မွေးရပ်မြေမှာ အလှူတွေလုပ်ပြီး မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ပေးခဲ့တဲ့ နေတိုးတို့ မိသားစု(ရုပ်/သံ)




မွေးရပ်မြေမှာ အလှူတွေလုပ်ပြီး မင်းသွေးအတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ပေးခဲ့တဲ့ နေတိုးတို့ မိသားစု(ရုပ်/သံ)

UNICODE

ပရိတ်သတ်ကြီးရေအနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ ရခိုင်တိုင်းရင်းသားလေးအကယ်ဒမီနေတိုးကတော့ အနုပညာလောကထဲကို လျှောက်လှမ်းလာခဲ့တာဟာဆိုရင် သက်တမ်းတစ်ခုထိ ကြာမြင့်နေပြီဖြစ်ပါတယ်။နေတိုးက အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့ကတည်းက ရှည်လျားတဲ့အရ ပ်အမောင်းနဲ့ချောမောပြေပြစ်တဲ့ရုပ်ရည်တို့ကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။

နေတိုးကအခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးတွေဟာဆိုရင်လည်း ပရိတ်သတ်ရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး လူကြိုက်များခဲ့ပါတယ်နော်။နေတိုးက အခုဆိုရင် အရင်ကထက် ပိုမိုခန့်ညားလာပြီး ဘက်စုံတော်တဲ့သူတစ်ယောက်ဖြစ်လို့ ပရိတ်သတ်တွေရဲ့လေးစားချစ်ခင်ခြင်းတွေကို တစ်ခဲနက်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အခုဆိုရင်တော့နေတိုးတို့မိသားစုကမွေးရပ်မြေရခိုင်ပြည်နယ်ကိုရောက်ရှိနေပြီး အလှူတွေလည်းလုပ်ကာညီလေးမင်းသွေးအတွက်လည်း ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့ကြပြီး ပရိတ်သတ်တွေကလည်းမင်းသွေးအတွက် စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ရပါတယ်။အခုဆိုရင်တော့နေတိုးတို့မိသားစုရဲ့ အလှူပုံရိပ်လေးတွေကို
ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *