငယ္နဲ႔လူတစ္ေယာက္ကေကာင္တာကိုထသြား ျပီး သူ႔လက္ထဲက သီခ်င္းေခြေလး တစ္ေခြကို ေကာင္တာမွာ ထိုင္ေနတဲ႔ ဆိုင္ရွင္ကို ေပးတယ္။

“ အကို ကၽြန္ေတာ္႕ကို ဒီအေခြေလး ဖြင္႔ေပးပါလား.။ ” ဒီေတာ႔ ဆိုင္ရွင္ အကိုၾကီးက…“ ဟ .. မင္းအေခြက ဘာေခြလဲကြ” “ ဟို. .သီခ်င္းေခြပါ။ ကၽြန္ေတာ္ကိုယ္တိုင္ ဆိုထားတာ။ အဲဒါ ဘယ္လိုေနလဲ လို႔ စမ္းဖြင္႔ၾကည္႔ေစခ်င္လို႔ပါ”

ဒီေတာ႔ ဆိုင္ရွင္ အကိုၾကီးက ..“ အင္းေလ .. ခဏေတာ႔ရမယ္။ ဒါေပမဲ႔ ငါတို႕ကလည္း Customer ေတြနဲ႔ လုပ္ရတာ ဆိုေတာ႔ သူတို႔ ၾကိဳက္တာ အခု ေခတ္ေပၚေနတာေတြကို ဖြင္႔ေပးရတယ္။

မင္းသီခ်င္းေခြကို ဖြင္႔လို႔ သူတို႔ မၾကိဳက္ဘူး ပိတ္ေပးပါ ဆိုရင္ေတာ႔ငါ႕ကို အျပစ္ေတာ႔ မေျပာနဲ႔ကြာ.ေနာ္..နားလည္ေပး ဟုတ္ျပီလား” ဒီေတာ႔ သီခ်င္းေခြဖြင္္႔ခိုင္းတဲ႔ အဆိုေတာ္ ေပါက္စေလးက မ်က္ႏွာငယ္ေလးနဲ႔

“ ဟုတ္ကဲ႔.. အကို။ ကၽြန္ေတာ္ နားလည္ပါတယ္။ ” “ ဒါနဲ႔ မင္းအေခြက ထြက္ျပီလား ” “ မထြက္ေသးဘူး အကို။ ဒီလကုန္ထြက္မယ္ ” “ ေၾသာ္..ေအးေအး.. ဒီသီခ်င္းျပီးရင္ ဖြင္႔ေပးမယ္ ”

ဒါနဲ႔ ခဏေနေတာ႔ လက္ရွိဖြင္႔ေနတဲ႔ သီခ်င္းလည္း ျပီးေရာ ၊ ဆိုင္ရွင္ အကိုၾကီးက အဆိုေတာ္သစ္ေလး ေပးလိုက္တဲ႔ အေခြေလးကို ဖြင္႔လိုက္တယ္ဆိုရင္ ဆိုင္ထဲက လူငယ္ေတြ ျငိမ္က်သြားတယ္။

အေကာင္းျငိမ္တာေတာ႔ မဟုတ္ပါ။ သူတို႔ ေမွ်ာ္လင္႔ထားတာက ဒီသီခ်င္းျပီးရင္ ေနာက္ ဘာသီခ်င္းေပါ႔ … အခုေတာ႔သူတို႕မသိတဲ႔ သီခ်င္းသံထြက္လာတယ္။

ဒါေၾကာင္႔ နားစြင္႔ရင္းျငိမ္သြားတာ..ဒီမွာ သူတို႔ မၾကားဖူးတဲ႔ အဆိုေတာ္ တစ္ေယာက္ရဲ႕ ေပါက္ကြဲေအာ္ဟစ္ ေတးဆိုသံကို ၾကားလိုက္ရတယ္။ ဒီေတာ႔ ျငိမ္ေနတဲ႔ လူငယ္ေတြ ဘာမွ မေျပာပဲ တစ္ပုဒ္ေတာ႔ နားေထာင္ေနတယ္။

ျပီးေတာ႔ ေနာက္ထပ္ တစ္ပုဒ္လည္းေရာက္ေရာ. . ဆိုင္ထဲက လူငယ္ေတြက“ ဟာ..ဘာသံၾကီးလဲဗ်ာ.။ ဘာသံနဲ႔ ေအာ္ဟစ္ေနတာလဲ.. ကို—-ေရ ဘာေတြဖြင္႔ေနတာလဲဗ်ာ..။ ဘယ္က သီခ်င္းၾကီးလဲ.ခုနေခြပဲျပန္ေျပာင္းလိုက္ပါ. ”

ဒီေတာ႔ ဆိုင္ရွင္က “ ဟိုက ညီေလး ဖြင္႔ခိုင္းတာပါကြာ။ သူဆိုထားတဲ႔ သီခ်င္းလို႔ ေျပာတယ္.ခဏေလးပါ။ ၃ ၊ ၄ ပုဒ္ေလာက္ပါပဲ..ခဏေတာ႔ နားေထာင္ၾကည္႔ပါကြာ..”

