မြူးမြူးကြွကြွလေးနဲ့ သီဆိုထားပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလာနေတဲ့ နီနီခင်ဇော်ရဲ့ တရုတ်နှစ်သစ်ကူးသီချင်းသစ်လေး

နီနီခင်ဇော်ကတော့မြန်မာနိုင်ငံရဲ့ကိုယ်စားပြုတေးသံရှင်တစ်ဦးအဖြစ်နိုင်ငံတကာမှာလည်းဆုတွေရယူသိမ်းပိုက်ပေးနိုင်ခဲ့သလိုတေးသံရှင်တစ်ယောက်အဖြစ်ငြိမ်းချမ်းရေးသံတမန်တစ်ဦးအစြဖ်လည်းခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

သူမရဲ့သီချင်းလေးတွေဟာ ခံစားချက်တွေကို ထိရှစေလာက်အောင် အဓိပ္ပာယ်ရှိလွန်းပြီး အရမ်းကို ရေပန်းစားပါတယ်။

ယနေ့မှာတော့နီနီခင်ဇော်တစ်ယောက်တရုတ်နှစ်သစ်ကူးသီချင်းသစ်လေးကိုမြူးမြူးကြွကြွလေးနဲ့သီဆိုထားပြီးပရိသတ်တွေကြားမှာရေပန်းစားလာနေခဲ့ပါတယ်။

ဒီသီချင်းကိုတော့မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကစီစဉ်ပြီးသူတို့ရဲ့ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေပေးခဲ့တာပ ဖြစ်ပါတယ်။

ဒီသီချင်းထဲမှာတော့နီနီခင်ဇော်ကတရုတ်ရိုးရာအစဉ်အလာအတိုင်းအနီရောင်ရဲရဝတ်စုံကိုဝင်ဆင်ထားခဲ့ပြီးလမ်းဆုံလမ်းမတွေတလျှောက်မီးပုံတွေဆင်ယင်ထားခဲ့တာတွေကြားသီဆိုသရုပ်ဆောင်မှုတွေအပြင်

မနှစ်ကရန်ကုန်မြို့မှာကျင်းပခဲ့တဲ့တရုတ်နှစ်သစ်ကူးပွဲတော် တက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပုံရိပ်တွေ၊တခြားဂီတအကအလှတွေကိုပါ ပုံဖော်ရိုက်ကူးထားခဲ့တာကို ရှုစားကြရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *