ဧဝရက်လေးရဲ့ မွေးနေ့လေးမှာ ကျောင်းကသူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပွဲကို ပျော်ပျော်ပါးပါး ကျင်းပပေးခဲ့တဲ့ လူမင်း





UNICODE

ပရိတ်သတ်ကြီးရေအကယ်ဒမီလူမင်းကတော့ဟိုးအရင်ကတည်းကဇာတ်ကားတွေမှာအိုင်တင်အရမ်းကောင်းခဲ့တဲ့မင်းသားတစ်လက်ဖြစ်ပါတယ်။ခန့်ညားချောမောတဲ့ ရုပ်ရည်ကြောင့် ပျိုပျိုမေလေးတွေအသည်းစွဲဖြစ်ခဲ့ရတဲ့ မင်းသားပါ။လူမင်းက ယခုချိန်ထိလည်းအနုပညာအလုပ်တွေကိုတစ်စိုက်မက်မက်လုပ်ဆောင်နေပြီးနောက်ထပ်ဇာတ်ကားတွေအများကြီးကိုလည်း ရိုက်ကူးနေပါတယ်။လူမင်းရဲ့အိုင်တင်တွေကဇာတ်ကားတိုင်းမှာပီပြင်ပိုင်နိုင်လွန်းလို့ပရိတ်သတ်တွေကတစ်ခဲနက်အားပေးကြပါတယ်။

လူမင်းကတော့ယခုချိန်မှာဆိုရင် သာယာချမ်းမြေ့စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီးချစ်ဇနီးနဲ့သားသမီးနှစ်ယောက်နဲ့အတူအေးချမ်းတည်ငြိမ်စွာဖြတ်သန်းနေတာပဲဖြစ်ပါတယ်။လူမင်းရဲ့မိန်းမခင်စံပယ်ဦးကလည်း သားသမီးနဲ့ယောကျာ်းအပေါ်ကိုလိုလေသေးမရှိ ဂရုတစိုက်ဆောင်ရွယ်ပေးတတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ပြီး လူမင်းကလည်း အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့ အရာရာကို ဦးဆောင်နေတာပဲဖြစ်ပါတယ်။

လူမင်းကသမီးကြီးလေးနာမည်ကို ဧရာဝတီလူမင်းလို့ပေးထားပြီးသားငယ်လေးနာမည်ကို ဧဝရက်လူမင်းလို့ချစ်စရာနာမည်လေးတွေပေးထားပါတယ်။4.4.2019 ရက်နေ့ဟာဆိုရင် သားငယ်လေး ဧဝရက်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။မွေးနေ့လေးမှာ ဖေဖေ မေမေတို့က သားငယ်လေးရဲ့ ကျောင်းကိုသွားပြီး သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စရာမွေးနေ့ပွဲလေးကို ကျင်းပခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *