ပထမဦးဆုံးရတဲ့ အနုပညာကြေးလေးနဲ့ အမေကို အရင်ဆုံးကန်တော့ခဲ့တဲ့ ကိုကိုဦးရဲ့သားလေး ​သီဟအောင်
UNICODE
လတ်တလောလူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ဇာတ်ပို့သရုပ်ဆောင်ကိုကိုဦးရဲ့သားလေးသီဟအောင်ကတော့ အကယ်ဒမီပေးပွဲမှာရွှေကြိုအဖြစ်နဲ့ပါဝင်ပြီးနောက်ပိုင် း ပရိသတ်တွေပိုသတိထားမိလာကြတာပါ။လတ်တလောမှာတောအနုပညာအလုပ်တွေလုပ်နေရပြီဖြစ်တဲ့ ကိုကိုဦးရဲ့သားချောလေးသီဟအောင်ကတော့ ဒီနေ့လေးမှာပထမဦးဆုံးရရှိလာတဲ့ အနုပညာကြောင်းလေးနဲ့မိခင်ဖြစ်သူကို ကန်တော့ခဲ့တဲ့အကြောင်းလူမှုကွန်ယက်ပေါ်မှာတင်ထားတာတွေ့ရပါတယ်။မိဘကိုသိတတ်တဲ့သားလိမ္မာလေး သီဟအောင်ကိုတော့ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။
ချစ်ပရိသတ်တွေအတွက်ပထမဦးဆုံးရရှိလာတဲ့ အနုပညာကြေးလေးနဲ့မိခင်ကိုဦးဦးဖျားဖျားကန်တော့ခဲ့တဲ့ သီဟအောင်ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်နေ်ာ။သီဟအောင်ကတော့”ပထမဦးဆုံးရတဲ့အနုပညာကြေးနဲ့မေမေ့ကိုအရင်ဆုံးကန်တော့တယ်အတိုင်းမသိရင်ထဲမှာ သားနားလည်သလောက်ဘာနှင့်မှမလဲနိုင်အောင်ပျော်ရွှင်ရပါတယ်ဒီထက်မကလည်းဖေဖေနှင့်မေမေကိုအလုပ်အကျွေးပြုရပါစေ❤” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။
စကားပြောရင်လည်းသားသားနဲ့ ပါးစပ်ဖျားကမချတမ်းပြောတတ်တဲ့သီဟအောင်ကိုတော့ ပရိသတ်တွေကချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပြီး အားပေးနေတာကိုတွေ့ရပါတယ်။လတ်တလောမှာတော့ သီဟအောင်ကအနုပညာအလုပ်လေးတွေလည်း အနည်းငယ်စတင်လုပ်လာပြီပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်းမိဘကို အရမ်းသိတတ်တဲ့ သရုပ်ဆောင်ကိုကိုဦးရဲ့သားချောလေး သီဟအောင်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Leave a Reply
Your email address will not be published. Required fields are marked *