မင္းေသြးကုိ သျဂိဳလ္ခါနီးေပးခဲ့တဲ့ ကတိကို ေျပာျပလိုက္တဲ့ မင္းေသြးမိခင္

ျပည္သူ႔အခ်စ္ေတာ္အႏုပညာရွင္တေယာက္ျဖစ္တဲ့ ေနတိုးရဲ့ညီအရင္းျဖစ္သူသရုပ္ေဆာင္မင္းေသြး ရုတ္တရတ္ကြယ္လြန္သြားတဲ့ ကိစၥကေတာ့ မိသားစုဝင္ေတြအျပင္ ပရိသတ္ေတြ အားလံုးလည္း ဝမ္းနည္းခဲ့ရတာ ျဖစ္ပါတယ္။လက္ရွိမွာေတာ့ေနတိုးနဲ႔ အေမျဖစ္သူတို႔ကေတာ့ ေမြးရပ္ေျမရခိုင္မွာ ညီျဖစ္သူ မင္းေသြးအတြက္ ရည္စူးျပီး အလွဴလုပ္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္ျပီး ကြယ္လြန္သူ မင္းေသြးရဲ့ မိခင္ကေတာ့ ရင္ဖြင့္လာခဲ့ပါတယ္။မင္းေသြးနဲ႔ ေနတိုးရဲ့ မိခင္ျဖစ္သူကေတာ့ မင္းေသြးလုပ္ခ်င္ခဲ့တဲ့ အလွဴကို လုပ္ျဖစ္ခဲ့တဲ့ အရီးရဲ့ ခံစားခ်က္နဲ႔ ပတ္သက္ျပီး “သူလုပ္ခ်င္ခဲ့တဲ့ဟာေတြက အရီးပဲသိတာေလ။

က်န္တဲ့ ညီအကိုေတြကလည္း သူ႔အလုပ္နဲ႔သူပဲေလ။ သူလုပ္ခ်င္ခဲ့တဲ့ဟာ မွန္သမွ်ကို ျဖည့္ဆည္းေပးမယ္ဆိုျပီးေတာ့ သူ႔ကို သျဂိဳလ္မယ့္ေန႔မွာလည္း အရီးကတိေပးခဲ့တယ္။ သူလည္းေပ်ာ္ေနမွာပါ။ အရီးလည္း ဆုေတာင္းထားပါတယ္။ ေရစက္ခ်တဲ့အခ်ိန္လာခဲ့ပါလို႔”

“ငါ့သားလုပ္ခ်င္တာေတြျဖစ္ခ်င္တာေတြ အကုန္လံုးဘာမွမက်န္ဘူး အားလံုးျဖည့္ဆည္းေပးတယ္။ဒီလိုအလွဴေလးလုပ္ျဖစ္တာကလည္း ငါ့သားေလး ကုသိုလ္ရသြားမွာ။ ကုသိုလ္ေတြလည္း အမ်ားၾကီး ေပးခဲ့ပါတယ္အမွန္ဆိုဒီေမြးရပ္ေျမကိုအရီးတို႔ မိသားစုလာခ်င္တာက ဒီလိုမ်ိဳး မဟုတ္ဘူးေလ။

အကုန္လံုးမိသားစုေတြေပ်ာ္ေပ်ာ္ပါးပါးလာမယ္။ညီေလးငယ္ဆိုပိုဆိုးတယ္။ အရီးဘဝမွာခုခ်ိန္ထိကိုေမ့လို႔ကိုမရေသးဘူး။မရွိဘူးဆိုတာကိုယံုလို႔ကိုမရဘူး။ဘာလို႔လဲဆိုေတာ့၈နာရီေလာက္မွာသူရီသံေတြၾကားေနရေသးတယ္ ၁၀ နာရီေလာက္မွာ မရွိေတာ့ဘူးဆိုေတာ့ ဘယ္လိုမွကို ခံစားလို႔ မရဘူး။

“အေမမငိုပါနဲ႔တဲ့အကုိကလည္းေျပာတယ္။ဒီလိုဆိုဘာမွလုပ္လို႔မရဘူးတဲ့။အကိုကလည္းအေမညီအတြက္ဘာမွစိတ္မပူပါနဲ႔တဲ့။ညီကေကာင္းရာမြန္ရာမွာရွိပါတယ္တဲ့။အေမမငိုပါန႔ဲတဲ့။သူ႔ကိုခဏေလးေမ့လိုက္ပါလားတဲ့။ဘာလို႔အေမအရမ္းခံစားေနတာလဲတဲ့” ဆိုျပီးေတာ့ တကယ့္ကိုဝမ္းနည္းျပီးေတာ့ အေမတေယာက္ရဲ ႔ ေမတၱာကိုျပသသြားတာ ျဖစ္ပါတယ္။

UNICODE

ပြည်သူ့အချစ်တော်အနုပညာရှင်တယောက်ဖြစ်တဲ့ နေတိုးရဲ့ညီအရင်းဖြစ်သူသရုပ်ဆောင်မင်းသွေး ရုတ်တရတ်ကွယ်လွန်သွားတဲ့ ကိစ္စကတော့ မိသားစုဝင်တွေအပြင် ပရိသတ်တွေ အားလုံးလည်း ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။လက်ရှိမှာတော့နေတိုးနဲ့ အမေဖြစ်သူတို့ကတော့ မွေးရပ်မြေရခိုင်မှာ ညီဖြစ်သူ မင်းသွေးအတွက် ရည်စူးပြီး အလှူလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ မင်းသွေးရဲ့ မိခင်ကတော့ ရင်ဖွင့်လာခဲ့ပါတယ်။မင်းသွေးနဲ့ နေတိုးရဲ့ မိခင်ဖြစ်သူကတော့ မင်းသွေးလုပ်ချင်ခဲ့တဲ့ အလှူကို လုပ်ဖြစ်ခဲ့တဲ့ အရီးရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “သူလုပ်ချင်ခဲ့တဲ့ဟာတွေက အရီးပဲသိတာလေ။
ကျန်တဲ့ ညီအကိုတွေကလည်း သူ့အလုပ်နဲ့သူပဲလေ။ သူလုပ်ချင်ခဲ့တဲ့ဟာ မှန်သမျှကို ဖြည့်ဆည်းပေးမယ်ဆိုပြီးတော့ သူ့ကို သဂြိုလ်မယ့်နေ့မှာလည်း အရီးကတိပေးခဲ့တယ်။ သူလည်းပျော်နေမှာပါ။ အရီးလည်း ဆုတောင်းထားပါတယ်။ ရေစက်ချတဲ့အချိန်လာခဲ့ပါလို့”
“ငါ့သားလုပ်ချင်တာတွေဖြစ်ချင်တာတွေ အကုန်လုံးဘာမှမကျန်ဘူး အားလုံးဖြည့်ဆည်းပေးတယ်။ဒီလိုအလှူလေးလုပ်ဖြစ်တာကလည်း ငါ့သားလေး ကုသိုလ်ရသွားမှာ။ ကုသိုလ်တွေလည်း အများကြီး ပေးခဲ့ပါတယ်အမှန်ဆိုဒီမွေးရပ်မြေကိုအရီးတို့ မိသားစုလာချင်တာက ဒီလိုမျိုး မဟုတ်ဘူးလေ။
အကုန်လုံးမိသားစုတွေပျော်ပျော်ပါးပါးလာမယ်။ညီလေးငယ်ဆိုပိုဆိုးတယ်။ အရီးဘဝမှာခုချိန်ထိကိုမေ့လို့ကိုမရသေးဘူး။မရှိဘူးဆိုတာကိုယုံလို့ကိုမရဘူး။ဘာလို့လဲဆိုတော့၈နာရီလောက်မှာသူရီသံတွေကြားနေရသေးတယ် ၁၀ နာရီလောက်မှာ မရှိတော့ဘူးဆိုတော့ ဘယ်လိုမှကို ခံစားလို့ မရဘူး။
“အမေမငိုပါနဲ့တဲ့အကိုကလည်းပြောတယ်။ဒီလိုဆိုဘာမှလုပ်လို့မရဘူးတဲ့။အကိုကလည်းအမေညီအတွက်ဘာမှစိတ်မပူပါနဲ့တဲ့။ညီကကောင်းရာမွန်ရာမှာရှိပါတယ်တဲ့။အမေမငိုပါနဲ့တဲ့။သူ့ကိုခဏလေးမေ့လိုက်ပါလားတဲ့။ဘာလို့အမေအရမ်းခံစားနေတာလဲတဲ့” ဆိုပြီးတော့ တကယ့်ကိုဝမ်းနည်းပြီးတော့ အမေတယောက်ရဲ ့ မေတ္တာကိုပြသသွားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *