လူၾကမ္းသ႐ုပ္ေဆာင္ေတြနဲ႔ ဖြဲ႔ထားတဲ့ ကိုလူေခ်ာအဖြဲ႔ကို ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုလိုက္တဲ့ ဦးစံတင္

ဇာတ္ကား တစ္ကားကို မင္းသား မင္းသမီးနဲ႔ပဲ ဇာတ္လမ္းတစ္ခုျဖစ္ေအာင္ ႐ိုက္လို႔ မရသလို ဇာတ္ပို႔ ဇာတ္ရန္ေတြကလည္း တစ္ေထာင္႔ တစ္ေနရာကေန ပါဝင္အားျဖည့္ေပးၾကပါမွသာ ဇာတ္လမ္းေကာင္းတစ္ခုကိုရ႐ွိမွာျဖစ္ပါတယ္။

ဒီေန႔မွာေတာ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြနဲ႔ ဖြဲ႔ထားတဲ့ ကိုလူေခ်ာအဖြဲ႔ကို စတင္တည္ေထာင္ခဲ့တဲ့ လွံမင္းသားဦးစံတင္ရဲ႕ ကိုလူေခ်ာအဖြဲ႔ဖြဲ႔ ျဖစ္ပံုနဲ႔ အဖြဲ႔ေပၚမွာ သူ႔အေနနဲ႔ ဘယ္လိုခံစားခ်က္ေတြ ႐ွိလဲဆိုတာေျပာျပခဲ့ပါတယ္။

လူေခ်ာမဟုတ္ဘူး။ အစတုန္းက လူၾကမ္းသ႐ုပ္ေဆာင္မ်ားအတြက္ ရန္ပံုေငြ႐ွာေဖြေရးအသင္းဆိုၿပီး ျပန္ေျပာင္းထားတာပါ။ ေျပာင္းတာေတာ့ ကိုယ္ေျပာင္းတာမဟုတ္ဘူး။ ႏိုင္ငံေတာ္အႀကီးအကဲကေနၿပီး ေျပာင္းခိုင္းလို႔ သူတို႔ကပဲ ေျပာင္းလိုက္တာပါ။

ေနာက္ၿပီး လူၾကမ္းအဖြဲ႔ဝင္ေတြကို သိဒၶိတင္ေပးတယ္ေပါ့ေနာ္ အဲ့မွာ စကားေျပာေနရင္းတန္းလန္းနဲ႔ ဇင္ေယာ္ေမာင္ေမာင္ကလွမ္းၿပီး မိတ္ဆက္ေပးတာနဲ႔ ကိုစံတင္ႀကီးဘာလုပ္ေနလဲလို႔ လွမ္းေမးေတာ့ ဒီလိုပါပဲေပါ့…

လူၾကမ္းသ႐ုပ္ေဆာင္ေတြ ဘဝရပ္တည္ေရးအတြက္ ရန္ပံုေငြ အသင္းမွာ ဓမၼကထၳိကလုပ္ေနတယ္ဆိုေတာ့ ဟာ…ေကာင္းတာေပါ့…ဒါေပမယ့္ လူၾကမ္းမင္းသားဆိုတာ နာမည္ဆိုးတယ္။

ေျပာင္းလိုက္ပါဆိုေတာ့ ကိုယ္လည္း ဘယ္ေျပာင္းတတ္မလဲ အဲ့ဒါနဲ႔ ဗိုလ္ခ်ဳပ္ႀကီးကိုယ္တိုင္ပဲ ကင္ပြန္းတပ္ေပးပါလို႔ ကၽြန္ေတာ္ကေတာ့ ဘာေပးရမွန္းမသိဘူး။ သူကလည္း ျဗဳန္းဒုိင္းဆိုေတာ့ ဘာေပးရမွန္းမသိဘူးေလ။

ေနာက္ေတာ့ လူတစ္ေယာက္က ခပ္လွမ္းလွမ္းကေန ဗ်ဳိ့…ကိုစံတင္ႀကီးကိုလူေခ်ာတို႔လာေခ်ၿပီ ဆိုၿပီးေျပာလိုက္တာကို အစြဲျပဳၿပီး ကိုလူေခ်ာမ်ားအဖြဲ႔ဆိုၿပီး ေျပာင္းလိုက္တာပါ။

