ပဲျပားမ်ားႏွင့္ ပတ္သက္၍ စစ္ကုိင္းတုိင္းေဒသႀကီး FDA က “အထူးသတိေပး ေၾကျငာခ်က္” ထုတ္ျပန္ထား

မုံရြာၿမိဳ႕နယ္ရွိ သာစည္ေစ်း ႏွင့္ သံလမ္းေစ်းမ်ားတြင္ ေရာင္းခ်လၽွက္ရွိေသာ အဂၤလိပ္အကၡရာ(I)စာလုံးပါရွိသည့္ ပဲျပားအစိုတုံးမ်ားတြင္ ခြင့္မျပဳဓာတုပစၥည္း(Formalin)(ေဖာ္မလင္)မ်ား ပါရွိေၾကာင္း…..

စစ္ေဆးေတြ႕ရွိရပါသျဖင့္ ၎အမွတ္တံဆိပ္ပါ ပဲျပားမ်ားအား ၀ယ္ယူေရာင္းခ်ျခင္း၊ စားသုံးျခင္းမ်ား မျပဳလုပ္ၾကရန္ ႏွင့္ ထပ္မံ၀ယ္ယူေရာင္းခ်ျခင္း ျပဳလုပ္ပါက အမ်ိဳးသားအစားအေသာက္ဥပေဒအရ ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း စစ္ကုိင္းတုိင္းေဒသႀကီး FDA က အသိေပးေၾကျငာထားသည္။

(အၿငိမ္းစား) အစားေသာက္ႏွင့္ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာန ႏွင့္ ေတြ႕ဆံုျခင္း

ေမး. ေဖာ္မလင္ အေၾကာင္း သိပါရေစ ဆရာမ။
ေျဖ. ေဖာ္မလင္ ဆိုတာ အေရာင္အဆင္းမရွိ၊ အနံ႔ျပင္းတဲ့ ဓာတုပစၥည္း တစ္မ်ဳိးျဖစ္ပါတယ္။

ေဖာ္မယ္ဒီဟိုက္((formaldehyde)၊ မက္သေနာ((methanol)၊ ေရ (water) စုေပါင္းထားတဲ့ အေရာအေႏွာတစ္ခုျဖစ္ၿပီး ေဖာ္မလင္ အရည္မွာ ေဖာ္မယ္ဒီဟိုက္ ၃၇ ရာခိုင္ႏႈန္း ပါ၀င္ပါတယ္။

ေမး. ေဖာ္မလင္ ကို သဘာ၀အားျဖင့္ ဘယ္လိုေနရာေတြမွာ အသံုးျပဳေလ့ရွိပါသလဲ ဆရာမ။
ေျဖ. ေဖာ္မလင္ ကို အဓိကအားျဖင့္ လူေသ ေတြကို ၾကာရွည္ခံေအာင္ စိမ္တဲ့ေနရာမွာ သံုးပါတယ္။ ၿပီးေတာ့-

– ပိုးသတ္ ရာမွာ သံုးပါတယ္၊ ၾကမ္းခင္းေတြ၊ အ၀တ္အစားေတြ၊ သေဘာၤေတြနဲ႔ သိုေလွာင္႐ံုေတြကို သန္႔ရွင္းေရးျပဳလုပ္ရာမွာ အသံုးျပဳပါတယ္။ အင္းဆက္ပိုး ေတြ၊ ယင္ေကာင္ေတြ ႏွိမ္နင္းရာမွာသံုးပါတယ္။

-ပိုးခ်ည္၊ ဆိုးေဆး၊ မွန္နဲ႔ ေဖာက္ကြဲပစၥည္းေတြ ျပဳလုပ္ရာမွာ သံုးပါတယ္။ ဓာတ္ေျမၾသဇာနဲ႔ ေရေမႊး ျပဳလုပ္ရာမွာ သံုးပါတယ္။ အလွကုန္ပစၥည္းေတြ တာရွည္ခံ ေအာင္ ျပဳလုပ္ရာမွာ သံုးပါတယ္။ လွ်ပ္ကာပစၥည္းေတြ ျပဳလုပ္ရာမွာ သံုးပါတယ္။ အထပ္သား ေတြ ကပ္ရာမွာ သံုးပါတယ္ ….

ေမး. အခုအခါမွာ ေဖာ္မလင္ ကို အစားအေသာက္ ေတြမွာတာရွည္ခံေအာင္ သံုးေနၾကတယ္လုိ႔ ၾကားသိရပါတယ္။ အဲဒါနဲ႔ ပတ္သက္ၿပီး ရွင္းျပေပးပါ ဆရာမ …..?

ေျဖ. ေဖာ္မလင္ ကို အစားအေသာက္ ေတြမွာ တာရွည္ခံပစၥည္းအျဖစ္ အသံုးမျပဳရပါ။ ေဖာ္မလင္ ကိုတာရွည္ခံပစၥည္းအျဖစ္ လြဲမွားစြာအသံုးျပဳတတ္တဲ့ အစားအေသာက္ေတြကေတာ့-

– အသား၊ ငါး၊ Seafood ေခၚ ပင္လယ္စာေတြ၊ ဟင္းသီးဟင္းရြက္ေတြ ၊ ပန္းသီး၊ လိေမၼာ္သီး စတဲ့ အသီးအႏွံေတြ၊ Tofu/ ပဲျပား၊ ပဲေသြး၊ မုန္႔ဟင္းခါးဖတ္ စတာေတြျဖစ္ပါတယ္ …..

ေမး. ေဖာ္မလင္ ပါတဲ့ အစားအေသာက္ ေတြကို စားသံုးမိရင္ ဘယ္လို က်န္းမာေရး ျပႆနာေတြ ျဖစ္တတ္ပါသလဲ ဆရာမ။

ေျဖ. ေဖာ္မလင္ ပါတဲ့ အစားအေသာက္ ကို စားသံုးမိတာေၾကာင့္ ဗိုက္နာျခင္း၊ ပ်ဳိ႕အန္ျခင္း၊ ၀မ္းသြားျခင္း၊ သတိလစ္ေမ့ေျမာျခင္းနဲ႔ အခန္႔မသင့္ရင္ ေသဆံုးတဲ့အထိ ျဖစ္ႏိုင္ပါတယ္။

ေဖာ္မလင္ပါတဲ့ အစားအေသာက္ ကိုေရရွည္ စားသံုးမိတာေၾကာင့္ ေက်ာက္ကပ္၊ အသည္းအစာအိမ္၊ အဆုတ္တို႔ ပ်က္စီးျခင္း၊ ေနာင္တစ္ခ်ိန္မွာ ကင္ဆာေရာဂါျဖစ္ပြားျခင္း ၊ အသည္းေျခာက္ျခင္း၊

အသည္းကင္ဆာ၊ ေသြးအားနည္းျခင္း၊ ေသြးကင္ဆာတို႔ ျဖစ္ႏိုင္ၿပီး အထူးသျဖင့္ ကိုယ္၀န္ေဆာင္နဲ႔ ေမြးကင္းစ ကေလးေတြမွာ ဆိုးရြားစြာ ထိခိုက္ေစႏိုင္ပါတယ္။

ေဖာ္မလင္ ျပႆနာ က ျမန္မာတစ္ႏိုင္ငံတည္းမဟုတ္ဘဲ တ႐ုတ္၊ ဗီယက္နမ္၊ ဘဂၤလား ေဒ့ရွ္၊ ထိုင္း၊ အင္ဒိုနီးရွား၊ ေဟာင္ေကာင္စတဲ့ႏိုင္ငံေတြမွာလည္း ရွိေနတဲ့အတြက္ ဥပေဒ ထုတ္ျပန္ၿပီး အေရးယူေနၾကတာ ေတြ႕ရပါတယ္ …..

ေမး. အစားအေသာက္ ေတြမွာ ေဖာ္မလင္ ပါ၊ မပါ ဘယ္လို သိႏိုင္မလဲ ဆရာမ ….?

ေျဖ. ငါးဆိုရင္ ေဖာ္မလင္ ပါတဲ့အခါ အသား က ရာဘာ လို မာမာေတာင့္ေတာင့္ျဖစ္ေနမယ္၊ အေၾကးခြံကမာေနမယ္၊ ငါးညႇီနံ႔မရဘူး၊ ယင္မနား ဘူး။

ပင္လယ္စာ ဆိုရင္ရာဘာလိုမာၿပီး ျဖဴေနမယ္၊ အနံ႔မရွိဘူး။ ကင္းမြန္ ဆိုရင္ အရမ္းမာၿပီး ဓား နဲ႔ျဖတ္မွ ျပတ္ႏိုင္တယ္။ Tofu/ပဲျပား ဆိုရင္ေပ်ာ့မေနဘဲ မာမာတင္းတင္းျဖစ္ေနမယ္။ ၂၄ နာရီ ေက်ာ္ရင္လည္း မပ်က္စီးဘူး။

မုန္႔ဟင္းခါးဖတ္ ဆိုရင္ ေပ်ာ့ေျပာင္းမေနဘဲ အီလက္စတစ္ (Elastic)လို ျဖစ္ေနမယ္။ ေရေႏြးထဲထည့္ရင္ေဆးနံ႔လိုလို၊ ျပာ(Ash)နံ႔လိုလို ရေနမယ္ ။

ေမး. စားသံုးတဲ့ ျပည္သူ ေတြကို ဒါနဲ႔ပတ္သက္ၿပီး ဘယ္လိုအႀကံျပဳခ်က္ေတြကို ေပးလိုပါသလဲ ဆရာမ ….?

ေျဖ. ေဖာ္မယ္ဒီဟိုက္((Formadehyde)က ေရမွာ ေပ်ာ္၀င္ၿပီး အပူေပးရင္ အေငြ႕ျပန္ ေပ်ာက္ကြယ္ႏိုင္တာေၾကာင့္ အသီးေတြကို မစားခင္ တစ္နာရီခန္႔ ေရစိမ္ထားပါ။ အသီးအရြက္ ေတြကို မခ်က္ျပဳတ္ခင္ ဆားေရနဲ႔ အခ်ိန္ ၁၀ မိနစ္ခန္႔ စိမ္ၿပီးမွ ခ်က္ပါ။

ငါးဆိုရင္ ဆားေရထဲမွာတစ္နာရီ စိမ္ထား ရင္ ေဖာ္မလင္ ၉၀ ရာခိုင္ႏႈန္း ကို ဖယ္ႏိုင္တယ္၊ ရွလကာရည္ ၉၀ ရာခိုင္ႏႈန္း (Vinegar 90%)ပါတဲ့ ေရထဲမွာ စိမ္ရင္ေတာ့ ေဖာ္မလင္ ကို ၁၀၀ ရာခိုင္ႏႈန္း ဖယ္ႏုိင္တယ္လို႔ ဆိုပါတယ္ …..

Unicode

မုံရွာမြို့နယ်ရှိ သာစည်စျေး နှင့် သံလမ်းစျေးများတွင် ရောင်းချလျှက်ရှိသော အင်္ဂလိပ်အက္ခရာ(I)စာလုံးပါရှိသည့် ပဲပြားအစိုတုံးများတွင် ခွင့်မပြုဓာတုပစ္စည်း(Formalin)(ဖော်မလင်)များ ပါရှိကြောင်း…..

စစ်ဆေးတွေ့ရှိရပါသဖြင့် ၎င်းအမှတ်တံဆိပ်ပါ ပဲပြားများအား ၀ယ်ယူရောင်းချခြင်း၊ စားသုံးခြင်းများ မပြုလုပ်ကြရန် နှင့် ထပ်မံဝယ်ယူရောင်းချခြင်း ပြုလုပ်ပါက အမျိုးသားအစားအသောက်ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး FDA က အသိပေးကြေငြာထားသည်။

(အငြိမ်းစား) အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန နှင့် တွေ့ဆုံခြင်း

မေး. ဖော်မလင် အကြောင်း သိပါရစေ ဆရာမ။
ဖြေ. ဖော်မလင် ဆိုတာ အရောင်အဆင်းမရှိ၊ အနံ့ပြင်းတဲ့ ဓာတုပစ္စည်း တစ်မျိုးဖြစ်ပါတယ်။

ဖော်မယ်ဒီဟိုက်((formaldehyde)၊ မက်သနော((methanol)၊ ရေ (water) စုပေါင်းထားတဲ့ အရောအနှောတစ်ခုဖြစ်ပြီး ဖော်မလင် အရည်မှာ ဖော်မယ်ဒီဟိုက် ၃၇ ရာခိုင်နှုန်း ပါ၀င်ပါတယ်။

မေး. ဖော်မလင် ကို သဘာဝအားဖြင့် ဘယ်လိုနေရာတွေမှာ အသုံးပြုလေ့ရှိပါသလဲ ဆရာမ။
ဖြေ. ဖော်မလင် ကို အဓိကအားဖြင့် လူသေ တွေကို ကြာရှည်ခံအောင် စိမ်တဲ့နေရာမှာ သုံးပါတယ်။ ပြီးတော့-

– ပိုးသတ် ရာမှာ သုံးပါတယ်၊ ကြမ်းခင်းတွေ၊ အဝတ်အစားတွေ၊ သဘောင်္တွေနဲ့ သိုလှောင်ရုံတွေကို သန့်ရှင်းရေးပြုလုပ်ရာမှာ အသုံးပြုပါတယ်။ အင်းဆက်ပိုး တွေ၊ ယင်ကောင်တွေ နှိမ်နင်းရာမှာသုံးပါတယ်။

– ပိုးချည်၊ ဆိုးဆေး၊ မှန်နဲ့ ဖောက်ကွဲပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။ ဓာတ်မြေသြဇာနဲ့ ရေမွှေး ပြုလုပ်ရာမှာ သုံးပါတယ်။ အလှကုန်ပစ္စည်းတွေ တာရှည်ခံ အောင် ပြုလုပ်ရာမှာ သုံးပါတယ်။ လျှပ်ကာပစ္စည်းတွေ ပြုလုပ်ရာမှာ သုံးပါတယ်။ အထပ်သား တွေ ကပ်ရာမှာ သုံးပါတယ် ….

မေး. အခုအခါမှာ ဖော်မလင် ကို အစားအသောက် တွေမှာတာရှည်ခံအောင် သုံးနေကြတယ်လို့ ကြားသိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ ဆရာမ …..?

ဖြေ. ဖော်မလင် ကို အစားအသောက် တွေမှာ တာရှည်ခံပစ္စည်းအဖြစ် အသုံးမပြုရပါ။ ဖော်မလင် ကိုတာရှည်ခံပစ္စည်းအဖြစ် လွဲမှားစွာအသုံးပြုတတ်တဲ့ အစားအသောက်တွေကတော့-

– အသား၊ ငါး၊ Seafood ခေါ် ပင်လယ်စာတွေ၊ ဟင်းသီးဟင်းရွက်တွေ ၊ ပန်းသီး၊ လိမ္မော်သီး စတဲ့ အသီးအနှံတွေ၊ Tofu/ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ် စတာတွေဖြစ်ပါတယ် …..

မေး. ဖော်မလင် ပါတဲ့ အစားအသောက် တွေကို စားသုံးမိရင် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ဖြစ်တတ်ပါသလဲ ဆရာမ။

ဖြေ. ဖော်မလင် ပါတဲ့ အစားအသောက် ကို စားသုံးမိတာကြောင့် ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်း၊ သတိလစ်မေ့မြောခြင်းနဲ့ အခန့်မသင့်ရင် သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဖော်မလင်ပါတဲ့ အစားအသောက် ကိုရေရှည် စားသုံးမိတာကြောင့် ကျောက်ကပ်၊ အသည်းအစာအိမ်၊ အဆုတ်တို့ ပျက်စီးခြင်း၊ နောင်တစ်ချိန်မှာ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသည်းခြောက်ခြင်း၊

အသည်းကင်ဆာ၊ သွေးအားနည်းခြင်း၊ သွေးကင်ဆာတို့ ဖြစ်နိုင်ပြီး အထူးသဖြင့် ကိုယ်ဝန်ဆောင်နဲ့ မွေးကင်းစ ကလေးတွေမှာ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

ဖော်မလင် ပြဿနာ က မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘဲ တရုတ်၊ ဗီယက်နမ်၊ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဟောင်ကောင်စတဲ့နိုင်ငံတွေမှာလည်း ရှိနေတဲ့အတွက် ဥပဒေ ထုတ်ပြန်ပြီး အရေးယူနေကြတာ တွေ့ရပါတယ် …..

မေး. အစားအသောက် တွေမှာ ဖော်မလင် ပါ၊ မပါ ဘယ်လို သိနိုင်မလဲ ဆရာမ ….?

ဖြေ. ငါးဆိုရင် ဖော်မလင် ပါတဲ့အခါ အသား က ရာဘာ လို မာမာတောင့်တောင့်ဖြစ်နေမယ်၊ အကြေးခွံကမာနေမယ်၊ ငါးညှီနံ့မရဘူး၊ ယင်မနား ဘူး။

ပင်လယ်စာ ဆိုရင်ရာဘာလိုမာပြီး ဖြူနေမယ်၊ အနံ့မရှိဘူး။ ကင်းမွန် ဆိုရင် အရမ်းမာပြီး ဓား နဲ့ဖြတ်မှ ပြတ်နိုင်တယ်။ Tofu/ပဲပြား ဆိုရင်ပျော့မနေဘဲ မာမာတင်းတင်းဖြစ်နေမယ်။ ၂၄ နာရီ ကျော်ရင်လည်း မပျက်စီးဘူး။

မုန့်ဟင်းခါးဖတ် ဆိုရင် ပျော့ပြောင်းမနေဘဲ အီလက်စတစ် (Elastic)လို ဖြစ်နေမယ်။ ရေနွေးထဲထည့်ရင်ဆေးနံ့လိုလို၊ ပြာ(Ash)နံ့လိုလို ရနေမယ် ။

မေး. စားသုံးတဲ့ ပြည်သူ တွေကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပြုချက်တွေကို ပေးလိုပါသလဲ ဆရာမ ….?

ဖြေ. ဖော်မယ်ဒီဟိုက်((Formadehyde)က ရေမှာ ပျော်ဝင်ပြီး အပူပေးရင် အငွေ့ပြန် ပျောက်ကွယ်နိုင်တာကြောင့် အသီးတွေကို မစားခင် တစ်နာရီခန့် ရေစိမ်ထားပါ။ အသီးအရွက် တွေကို မချက်ပြုတ်ခင် ဆားရေနဲ့ အချိန် ၁၀ မိနစ်ခန့် စိမ်ပြီးမှ ချက်ပါ။

ငါးဆိုရင် ဆားရေထဲမှာတစ်နာရီ စိမ်ထား ရင် ဖော်မလင် ၉၀ ရာခိုင်နှုန်း ကို ဖယ်နိုင်တယ်၊ ရှလကာရည် ၉၀ ရာခိုင်နှုန်း (Vinegar 90%)ပါတဲ့ ရေထဲမှာ စိမ်ရင်တော့ ဖော်မလင် ကို ၁၀၀ ရာခိုင်နှုန်း ဖယ်နိုင်တယ်လို့ ဆိုပါတယ် …..

Leave a Reply

Your email address will not be published. Required fields are marked *