ဒီလိုနဲ႔ ၃ ၊ ၄ ပုဒ္ ျပီးသြားေတာ႔လည္း အဆိုေတာ္အသစ္ရဲ႕ အသံကို ၾကားဖူးေနတာ မဟုတ္တဲ႔ အတြက္ သူတို႔ နားမယဥ္ပဲ ကန္႕ကြက္ၾကျပန္တာပါပဲ… “ ကို—–ေရ။ ပိတ္ပါေတာ႔ဗ်ာ။ အကို ပိတ္မလား ကၽြန္ေတာ္တို႔ျပန္ရမလား..ဟားဟားဟား.. ”

ဒီလိုနဲ႔ ဆိုင္ထဲမွာ အျမဲလာ စားေသာက္ၾကျပီး ဆိုင္ရွင္နဲ႔ ရင္းႏွီးေနတဲ႔ လူငယ္ေတြက ဒီလို ေျပာေတာ႔ ဆိုင္ရွင္ အကိုၾကီးလည္း ေခြကိုထုတ္ဖို႔ပဲ ျဖစ္ေနေတာ႔တယ္။

အဆိုေတာ္ လူငယ္ေလးကို ၾကည္႔လိုက္ေတာ႔ မ်က္ႏွာမေပၚ ေအာင္ငိုက္ေဆာင္းထားတဲ႔ ဦးထုပ္ေအာက္ကေခါင္းက ေအာက္ကို စိုက္ၾကေနတယ္။ ဒါအရက္မူးေနလို႔ မဟုတ္ပါ။

စိတ္ဓါတ္က်သြားမိျခင္းပါပဲ။ အဆိုေတာ္လူငယ္ေလးနဲ႔ အတူတူ ပါလာတဲ႔ ေနာက္ထပ္ တစ္ေယာက္ကေတာ႔ ဘာမွတုန္လႈပ္ပံုမျပ သူ႕မ်က္ႏွာကိုလည္း မျမင္ရ ၊ အဆိုေတာ္ေလးကိုလည္းအားေပးစကားမေျပာအဆိုေတာ္ေလးကေတာ႔

လက္ေတြေတာင္မွတဆတ္ဆတ္တုန္ေနျပီ..ဒီအခ်ိန္မွာပဲ ဆိုင္ထဲက လူငယ္ေတြက..“ ကို—- ေျပာင္းလိုက္ေတာ႔ေလဗ်ာ. အခု သီခ်င္းက ဘာေတြမွန္းလည္း မသိဘူး”

တကယ္ေတာ႔ အဆိုေတာ္ အသစ္ဆိုတဲ႔ အတိုင္း သူ႕အသံ သူ႕ဆိုေပါက္ကို မရင္းႏွီးေသးလို႔ပါ။ ဒါေၾကာင္႔လူငယ္ေတြ လက္မခံႏိုင္ျဖစ္ေနၾကရတာ.ဒါနဲ႔ပဲေနာက္ဆံုးမွာလူငယ္ေတြရဲ႕ေတာင္းဆိုမႈေၾကာင္႔ဆိုင္ရွင္အကိုၾကီးလည္း

ဘာမွမတတ္ႏိုင္ပဲ စိတ္မေကာင္းစြာအဆိုေတာ္သစ္ေလးရဲ႕ အေခြကို ထုတ္ဖို႔ လက္အျပင္လိုက္မွာ…“ မထုတ္ပါနဲ႔..ဖြင္႔ထားပါဦး. ဒီသီခ်င္းေလးကေကာင္းပါတယ္။ နင္တို႔ကလည္းဟာခဏေတာ႔ ေစာင္႔ပါဦး။

နင္တို႔ နားမယဥ္ေသးလို႔ မေကာင္းတာပါ။ အသစ္ဆိုေတာ႔လည္း ဒီလိုပဲေပါ႔…နင္တို႕က အသစ္ဆို လက္မခံခ်င္တာ.ဒီလို အသံေလးတစ္ခုကို ၾကားလိုက္ရေတာ႔ ေခါင္းငိုက္စိုက္က် ေနတဲ႔ အဆိုေတာ္သစ္ေလး ေခါင္းဆတ္ကနဲမတ္လာျပီးအသံရွင္ကို ၾကည္႔လိုက္ေတာ႔ ေကာင္မေလး တစ္ေယာက္

သူနဲ႔ အတူတူ သူ႕အေဖလို႔ထင္ရတဲ႔ လူတစ္ေယာက္နဲ႔ လက္ဖက္ရည္ဆိုင္ လာထိုင္တာလို႔ထင္တယ္။ ဆိုင္ထဲမွာရွိတဲ႔ လူငယ္ေတြနဲ႔ကလည္း တရပ္ကြက္သားခ်င္းဆိုေတာ႔ သူငယ္ခ်င္းျဖစ္ဟန္တူတယ္။

ဒါေၾကာင္႔လည္းေကာင္မေလးက ဒီလို ေျပာရဲတာျဖစ္မယ္. ျပီးေတာ႔ ေကာင္မေလး ဆက္ေျပာတယ္။“ ျပီးေတာ႔ နင္တို႔ စဥ္းစားၾကည္႔ေလ.။ နင္တို႔သာဒီလို အဆိုေတာ္ ျဖစ္ျပီး နင္တို႔ ဆိုထားတာကို ဒီလို အေျပာခံရျပီးအေဝဖန္ခံရရင္ ဘယ္လို ခံစားရမလဲ…

ေဝဖန္တယ္ဆိုျပီး မေကာင္းတာ ေျပာမွာထက္ ဘယ္လို လုပ္ရင္ ေကာင္းမယ္ ဆိုတာကိုပဲ ၾကည္႔ျပီး အေကာင္းဘက္ကိုပဲေျပာတတ္ရတယ္။ ” သူမ ဒီလို ေျပာလိုက္ေတာ႔ ဆိုင္ထဲက လူငယ္ေတြကလည္း ဘာမွမေျပာေတာ႔ အဆိုေတာ္ လူငယ္ဘက္ လွည္႔ၾကည္႔ျပီး ျငိမ္သြားတယ္။

သူတို႕လည္း အားနာသြားတဲ႔ ပံုစံေတြ ျပလာၾကတယ္။ ဒါနဲ႔ပဲ အဆိုေတာ္သစ္ေလးရဲ႕အေခြကို တစ္ဖက္လံုးလံုးျပီးေအာင္ ဖြင္႔ခဲ႔တယ္။ တစ္ဖက္ျပီးတဲ႔အခ်ိန္မွာေတာ႔ အေဖာ္ပါလာတဲ႔ လူက ဘာေျပာလိုက္တယ္ မသိဘူး။

အဆိုေတာ္သစ္ေလးကဆိုင္ေကာင္တာကို ထသြားျပီး ဆိုင္ရွင္လူၾကီးကို…“ ေက်းဇူးတင္ပါတယ္.အကို ကၽြန္ေတာ္တို႔ ျပန္လိုက္ပါဦးမယ္.ဖြင္႔ေပးတဲ႔အတြက္ အရမ္းကို ေက်းဇူးတင္ပါတယ္ ”

ဒီလိုေျပာျပီး သူေခြေလးကို ျပန္ယူလာတယ္။ ေနာက္ေတာ႔ သူစားပြဲမွာ ထိုင္ျပီးေဆာ႔ပင္ေလးထုတ္ျပီး အေခြကာဗာမွာတစ္ခုခုေရးေနတယ္.။ ျပီးေတာ႔ သူတို႔စားထားသမွ် ရွင္းျပီး အထမွာေတာ႔ အဆိုေတာ္သစ္ေလးက

ခုက သူ႕အေခြကိုဆက္ဖြင္႔ဖို႔ ေျပာခဲ႔တဲ႔ ေကာင္မေလးဆီကုိ တန္းသြားျပီး “ ေက်းဇူးတင္လိုက္တာ ညီမေလးရာ. သူမ်ားေတြ အကို႔ သီခ်င္းကို လက္မခံဘူးလို႔ ေျပာေနခ်ိန္မွာ အကိုလည္း တကယ္ကို စိတ္ဓါတ္က်သြားတယ္။

ဒီအခ်ိ္န္မွာ ညီမေလးေျပာလိုက္တဲ႔ စကားေၾကာင္႔ အကို ဘယ္ေလာက္ စိတ္ဓါတ္တတ္သြားလဲ .ညီမ သိမွာမဟုတ္ဘူး။ ဒါေပမဲ႔.ဘာပဲ ေျပာေျပာ ညီမေလးကို ေက်းဇူးတင္ပါတယ္။

ေရာ႔…ဒါကေတာ႔ အကို႕ဆိုထားတဲ႔ အေခြ ၊ ညီမကို လက္ေဆာင္ေပးတာ ဒီလကုန္ထြက္မယ္ညီမ.ညီမေျပာခဲ႔တဲ့စကားေတြ အကို ဘယ္ေတာ႔မွ ေမ႕မွာမဟုတ္ေတာ႔ဘူး.အကို အျမဲၾကားေယာင္ေနမွာပါ။

ေကာင္မေလးကလည္း အဆိုေတာ္အသစ္ေပးတဲ႔ အေခြကို လွမ္းယူျပီး အဆိုေတာ္သစ္ကို ျပံဳးျပလိုက္ရင္း “ အကိုက ဘာနာမည္နဲ႔ ဆိုတာလဲ.။ ”ဒီေတာ႔ အဆိုေတာ္သစ္က . .“ အကိုေခြမွာ ပါတယ္ေလ ညီမ.ဟိုဟာက အကို႕ကို အဆိုပါ သင္ေပးတဲ႔ ဆရာပဲ”

အဆိုေတာ္သစ္ညႊန္ျပရာကို ေကာင္မေလး ၾကည္႔လိုက္ေတာ႔ ရပ္ေစာင္႔ေနတဲ႔ဦးထုပ္ငိုက္ငိုက္ေဆာင္းထားတဲ႔ လူက ခဏ ေမာ႔ျပီး ျပံဳးျပတယ္။ေကာင္မေလးထိုလူ႕ကို ျမင္ေတာ႔ အံ့ၾသသြားျပီ

“ ဟင္. . ကို—” “ ဟုတ္တယ္ ညီမေလး အကိုသြားျပီေနာ္. ဦးကိုလည္း ႏႈတ္ဆက္ပါတယ္.။ ကၽြန္ေတာ္သြားေတာ႔မယ္ ”အဆိုေတာ္သစ္ေလးက ေကာင္မေလး အေဖကိုပါ ႏႈတ္တဆက္ျပီး ထြက္သြားေလေတာ႔သည္။

ဒီအျဖစ္အပ်က္ေလးက တကယ္ကို အျပင္မွာ ျဖစ္ခဲ႔တာပါ။ ကၽြန္ေတာ္ ဘာလို႔ သိေနရတာလဲဆိုတာ႔ အဆိုေတာ္သစ္ကို ေျပာခဲ႔တယ္ဆိုတဲ႔ ေကာင္မေလးက ကၽြန္ေတာ္နဲ႔ အတန္းအတူတူ သူငယ္ခ်င္းျဖစ္ျပီးသူျပန္ေျပာျပခဲ႔တာပါ။

ေနာက္ အဆိုေတာ္သစ္ အမွတ္တရ ေပးသြားတဲ႔ အေခြေလးကိုလည္းျပပါတယ္။ ဟုတ္ပါတယ္ ဒီအေခြမွာ အဆိုေတာ္ရဲ႕လက္မွတ္ေလးပါတယ္။ အမွတ္တရလို႔လည္းေရးထားတယ္။

ဒီအေခြကိုၾကည္႔လို္က္ ေတာ႔ အဆိုေတာ္က “ မ်ိဳးၾကီး ” ျဖစ္ျပီး အေခြကေတာ႔ “ေက်ာက္စာမ်ား ” အေခြပဲ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က အဆိုေတာ္ အသစ္ေလး ျဖစ္တဲ႔ “ မ်ိဳးၾကီး ” နဲ႔အတူတူပါလာတာကေတာ႔ “ကိုေလးျဖဴ ” ပါပဲ။

ဒါေပမဲ႔ ဦးထုပ္ငိုက္ငိုက္ေဆာင္းထားျပီးမထင္တဲ႔ အခ်ိန္ မထင္တဲ့ေနရာကို လာတာဆိုေတာ႔ ဘယ္သူမွသတိမထားမိလိုက္တာပါ။ ဘယ္သူမဆိုေတာ႔ ဘဝမွာ မေအာင္ျမင္ခင္အခ်ိန္မွာ အေဝဖန္ခံရႏိုင္ပါတယ္။ ေအာင္ျမင္ေနတဲ႔ အခ်ိန္မွာလည္း အေဝဖန္ခံရ ႏိုင္ပါတယ္။

ဒါေပမဲ႔ လူေတြအားလံုးကေတာ႔ မေဝဖန္ၾကပါဘူး။ အေကာင္းျမင္သူအျပဳသေဘာနဲ႔ ေျပာသူမ်ားရွိေနပါေသးတယ္။ ဒီလိုလူေတြ ရွိေနတာနဲ႔တင္ကၽြန္ေတာ္တို႔ဘဝမွာအသက္ဆက္ ရွင္သန္ႏိုင္ပါတယ္။

Unicode

စိတ်ဓါတ်ကျတဲ့သူများဖတ်ကြည့်ပါ။ တခါတုန်းက မျိုးကြီးဆိုတာ…တခါက . တောင်ဥက္ကလာ ကားလမ်းမ တစ်ခုမှာ ရှိတဲ့ လူငယ်တော်တော်များများ ထိုင်သော နေရာတစ်နေရာကို ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားပြီး ဂျင်းအကျီင်္ဝတ်လူနှစ်ယောက် ဝင်လာတယ်။

သူတို့ မျက်နှာတွေကို သေချာစွာ မမြင်ရ ဒါကြောင့် ဘယ်သူတွေမှန်းလည်းမသိ ဘယ်သူမှလည်း သူတို့ကို အလေးထား စိတ်ဝင်စားမနေကြပါ။ သူတို့ ဝင်လာတဲ့ အချိန်က နေ့လည် ၁ နာရီခွဲဆိုတော့ နေ့လည်ဆိုတာ

သာမာန်ထမင်းစားပြီးသူတွေထိုင်တတ်တဲ့ အချိန်မဟုတ် ဒီအချိန်မှာ လူငယ်တွေကသာသူတို့ကြိုက်ရာ သီချင်းလေးတွေကို နားထောင်ဖို့ ထိုင်တတ်ကြတာ ဒီဆိုင်ကလည်း သူ့အနားပတ်ဝန်းကျင်မှာတော့

နံပါတ်တစ် ထိပ်တန်းဆိုင် ဒီလူနှစ်ယောက် ဆိုင်ထဲမှာ ထိုင်နေတဲ့ အချိန်မှာဒီဆိုင်မှာ ဖွင့်ထားတာက အဲဒီအချိန်မှာ နာမည်ကြီး လူငယ်အကြိုက်ဆုံး သီချင်းခွေလူငယ်အားလုံးကလည်း ဒီသီချင်းလေးကို နားထောင်နေတဲ့ အချိန်

ဒီလိုနဲ့ တစ်နာရီလောက်ကြာတော့ ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတဲ့ လူနှစ်ယောက်ထဲက အသက်ငယ်ငယ်နဲ့လူတစ်ယောက်ကကောင်တာကိုထသွား ပြီး သူ့လက်ထဲက သီချင်းခွေလေး တစ်ခွေကို ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ပေးတယ်။

“ အကို ကျွန်တော့်ကို ဒီအခွေလေး ဖွင့်ပေးပါလား.။ ” ဒီတော့ ဆိုင်ရှင် အကိုကြီးက…“ ဟ .. မင်းအခွေက ဘာခွေလဲကွ” “ ဟို. .သီချင်းခွေပါ။ ကျွန်တော်ကိုယ်တိုင် ဆိုထားတာ။ အဲဒါ ဘယ်လိုနေလဲ လို့ စမ်းဖွင့်ကြည့်စေချင်လို့ပါ”

ဒီတော့ ဆိုင်ရှင် အကိုကြီးက ..“ အင်းလေ .. ခဏတော့ရမယ်။ ဒါပေမဲ့ ငါတို့ကလည်း Customer တွေနဲ့ လုပ်ရတာ ဆိုတော့ သူတို့ ကြိုက်တာ အခု ခေတ်ပေါ်နေတာတွေကို ဖွင့်ပေးရတယ်။

မင်းသီချင်းခွေကို ဖွင့်လို့ သူတို့ မကြိုက်ဘူး ပိတ်ပေးပါ ဆိုရင်တော့ငါ့ကို အပြစ်တော့ မပြောနဲ့ကွာ.နော်..နားလည်ပေး ဟုတ်ပြီလား” ဒီတော့ သီချင်းခွေဖွင့််ခိုင်းတဲ့ အဆိုတော် ပေါက်စလေးက မျက်နှာငယ်လေးနဲ့

“ ဟုတ်ကဲ့.. အကို။ ကျွန်တော် နားလည်ပါတယ်။ ” “ ဒါနဲ့ မင်းအခွေက ထွက်ပြီလား ” “ မထွက်သေးဘူး အကို။ ဒီလကုန်ထွက်မယ် ” “ သြော်..အေးအေး.. ဒီသီချင်းပြီးရင် ဖွင့်ပေးမယ် ”

ဒါနဲ့ ခဏနေတော့ လက်ရှိဖွင့်နေတဲ့ သီချင်းလည်း ပြီးရော ၊ ဆိုင်ရှင် အကိုကြီးက အဆိုတော်သစ်လေး ပေးလိုက်တဲ့ အခွေလေးကို ဖွင့်လိုက်တယ်ဆိုရင် ဆိုင်ထဲက လူငယ်တွေ ငြိမ်ကျသွားတယ်။

အကောင်းငြိမ်တာတော့ မဟုတ်ပါ။ သူတို့ မျှော်လင့်ထားတာက ဒီသီချင်းပြီးရင် နောက် ဘာသီချင်းပေါ့ … အခုတော့သူတို့မသိတဲ့ သီချင်းသံထွက်လာတယ်။

ဒါကြောင့် နားစွင့်ရင်းငြိမ်သွားတာ..ဒီမှာ သူတို့ မကြားဖူးတဲ့ အဆိုတော် တစ်ယောက်ရဲ့ ပေါက်ကွဲအော်ဟစ် တေးဆိုသံကို ကြားလိုက်ရတယ်။ ဒီတော့ ငြိမ်နေတဲ့ လူငယ်တွေ ဘာမှ မပြောပဲ တစ်ပုဒ်တော့ နားထောင်နေတယ်။

ပြီးတော့ နောက်ထပ် တစ်ပုဒ်လည်းရောက်ရော. . ဆိုင်ထဲက လူငယ်တွေက“ ဟာ..ဘာသံကြီးလဲဗျာ.။ ဘာသံနဲ့ အော်ဟစ်နေတာလဲ.. ကို—-ရေ ဘာတွေဖွင့်နေတာလဲဗျာ..။ ဘယ်က သီချင်းကြီးလဲ.ခုနခွေပဲပြန်ပြောင်းလိုက်ပါ. ”

ဒီတော့ ဆိုင်ရှင်က “ ဟိုက ညီလေး ဖွင့်ခိုင်းတာပါကွာ။ သူဆိုထားတဲ့ သီချင်းလို့ ပြောတယ်.ခဏလေးပါ။ ၃ ၊ ၄ ပုဒ်လောက်ပါပဲ..ခဏတော့ နားထောင်ကြည့်ပါကွာ..”

ဒီလိုနဲ့ ၃ ၊ ၄ ပုဒ် ပြီးသွားတော့လည်း အဆိုတော်အသစ်ရဲ့ အသံကို ကြားဖူးနေတာ မဟုတ်တဲ့ အတွက် သူတို့ နားမယဉ်ပဲ ကန့်ကွက်ကြပြန်တာပါပဲ… “ ကို—–ရေ။ ပိတ်ပါတော့ဗျာ။ အကို ပိတ်မလား ကျွန်တော်တို့ပြန်ရမလား..ဟားဟားဟား.. ”

ဒီလိုနဲ့ ဆိုင်ထဲမှာ အမြဲလာ စားသောက်ကြပြီး ဆိုင်ရှင်နဲ့ ရင်းနှီးနေတဲ့ လူငယ်တွေက ဒီလို ပြောတော့ ဆိုင်ရှင် အကိုကြီးလည်း ခွေကိုထုတ်ဖို့ပဲ ဖြစ်နေတော့တယ်။

အဆိုတော် လူငယ်လေးကို ကြည့်လိုက်တော့ မျက်နှာမပေါ် အောင်ငိုက်ဆောင်းထားတဲ့ ဦးထုပ်အောက်ကခေါင်းက အောက်ကို စိုက်ကြနေတယ်။ ဒါအရက်မူးနေလို့ မဟုတ်ပါ။

စိတ်ဓါတ်ကျသွားမိခြင်းပါပဲ။ အဆိုတော်လူငယ်လေးနဲ့ အတူတူ ပါလာတဲ့ နောက်ထပ် တစ်ယောက်ကတော့ ဘာမှတုန်လှုပ်ပုံမပြ သူ့မျက်နှာကိုလည်း မမြင်ရ ၊ အဆိုတော်လေးကိုလည်းအားပေးစကားမပြောအဆိုတော်လေးကတော့

လက်တွေတောင်မှတဆတ်ဆတ်တုန်နေပြီ..ဒီအချိန်မှာပဲ ဆိုင်ထဲက လူငယ်တွေက..“ ကို—- ပြောင်းလိုက်တော့လေဗျာ. အခု သီချင်းက ဘာတွေမှန်းလည်း မသိဘူး”

တကယ်တော့ အဆိုတော် အသစ်ဆိုတဲ့ အတိုင်း သူ့အသံ သူ့ဆိုပေါက်ကို မရင်းနှီးသေးလို့ပါ။ ဒါကြောင့်လူငယ်တွေ လက်မခံနိုင်ဖြစ်နေကြရတာ.ဒါနဲ့ပဲနောက်ဆုံးမှာလူငယ်တွေရဲ့တောင်းဆိုမှုကြောင့်ဆိုင်ရှင်အကိုကြီးလည်း

ဘာမှမတတ်နိုင်ပဲ စိတ်မကောင်းစွာအဆိုတော်သစ်လေးရဲ့ အခွေကို ထုတ်ဖို့ လက်အပြင်လိုက်မှာ…“ မထုတ်ပါနဲ့..ဖွင့်ထားပါဦး. ဒီသီချင်းလေးကကောင်းပါတယ်။ နင်တို့ကလည်းဟာခဏတော့ စောင့်ပါဦး။

နင်တို့ နားမယဉ်သေးလို့ မကောင်းတာပါ။ အသစ်ဆိုတော့လည်း ဒီလိုပဲပေါ့…နင်တို့က အသစ်ဆို လက်မခံချင်တာ.ဒီလို အသံလေးတစ်ခုကို ကြားလိုက်ရတော့ ခေါင်းငိုက်စိုက်ကျ နေတဲ့ အဆိုတော်သစ်လေး ခေါင်းဆတ်ကနဲမတ်လာပြီးအသံရှင်ကို ကြည့်လိုက်တော့ ကောင်မလေး တစ်ယောက်

သူနဲ့ အတူတူ သူ့အဖေလို့ထင်ရတဲ့ လူတစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် လာထိုင်တာလို့ထင်တယ်။ ဆိုင်ထဲမှာရှိတဲ့ လူငယ်တွေနဲ့ကလည်း တရပ်ကွက်သားချင်းဆိုတော့ သူငယ်ချင်းဖြစ်ဟန်တူတယ်။

ဒါကြောင့်လည်းကောင်မလေးက ဒီလို ပြောရဲတာဖြစ်မယ်. ပြီးတော့ ကောင်မလေး ဆက်ပြောတယ်။“ ပြီးတော့ နင်တို့ စဉ်းစားကြည့်လေ.။ နင်တို့သာဒီလို အဆိုတော် ဖြစ်ပြီး နင်တို့ ဆိုထားတာကို ဒီလို အပြောခံရပြီးအဝေဖန်ခံရရင် ဘယ်လို ခံစားရမလဲ…

ဝေဖန်တယ်ဆိုပြီး မကောင်းတာ ပြောမှာထက် ဘယ်လို လုပ်ရင် ကောင်းမယ် ဆိုတာကိုပဲ ကြည့်ပြီး အကောင်းဘက်ကိုပဲပြောတတ်ရတယ်။ ” သူမ ဒီလို ပြောလိုက်တော့ ဆိုင်ထဲက လူငယ်တွေကလည်း ဘာမှမပြောတော့ အဆိုတော် လူငယ်ဘက် လှည့်ကြည့်ပြီး ငြိမ်သွားတယ်။

သူတို့လည်း အားနာသွားတဲ့ ပုံစံတွေ ပြလာကြတယ်။ ဒါနဲ့ပဲ အဆိုတော်သစ်လေးရဲ့အခွေကို တစ်ဖက်လုံးလုံးပြီးအောင် ဖွင့်ခဲ့တယ်။ တစ်ဖက်ပြီးတဲ့အချိန်မှာတော့ အဖော်ပါလာတဲ့ လူက ဘာပြောလိုက်တယ် မသိဘူး။

အဆိုတော်သစ်လေးကဆိုင်ကောင်တာကို ထသွားပြီး ဆိုင်ရှင်လူကြီးကို…“ ကျေးဇူးတင်ပါတယ်.အကို ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်.ဖွင့်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ် ”

ဒီလိုပြောပြီး သူခွေလေးကို ပြန်ယူလာတယ်။ နောက်တော့ သူစားပွဲမှာ ထိုင်ပြီးဆော့ပင်လေးထုတ်ပြီး အခွေကာဗာမှာတစ်ခုခုရေးနေတယ်.။ ပြီးတော့ သူတို့စားထားသမျှ ရှင်းပြီး အထမှာတော့ အဆိုတော်သစ်လေးက

ခုက သူ့အခွေကိုဆက်ဖွင့်ဖို့ ပြောခဲ့တဲ့ ကောင်မလေးဆီကို တန်းသွားပြီး “ ကျေးဇူးတင်လိုက်တာ ညီမလေးရာ. သူများတွေ အကို့ သီချင်းကို လက်မခံဘူးလို့ ပြောနေချိန်မှာ အကိုလည်း တကယ်ကို စိတ်ဓါတ်ကျသွားတယ်။

ဒီအချိ်န်မှာ ညီမလေးပြောလိုက်တဲ့ စကားကြောင့် အကို ဘယ်လောက် စိတ်ဓါတ်တတ်သွားလဲ .ညီမ သိမှာမဟုတ်ဘူး။ ဒါပေမဲ့.ဘာပဲ ပြောပြော ညီမလေးကို ကျေးဇူးတင်ပါတယ်။

ရော့…ဒါကတော့ အကို့ဆိုထားတဲ့ အခွေ ၊ ညီမကို လက်ဆောင်ပေးတာ ဒီလကုန်ထွက်မယ်ညီမ.ညီမပြောခဲ့တဲ့စကားတွေ အကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ဘူး.အကို အမြဲကြားယောင်နေမှာပါ။

ကောင်မလေးကလည်း အဆိုတော်အသစ်ပေးတဲ့ အခွေကို လှမ်းယူပြီး အဆိုတော်သစ်ကို ပြုံးပြလိုက်ရင်း “ အကိုက ဘာနာမည်နဲ့ ဆိုတာလဲ.။ ”ဒီတော့ အဆိုတော်သစ်က . .“ အကိုခွေမှာ ပါတယ်လေ ညီမ.ဟိုဟာက အကို့ကို အဆိုပါ သင်ပေးတဲ့ ဆရာပဲ”

အဆိုတော်သစ်ညွှန်ပြရာကို ကောင်မလေး ကြည့်လိုက်တော့ ရပ်စောင့်နေတဲ့ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့ လူက ခဏ မော့ပြီး ပြံုးပြတယ်။ကောင်မလေးထိုလူ့ကို မြင်တော့ အံ့သြသွားပြီ

“ ဟင်. . ကို—” “ ဟုတ်တယ် ညီမလေး အကိုသွားပြီနော်. ဦးကိုလည်း နှုတ်ဆက်ပါတယ်.။ ကျွန်တော်သွားတော့မယ် ”အဆိုတော်သစ်လေးက ကောင်မလေး အဖေကိုပါ နှုတ်တဆက်ပြီး ထွက်သွားလေတော့သည်။

ဒီအဖြစ်အပျက်လေးက တကယ်ကို အပြင်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော် ဘာလို့ သိနေရတာလဲဆိုတာ့ အဆိုတော်သစ်ကို ပြောခဲ့တယ်ဆိုတဲ့ ကောင်မလေးက ကျွန်တော်နဲ့ အတန်းအတူတူ သူငယ်ချင်းဖြစ်ပြီးသူပြန်ပြောပြခဲ့တာပါ။

နောက် အဆိုတော်သစ် အမှတ်တရ ပေးသွားတဲ့ အခွေလေးကိုလည်းပြပါတယ်။ ဟုတ်ပါတယ် ဒီအခွေမှာ အဆိုတော်ရဲ့လက်မှတ်လေးပါတယ်။ အမှတ်တရလို့လည်းရေးထားတယ်။

ဒီအခွေကိုကြည့်လို်က် တော့ အဆိုတော်က “ မျိုးကြီး ” ဖြစ်ပြီး အခွေကတော့ “ကျောက်စာများ ” အခွေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က အဆိုတော် အသစ်လေး ဖြစ်တဲ့ “ မျိုးကြီး ” နဲ့အတူတူပါလာတာကတော့ “ကိုလေးဖြူ ” ပါပဲ။

ဒါပေမဲ့ ဦးထုပ်ငိုက်ငိုက်ဆောင်းထားပြီးမထင်တဲ့ အချိန် မထင်တဲ့နေရာကို လာတာဆိုတော့ ဘယ်သူမှသတိမထားမိလိုက်တာပါ။ ဘယ်သူမဆိုတော့ ဘဝမှာ မအောင်မြင်ခင်အချိန်မှာ အဝေဖန်ခံရနိုင်ပါတယ်။ အောင်မြင်နေတဲ့ အချိန်မှာလည်း အဝေဖန်ခံရ နိုင်ပါတယ်။

ဒါပေမဲ့ လူတွေအားလုံးကတော့ မဝေဖန်ကြပါဘူး။ အကောင်းမြင်သူအပြုသဘောနဲ့ ပြောသူများရှိနေပါသေးတယ်။ ဒီလိုလူတွေ ရှိနေတာနဲ့တင်ကျွန်တော်တို့ဘဝမှာအသက်ဆက် ရှင်သန်နိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *