ေတာင္ကိုရီးယားႏိုင္ငံရဲ႕ သရုပ္ေဆာင္ေၾကးအျမင္႔ဆံုးေသာ မင္းသမီး (၁၀) လက္

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ေဖ်ာ္ေျဖေရးေလာကမွာ နာမည္ေက်ာ္သရုပ္ေဆာင္မင္းသမီးေတြဆိုတာ လက္ခ်ိဳးေရတြက္လို႔မရေအာင္ေပါမ်ားလွပါတယ္။ ဒီလိုမ်ားျပားလွတဲ႔ သရုပ္ေဆာင္ေတြထဲမွာမွ အခုေဖာ္ျပေပးခ်င္တဲ႔ အေၾကာင္းအရာေလးကေတာ႔ သရုပ္ေဆာင္ေၾကးအျမင္႔ဆံုးေသာ ထိပ္တန္းမင္းသမီး(၁၀)ေယာက္ျဖစ္ပါတယ္။ဘယ္သူေတြက ဘယ္ေလာက္ေတာင္မ်ားျပားတဲ႔ သရုပ္ေဆာင္ေၾကးပမာဏေတြ ရရွိထားၾကသလဲဆိုတာကို ဆက္လက္ၾကည္႔ရွူလိုက္ၾကရေအာင္။

10. Park Shin Hye

”Stairway to Heaven” ဇာတ္လမ္းတြဲနဲ႔ သရုပ္ေဆာင္ေလာကထဲကို စတင္၀င္ေရာက္ခဲ႔တဲ႔ မင္းသမီး Park Shin Hye ကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $16,700 USD (ျမန္မာေငြ သိန္း ၂၆၀ ပတ္၀န္းက်င္) ရရွိတာ ျဖစ္ပါတယ္။

9. Park Bo Young

“Strong Woman Do Bong Sun” ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမွဳမ်ားစြာကို ရရွိခဲ႔တဲ႔ မင္းသမီး Park Bo Young ကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းစာကို $25,000 USD (ျမန္မာေငြ သိန္း ၄၀၀ ပတ္၀န္းက်င္) ရရွိတယ္လို႔ သိရပါတယ္။

8. Shin Min Ah

ေျမေခြးမေလး ကိုယ္႔ခ်စ္သူ လို႔ ပရိသတ္ေတြကသိၾကတဲ႔ ”My Girlfriend is a nine-tailed fox” ဇာတ္လမ္းတြဲရဲ႕ မင္းသမီး Shin Min Ah ကလည္းပဲ ဇာတ္လမ္းတြဲတစ္ပိုင္းကို $25,000 USD ရရွိတာျဖစ္ပါတယ္။

7. Gong Hyo Jin

သဘာ၀မင္းသမီးလို႔သတ္မွတ္လုိ႔ရတဲ႔မင္းသမီးGongHyoJinကေတာ႔က်ရာဇာတ္ရုပ္ကိုပီျပင္ေအာင္သရုပ္ေဆာင္ႏိုင္တဲ႔သူတစ္ေယာက္ ျဖစ္ပါတယ္။ သူမရရွိတဲ႔ သရုပ္ေဆာင္ေၾကးကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $33,400USDရရွိတာျဖစ္ျပီး ျမန္မာေငြနဲ႔တြက္ၾကည္႔ရင္ေတာ႔ သိန္း ၅၀၀ ေက်ာ္ပါတယ္။

6. Kim Tae Hee

နာမည္ေက်ာ္မင္းသမီးKimTaeHeeရရွိတဲ႔ပမာဏကလည္းGongHyoJinရရွိတဲ႔ပမာဏနဲ႔အတူတူပဲျဖစ္ျပီးဇာတ္လမ္းတြဲတစ္ပိုင္းကို $33,400 USD ရရွိတာ ျဖစ္ပါတယ္။

5. Song Hye Kyo

“ေဆာင္းဦးရြက္ေၾကြ ခ်စ္သက္ေသ”၊ “အခ်စ္စံအိမ္”ဇာတ္လမ္းတြဲေတြနဲ႔ျမန္မာပရိသတ္ေတြရဲ႕အခ်စ္ေတာ္ျဖစ္ခဲ႔တဲ႔မင္းသမီး Song Hye Kyo ကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $41,800 USD (ျမန္မာေငြ သိန္း ၆၆၀ ပတ္၀န္းက်င္)ကိုရရွိ တ ယ္လို႔ သိရပါတယ္။

4. Choi Ji Woo

ျမန္မာပရိသတ္တို႔နဲ႔ မစိမ္းတဲ႔ မင္းသမီး Choi Ji Woo ကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို Song Hye Kyo ရရွိတဲ႔ ပမာဏနဲံ႔တူညီစြာ $41,800 USD ရရွိတာျဖစ္ပါတယ္။

3. Ha Ji Won

“ဘုရင္မသစၥာ” ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိထားတဲ႔ စြယ္စံုရမင္းသမီး “Ha Ji Won” ကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $42000 USD ရရွိတာျဖစ္ျပီး ျမန္မာေငြနဲ႔ တြက္ခ်က္ၾကည္႔ရင္ေတာ႔ သိ္န္း ၆၇၀ ပတ္၀န္းက်င္မွွ် ရွိပါတယ္။

2. Lee Young Ae

ခ်န္ဂင္ ဇာတ္ေကာင္နဲ႔ ပရိသတ္တို႔ရဲ႕ ေနာက္ထပ္အခ်စ္ေတာ္တစ္ေယာက္ျဖစ္ခဲ႔တဲ႔ မင္းသမီးၾကီး Lee YoungAeကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $83500 USD မွ် ရရွိတာျဖစ္ျပီး ျမန္မာေငြနဲ႔ တြက္ၾကည္႔ရင္ေတာ႔သိန္း၁၃၀၀ေက်ာ္မွ်ရွိပါတယ္။

1.Jun Ji-Hyun

သရုပ္ေဆာင္ေၾကး အျမင္႔ဆံုးမင္းသမီးကေတာ႔ ပရိသတ္တို႔ ခန္႔မွန္းထားတဲ႔အတိုင္း မင္းသမီး Jun Ji Hyun ပဲ ျဖစ္ပါတယ္။ အနုပညာသက္တမ္္းတစ္ေလွ်ာက္မွာ ဇာတ္လမ္းတြဲ(၄)တြဲမွ်သာရုိက္ကူးခဲ႔တဲ႔ သူမရဲ႕သရုပ္ေဆာင္ေၾကးကေတာ႔ ဇာတ္လမ္းတြဲတစ္ပိုင္းကို $83,900USDရရွိတာျဖစ္ျပီးျမန္မာေငြတန္ဖိုးနဲ႔ဆိုရင္ေတာ႔သိန္း၁၃၄၀ပတ္၀န္းက်င္ရွိပါတယ္။အေခ်ာဆံုးေသာ မင္းသမီးေတြရဲ႕ စာရင္းမွာလည္း နံပါတ္ ၁ ေနရာက ယူထားသလို သရုပ္ေဆာင္ေၾကးအျမင္႔ဆံုးစာရင္းမွာလည္း ထိပ္ဆံုးမွာရပ္တည္ေနတဲ႔ Jun Ji Hyun ကေတာ႔ တကယ္ကို လက္ဖ်ားခါေလာက္ပါတယ္ေနာ္…ပရိသတ္ၾကီးေရ။

UNICODE

တောင်ကိုရီးယားနိုင်ငံရဲ့ဖျော်ဖြေရေးလောကမှာ နာမည်ကျော်သရုပ်ဆောင်မင်းသမီးတွေဆိုတာ လက်ချိုးရေတွက်လို့မရအောင်ပေါများလှပါတယ်။ ဒီလိုများပြားလှတဲ့ သရုပ်ဆောင်တွေထဲမှာမှ အခုဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ သရုပ်ဆောင်ကြေးအမြင့်ဆုံးသော ထိပ်တန်းမင်းသမီး(၁၀)ယောက်ဖြစ်ပါတယ်။ဘယ်သူတွေက ဘယ်လောက်တောင်များပြားတဲ့ သရုပ်ဆောင်ကြေးပမာဏတွေ ရရှိထားကြသလဲဆိုတာကို ဆက်လက်ကြည့်ရှူလိုက်ကြရအောင်။

10. Park Shin Hye

”Stairway to Heaven” ဇာတ်လမ်းတွဲနဲ့ သရုပ်ဆောင်လောကထဲကို စတင်ဝင်ရောက်ခဲ့တဲ့ မင်းသမီး Park Shin Hye ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $16,700 USD (မြန်မာငွေ သိန်း ၂၆၀ ပတ်ဝန်းကျင်) ရရှိတာ ဖြစ်ပါတယ်။

9. Park Bo Young

“Strong Woman Do Bong Sun” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အားပေးမှုများစွာကို ရရှိခဲ့တဲ့ မင်းသမီး Park Bo Young ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းစာကို $25,000 USD (မြန်မာငွေ သိန်း ၄၀၀ ပတ်ဝန်းကျင်) ရရှိတယ်လို့ သိရပါတယ်။

8. Shin Min Ah

မြေခွေးမလေး ကိုယ့်ချစ်သူ လို့ ပရိသတ်တွေကသိကြတဲ့ ”My Girlfriend is a nine-tailed fox” ဇာတ်လမ်းတွဲရဲ့ မင်းသမီး Shin Min Ah ကလည်းပဲ ဇာတ်လမ်းတွဲတစ်ပိုင်းကို $25,000 USD ရရှိတာဖြစ်ပါတယ်။

7. Gong Hyo Jin

သဘာဝမင်းသမီးလို့သတ်မှတ်လို့ရတဲ့မင်းသမီးGongHyoJinကတော့ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမရရှိတဲ့ သရုပ်ဆောင်ကြေးကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $33,400USDရရှိတာဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်ရင်တော့ သိန်း ၅၀၀ ကျော်ပါတယ်။

6. Kim Tae Hee

နာမည်ကျော်မင်းသမီးKimTaeHeeရရှိတဲ့ပမာဏကလည်းGongHyoJinရရှိတဲ့ပမာဏနဲ့အတူတူပဲဖြစ်ပြီးဇာတ်လမ်းတွဲတစ်ပိုင်းကို $33,400 USD ရရှိတာ ဖြစ်ပါတယ်။

5. Song Hye Kyo

“ဆောင်းဦးရွက်ကြွေ ချစ်သက်သေ”၊ “အချစ်စံအိမ်”ဇာတ်လမ်းတွဲတွေနဲ့မြန်မာပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့မင်းသမီး Song Hye Kyo ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $41,800 USD (မြန်မာငွေ သိန်း ၆၆၀ ပတ်ဝန်းကျင်)ကိုရရှိ တ ယ်လို့ သိရပါတယ်။

4. Choi Ji Woo

မြန်မာပရိသတ်တို့နဲ့ မစိမ်းတဲ့ မင်းသမီး Choi Ji Woo ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို Song Hye Kyo ရရှိတဲ့ ပမာဏနဲံ့တူညီစွာ $41,800 USD ရရှိတာဖြစ်ပါတယ်။

3. Ha Ji Won

“ဘုရင်မသစ္စာ” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ စွယ်စုံရမင်းသမီး “Ha Ji Won” ကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $42000 USD ရရှိတာဖြစ်ပြီး မြန်မာငွေနဲ့ တွက်ချက်ကြည့်ရင်တော့ သိ်န်း ၆၇၀ ပတ်ဝန်းကျင်မျှှ ရှိပါတယ်။

2. Lee Young Ae

ချန်ဂင် ဇာတ်ကောင်နဲ့ ပရိသတ်တို့ရဲ့ နောက်ထပ်အချစ်တော်တစ်ယောက်ဖြစ်ခဲ့တဲ့ မင်းသမီးကြီး Lee YoungAeကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $83500 USD မျှ ရရှိတာဖြစ်ပြီး မြန်မာငွေနဲ့ တွက်ကြည့်ရင်တော့သိန်း၁၃၀၀ကျော်မျှရှိပါတယ်။

1.Jun Ji-Hyun

သရုပ်ဆောင်ကြေး အမြင့်ဆုံးမင်းသမီးကတော့ ပရိသတ်တို့ ခန့်မှန်းထားတဲ့အတိုင်း မင်းသမီး Jun Ji Hyun ပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ််းတစ်လျှောက်မှာ ဇာတ်လမ်းတွဲ(၄)တွဲမျှသာရိုက်ကူးခဲ့တဲ့ သူမရဲ့သရုပ်ဆောင်ကြေးကတော့ ဇာတ်လမ်းတွဲတစ်ပိုင်းကို $83,900USDရရှိတာဖြစ်ပြီးမြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့သိန်း၁၃၄၀ပတ်ဝန်းကျင်ရှိပါတယ်။အချောဆုံးသော မင်းသမီးတွေရဲ့ စာရင်းမှာလည်း နံပါတ် ၁ နေရာက ယူထားသလို သရုပ်ဆောင်ကြေးအမြင့်ဆုံးစာရင်းမှာလည်း ထိပ်ဆုံးမှာရပ်တည်နေတဲ့ Jun Ji Hyun ကတော့ တကယ်ကို လက်ဖျားခါလောက်ပါတယ်နော်…ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *