ဟာသသရုပ်ဆောင် ဦးဧရာအတွက် ကူညီပေးကြပါဦးနော်

ကျန်းမာရေးက မကောင်း အလုပ်ကလည်းနားထားရတဲ့ ဟာသလူရွှင်တော် ဦးဧရာရဲ့ ဆေးဖိုးငွေ အထောက်အကူရရန်အတွက် ဦးဧရာ ရေးတဲ့ ဟာသရဲ့ဝေါဟာရစကားလုံးများ စုစည်းထားတဲ့ စာအုပ်လေးများကို အားပေး ၀ယ်ယူကူညီပေးကြရန် လေးစားစွာ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ…

ဦးဧရာရေးထားတဲ့ စာအုပ်လေးများကို ကူညီပြီး ရောင်းပေးတဲ့ လူရွှင်တော် ၀မ်းစတားမင်းထိုက် ရဲ့ ထံမှာ ဆယ်သွယ် ၀ယ်ယူနိုင်ပါကြောင်း အသိပေး တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ..။

လူရွှင်တော်ဧရာလို့ပြောလိုက်တာနဲ့ ပရိတ်သတ်ကြီးတို့ သိပီးသားဖြစ်မှာပါခင်ဗျာ..ကျနော်တို့ရဲ့ဆရာလည်းဖြစ်ပါတယ်သူကျမ်းမာရေးမကောင်းတဲ့ကြားထဲက သူ့ရဲ့ဝါသနာ ဟာသအမြင် ဟာသအတွေ့ကြုံ ဟာသရဲ့ဝေါဟာရစကားလုံးများကို စာအုပ်တစ်အုပ်ဖြစ်ပြောင်းလဲထားပါတယ်။

စာအုပ်ရဲ့တန်ဘိုးက(2500)ကျပေမယ့် ဦးဧရာကိုချစ်ခင်လေးစားသောအားဖြင့် ဦးဧရာအတွက် ဆေးဖိုး ငွေ အပိုရစေရန် ကျနော်ဝမ်းစတားမင်းထိုက်ထံမှာ (3000)ကျပ်ဖြင့်ဝယ်ယူ အားပေးပါခင်ဗျ ကျနော်မန္တလေးကျောက်ဝိုင်းမှာရှိပါတယ်ခင်ဗျ

ဆက်သွယ်လိုပါက 09.777750055 ကို ကျေးဇူးပြုပီးဆက်ပေးပါခင်ဗျာဆရာ့ကိုတစ်ဖက်တစ်လမ်းကဆရာကို ကူညီခြင်းဖြစ်၍ဦးဧရာကိုချစ်တဲ့ပရိတ်သတ်များလည်းအားပေးကြပါအုံးခင်ဗျ

ဦးဧရာအတွက်လည်း ဆေးကုသစရိတ်ရတာပေါ့ခင်ဗျာ တစ်နိုင်ငံလုံးမှာရှိတဲ့ပရိတ်သတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

ဝမ်းစတား Min Htike

Leave a Reply

Your email address will not be published. Required fields are marked *