နေခြည်ဦးရဲ့မျက်လုံးဝေးနေတဲ့အကြောင်းပြောတဲ့ မို့မို့မြင့်အောင်

အနုပညာလောကရဲ့ဂုရုကြီးလို့ပြောရမယ့် ထိပ်တန်းမင်းသမီးကြီးမို့မို့မြင့်အောင်ဟာဆိုရင် အခုအချိန်ထိကိုအရွယ်တင်နုပျိုနေပြီး အနုပညာလုပ်ငန်းတွေကို စိတ်ပါလက်ပါဆောင်ရွက်နေဆဲဖြစ်သလို တစ်နိုင်ငံလုံးကပရိသတ်တွေကလည်း ချစ်မြတ်နိုးစွာအားပေးနေကြဆဲဖြစ်ပါတယ်။

အနုပညာရှင်တက်သစ်စလေးတွေကို လက်တွဲခေါ်ယူပြီး သင်ပေးနေတဲ့ မို့မို့မြင့်အောင်က 8days နဲ့ Interview မှာ သူမနှစ်သက်မိတဲ့ တက်သစ်စသရုပ်ဆောင်တွေအကြောင်းကိုပြောပြထားသလို လက်ရှိခေတ်စားနေတဲ့ မျက်နှာခွဲစိတ်မှုတွေအကြောင်းကိုလည်းဖြေကြားပေးထားပါတယ်။

မို့မို့မြင့်အောင် က လက်ရှိလုပ်ထားတဲ့မျက်နှာပြုပြင်မှုတွေအကြောင်းကို “ကြွားရဦးမယ်။ ကိုယ်က မျက်နှာခွဲစိတ်ထားတာတော့မဟုတ်ဘူးပေါ့လေ။ ဒေါက်တာက ကိုယ့်မျက်နှာကို ကြိုးလေးတွေထည့်ပေးတယ်။ နောက်ပြီးတော့ အာထရာဆောင်း စက်နဲ့ ပင့်တင်ပေးတယ်။ ဒီဟာတွေက မို့တို့အရွယ်က ကျလာပြီဆိုတော့စက်ကလေးနဲ့တင်တာ သိသာတယ်။

ဒါလေးတွေသာပြည့်သွားရင် ပိုအဆင်ပြေမယ်ဆိုပြီးတော့ ဒေါက်တာက ကြိုးအသေးလေးတွေထည့်ပေးတယ်။ အဲ့ဒါတော့ လုပ်ထားတယ်။ ဒေါက်တာတွေက ကိုယ့်မျက်နှာကိုလိုအပ်တာတွေပြင်ဆင်ပေးတာပေါ့”လို့ ပြောပြထားပါတယ်။

တစ်နိုင်ငံလုံးက ပရိသတ်တွေကြားထဲ ဟိုးလေးတကျော်ဖြစ်သွားတဲ့ နေခြည်ဦးရဲ့ မျက်နှာခွဲစိတ်မှုအကြောင်းကို အန်တီမို့က “အင်း.. မမို့ကတော့ နေခြည်လေးက နဂိုမျက်နှာလေးကိုပိုကြိုက်သလားလို့။ ပျော့ပျော့ပျောင်းပျောင်းလေးပိုဖြစ်သလားလို့နော်”လို့ ပြောထားပြီး

နေခြည်ဦးရဲ့မျက်လုံးနဲ့ပတ်သက်ပြီးတော့လည်း “သူ့မျက်လုံးလေးဝေးတာတောင် ပြောလိုက်သေးတယ်။ သူက ပထမက မေမို့ရေတဲ့ သမီးဒါကို မျက်လုံးကို သွားကပ်လိုက်မယ်တဲ့။ မလုပ်ပါနဲ့သမီးရယ်လို့ မော်ဒယ်တစ်ယောက်ဆိုလို့ရှိရင် ခြားနေတာလေးက အရုပ်လေးနဲ့တူတယ်။ လူတိုင်းမှာမရှိဘူးသမီး။

သမီးသွားကပ်လိုက်လို့ရှိရင် သမီးမှာ ဘုရားပေးထားတဲ့ ထူးဆန်းတာလေးတစ်ခုပျောက်သွားမယ်။ မလုပ်ပါနဲ့သမီးရယ်ဆိုတော့ သူမေးတွေဘာတွေတော့လုပ်တယ်။ မျက်လုံးကိုတော့သူမလုပ်ခဲ့ဘူးပေါ့နော်။အဲ့လို ထင်တာပဲလေ။ မလုပ်ခဲ့ဘူးလို့ထင်တာပဲ။ ဘာလို့ဆိုတော့ သူ့မှာအဲဒီထူးခြားမှုလေးရှိနေတယ်။အဲဒါလေးပျောက်သွားမှာစိုးလို့”လို့ ဖြေကြားထားပါတယ်။

အန်တီမို့လို စံတင်ရလောက်တဲ့ အနုပညာရှင်မင်းသမီးကြီးဖြစ်လာဖို့အလားအလာရှိတဲ့ကလေးတွေအကြောင်းကို “ရှိတော့ရှိပါတယ်။ ဖွေးဖွေးလေးဆိုရင် သူ့သရုပ်ဆောင်မှုကိုကျေနပ်တယ်။ သူနဲ့ကားရိုက်ရင်းနဲ့နည်းနည်းလေးသင်လိုက်ရင် သူအများကြီးမြင်တယ်။ ဒါ genius မို့လို့မြင်တာပေါ့။ သူ့ဟာသူ ပွားယူနိုင်တယ်။သူ့ဟာသူ ချဲ့ယူနိုင်တယ်။

Drama တွေဆိုရင်လည်း သူ့ကို ကြိုက်တယ်။ သူဝီရိယ ဝါယမစိုက်ထုတ်မှုတော့လိုဦးမယ်။ ရူးသွပ်မှုလည်းကောင်းတယ်။ မမို့တို့ငယ်ငယ်တုန်းကလိုမျိုး ရူးသွပ်မှုမျိုးသူ့ကိုဖြစ်စေချင်တယ်။ ဘာလို့ဆိုသူအိုက်တင်တော်နေလို့”လို့ ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အခုထိ အန်တီမို့ကိုချစ်ကြတုန်းပဲလား။အကယ်ဒမီများရှင်အန်တီမို့ နောက်ထပ်ထွက်လာမယ့် ရုပ်ရှင်ကားတွေကိုရော သွားရောက်အားပေးကြဦးမှာလား။ အန်တီမို့ရဲ့ဘယ်ရုပ်ရှင်ဇာတ်ကားကိုအကြိုက်ဆုံးလဲ ပြောပြခဲ့ဦးနော်။credit-ပြောချင်လွန်းလို့

Leave a Reply

Your email address will not be published. Required fields are marked *