အဲ့ဒါေဘးကလူေတြ သက္ေသ႐ွိတယ္။ စံတင္က ႀကီးက်ယ္ၿပီးေျပာတာမဟုတ္ဘူး။ ျမတ္ေမာင္တို႔ စိန္သန္းတို႔ ေမာင္ဝင္းတို႔ လူၾကမ္းသ႐ုပ္ေဆာင္ေတြ သက္ေသ႐ွိတယ္။ ဗိုလ္ခ်ဳပ္မွဴးႀကီးကိုယ္တိုင္ေျပာင္းသြားေပးတာပါ လို႔ အဖြဲ႔နာမည္ေျပာင္းခဲ့ရတဲ့အေပၚ ေျဖၾကားေပးခဲ့ပါတယ္။

အဲ့ဒီေနာက္ အဘအသက္ႀကီးလာေတာ့ မလုပ္ႏိုင္ေတာ့တဲ့အခါမွ မင္းတို႔ လုပ္ၾကဆိုၿပီး လႊဲေပးခဲ့တာပါ။ အဲ့ေနာက္မွ ဦးေအာင္ခိုင္တို႔ ဘယ္သူတို႔ ဆက္လုပ္ၾကတာပါ။

ကၽြန္ေတာ္တို႔ရဲ႕ အဓိက ေက်းဇူး႐ွင္က တျခားသူေတာ့မဟုတ္ဘူး ရဟန္းေဘာင္မွာ အ႐ိုးထုတ္ေနတဲ့ မင္းသားႀကီး ဒါ႐ိုက္တာ ဦးေက်ာ္ဟိန္းပါ။ လူၾကမ္းသ႐ုပ္ေဆာင္ သံုးေလးဆယ္ေလာက္ သူေဌးတစ္ဦးရဲ႕ အကူညီနဲ႔

ဒုလႅပတ္ရဟန္းဝတ္မယ္ဆိုၿပီး သတင္းလည္းၾကားေရာ ျမန္မာႏိုင္ငံ႐ုပ္႐ွင္အစည္းအရံုးကတစ္ဆင့္ လွမ္းဖိတ္လိုက္တယ္ မဟာစည္ဓာနရိပ္သာကို ဆြမ္းဘုန္းေပးဖို႔ ႂကြေပးၾကပါ။

အစကသူဘာမွ မေျပာေသးဘူး။ ဒန္ေပါက္ဆြမ္းကပ္တယ္။ ဆြမ္းဘုန္းေပးၿပီး ျပန္ႂကြေတာ့မယ့္ အခ်ိန္မွာ သူက ဦးဇင္း ဦးစံတင္နဲ႔ စကားေျပာခ်င္လို႔ ေနခဲ့ပါအံုးဆိုၿပီး ေလွ်ာက္တယ္။

က်န္တဲ့သံဃာေတာ္ေတြျပန္သြားေတာ့ သူက လက္အုပ္ေလးခ်ီၿပီး ကန္ေတာ့တယ္။ ၿပီးေတာ့ ကိုလူေခ်ာမ်ားအဖြဲ႔အတြက္ ဆယ္သိန္းအလွဴေငြေပးတယ္။ အဲ့ဆယ္သိန္းကို အဖြဲ႔ေတြခြဲေပးလိုက္ရင္ တစ္ေယာက္ ဘယ္ေလာက္မွ ရမွာမဟုတ္ဘူးေလ…

အဲ့ဒါနဲ႔ ဒါကာႀကီးလုပ္ေပးတာက ဦးဇင္းလုပ္တာထက္ ပိုၿပီးထိေရာက္မႈ႐ွိပါတယ္ ဆုိၿပီး အဲ့ဒါေလးနဲ႔ လူၾကမ္းသ႐ုပ္ေဆာင္ေတြ ဘဝေ႐ွ႕ေရးအတြက္ ပြားေအာင္လုပ္ေပးပါဆိုၿပီး ျပန္တာဝန္ေပးလိုက္တယ္။

ေနာက္သံုးေလးလေလာက္ေနေရာ ခံစားၾကည့္လိုက္ပါ ဆိုတဲ့ ဇာတ္ကားတစ္ကား႐ိုက္ေပးတယ္။ လူၾကမ္းေတြရဲ႕ ဘဝကိုျပန္႐ိုက္ထားတာ အဲ့ကားေလးကို ျပန္ေရာင္းလိုက္ေတာ့ သိန္း သံုး..ေလးဆယ္ေလာက္ျပန္ရတယ္။

ေနာက္ၿပီး အရင္း ဆယ္သိန္းေလးနဲ႔ က်န္တာေတြက ေမတၱာေတြနဲ႔ ကူညီေပးၾကတယ္။ အဲ့ဒါသူ႔ေၾကာင့္ေလ သူေၾကာင့္ လုပ္ေပးၾကတာေပါ့။ အဲ့ဒီကေနစၿပီး ေနာက္ပိုင္း တစ္သိန္းလွဴလိုက္ အဖြဲ႔အတြက္လွဴလိုက္ အဘအတြက္သက္သက္လွဴလိုက္နဲ႔

ဒီေန႔ထိ အဲ့ဒိကိုလူေခ်ာအဖြဲ႔က ကိုေက်ာ္ဟိန္းကို ေက်းဇူးတင္စကားမေျပာၾကဘူး။ မသိစရာအေၾကာင္းလဲမ႐ွိပါဘူး။ သူတို႔ပဲအဲ့ဒါနဲ႔ စားၿပီး ကန္ေတာ့ပါရဲ႕ ခ်ီးပဲျဖစ္ေနၿပီ ဒီေန႔ထိ ေက်းဇူးတင္ဖို႔ သတိမရၾကဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

Unicode

ဇာတ်ကား တစ်ကားကို မင်းသား မင်းသမီးနဲ့ပဲ ဇာတ်လမ်းတစ်ခုဖြစ်အောင် ရိုက်လို့ မရသလို ဇာတ်ပို့ ဇာတ်ရန်တွေကလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်အားဖြည့်ပေးကြပါမှသာ ဇာတ်လမ်းကောင်းတစ်ခုကိုရရှိမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ လူကြမ်းသရုပ်ဆောင်တွေနဲ့ ဖွဲ့ထားတဲ့ ကိုလူချောအဖွဲ့ကို စတင်တည်ထောင်ခဲ့တဲ့ လှံမင်းသားဦးစံတင်ရဲ့ ကိုလူချောအဖွဲ့ဖွဲ့ ဖြစ်ပုံနဲ့ အဖွဲ့ပေါ်မှာ သူ့အနေနဲ့ ဘယ်လိုခံစားချက်တွေ ရှိလဲဆိုတာပြောပြခဲ့ပါတယ်။

လူချောမဟုတ်ဘူး။ အစတုန်းက လူကြမ်းသရုပ်ဆောင်များအတွက် ရန်ပုံငွေရှာဖွေရေးအသင်းဆိုပြီး ပြန်ပြောင်းထားတာပါ။ ပြောင်းတာတော့ ကိုယ်ပြောင်းတာမဟုတ်ဘူး။ နိုင်ငံတော်အကြီးအကဲကနေပြီး ပြောင်းခိုင်းလို့ သူတို့ကပဲ ပြောင်းလိုက်တာပါ။

နောက်ပြီး လူကြမ်းအဖွဲ့ဝင်တွေကို သိဒ္ဓိတင်ပေးတယ်ပေါ့နော် အဲ့မှာ စကားပြောနေရင်းတန်းလန်းနဲ့ ဇင်ယော်မောင်မောင်ကလှမ်းပြီး မိတ်ဆက်ပေးတာနဲ့ ကိုစံတင်ကြီးဘာလုပ်နေလဲလို့ လှမ်းမေးတော့ ဒီလိုပါပဲပေါ့…

လူကြမ်းသရုပ်ဆောင်တွေ ဘဝရပ်တည်ရေးအတွက် ရန်ပုံငွေ အသင်းမှာ ဓမ္မကထ္ထိကလုပ်နေတယ်ဆိုတော့ ဟာ…ကောင်းတာပေါ့…ဒါပေမယ့် လူကြမ်းမင်းသားဆိုတာ နာမည်ဆိုးတယ်။

ပြောင်းလိုက်ပါဆိုတော့ ကိုယ်လည်း ဘယ်ပြောင်းတတ်မလဲ အဲ့ဒါနဲ့ ဗိုလ်ချုပ်ကြီးကိုယ်တိုင်ပဲ ကင်ပွန်းတပ်ပေးပါလို့ ကျွန်တော်ကတော့ ဘာပေးရမှန်းမသိဘူး။ သူကလည်း ဗြုန်းဒိုင်းဆိုတော့ ဘာပေးရမှန်းမသိဘူးလေ။

နောက်တော့ လူတစ်ယောက်က ခပ်လှမ်းလှမ်းကနေ ဗျို့…ကိုစံတင်ကြီးကိုလူချောတို့လာချေပြီ ဆိုပြီးပြောလိုက်တာကို အစွဲပြုပြီး ကိုလူချောများအဖွဲ့ဆိုပြီး ပြောင်းလိုက်တာပါ။

အဲ့ဒါဘေးကလူတွေ သက်သေရှိတယ်။ စံတင်က ကြီးကျယ်ပြီးပြောတာမဟုတ်ဘူး။ မြတ်မောင်တို့ စိန်သန်းတို့ မောင်ဝင်းတို့ လူကြမ်းသရုပ်ဆောင်တွေ သက်သေရှိတယ်။ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ပြောင်းသွားပေးတာပါ လို့ အဖွဲ့နာမည်ပြောင်းခဲ့ရတဲ့အပေါ် ဖြေကြားပေးခဲ့ပါတယ်။

အဲ့ဒီနောက် အဘအသက်ကြီးလာတော့ မလုပ်နိုင်တော့တဲ့အခါမှ မင်းတို့ လုပ်ကြဆိုပြီး လွှဲပေးခဲ့တာပါ။ အဲ့နောက်မှ ဦးအောင်ခိုင်တို့ ဘယ်သူတို့ ဆက်လုပ်ကြတာပါ။

ကျွန်တော်တို့ရဲ့ အဓိက ကျေးဇူးရှင်က တခြားသူတော့မဟုတ်ဘူး ရဟန်းဘောင်မှာ အရိုးထုတ်နေတဲ့ မင်းသားကြီး ဒါရိုက်တာ ဦးကျော်ဟိန်းပါ။ လူကြမ်းသရုပ်ဆောင် သုံးလေးဆယ်လောက် သူဌေးတစ်ဦးရဲ့ အကူညီနဲ့

ဒုလ္လပတ်ရဟန်းဝတ်မယ်ဆိုပြီး သတင်းလည်းကြားရော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကတစ်ဆင့် လှမ်းဖိတ်လိုက်တယ် မဟာစည်ဓာနရိပ်သာကို ဆွမ်းဘုန်းပေးဖို့ ကြွပေးကြပါ။

အစကသူဘာမှ မပြောသေးဘူး။ ဒန်ပေါက်ဆွမ်းကပ်တယ်။ ဆွမ်းဘုန်းပေးပြီး ပြန်ကြွတော့မယ့် အချိန်မှာ သူက ဦးဇင်း ဦးစံတင်နဲ့ စကားပြောချင်လို့ နေခဲ့ပါအုံးဆိုပြီး လျှောက်တယ်။

ကျန်တဲ့သံဃာတော်တွေပြန်သွားတော့ သူက လက်အုပ်လေးချီပြီး ကန်တော့တယ်။ ပြီးတော့ ကိုလူချောများအဖွဲ့အတွက် ဆယ်သိန်းအလှူငွေပေးတယ်။ အဲ့ဆယ်သိန်းကို အဖွဲ့တွေခွဲပေးလိုက်ရင် တစ်ယောက် ဘယ်လောက်မှ ရမှာမဟုတ်ဘူးလေ…

အဲ့ဒါနဲ့ ဒါကာကြီးလုပ်ပေးတာက ဦးဇင်းလုပ်တာထက် ပိုပြီးထိရောက်မှုရှိပါတယ် ဆိုပြီး အဲ့ဒါလေးနဲ့ လူကြမ်းသရုပ်ဆောင်တွေ ဘဝရှေ့ရေးအတွက် ပွားအောင်လုပ်ပေးပါဆိုပြီး ပြန်တာဝန်ပေးလိုက်တယ်။

နောက်သုံးလေးလလောက်နေရော ခံစားကြည့်လိုက်ပါ ဆိုတဲ့ ဇာတ်ကားတစ်ကားရိုက်ပေးတယ်။ လူကြမ်းတွေရဲ့ ဘဝကိုပြန်ရိုက်ထားတာ အဲ့ကားလေးကို ပြန်ရောင်းလိုက်တော့ သိန်း သုံး..လေးဆယ်လောက်ပြန်ရတယ်။

နောက်ပြီး အရင်း ဆယ်သိန်းလေးနဲ့ ကျန်တာတွေက မေတ္တာတွေနဲ့ ကူညီပေးကြတယ်။ အဲ့ဒါသူ့ကြောင့်လေ သူကြောင့် လုပ်ပေးကြတာပေါ့။ အဲ့ဒီကနေစပြီး နောက်ပိုင်း တစ်သိန်းလှူလိုက် အဖွဲ့အတွက်လှူလိုက် အဘအတွက်သက်သက်လှူလိုက်နဲ့

ဒီနေ့ထိ အဲ့ဒိကိုလူချောအဖွဲ့က ကိုကျော်ဟိန်းကို ကျေးဇူးတင်စကားမပြောကြဘူး။ မသိစရာအကြောင်းလဲမရှိပါဘူး။ သူတို့ပဲအဲ့ဒါနဲ့ စားပြီး ကန်တော့ပါရဲ့ ချီးပဲဖြစ်နေပြီ ဒီနေ့ထိ ကျေးဇူးတင်ဖို့ သတိမရကြဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *