စီးပြားျဖစ္လည္း ေရာင္းလို ့ရသလို ၊ အိမ္မွာ မိသားစုအေပ်ာ္လုပ္စားလို ့ရတဲ့ ေက်ာက္ဖ႐ုံယို ျပဳလုပ္နည္း

ပထမဆုံး ေက်ာက္ဖ႐ုံသီးကို အခြံခြာၿပီး အတြင္းမွအေစ့မ်ားကို ဖယ္ရွားျပစ္ပါ။ ေက်ာက္ဖ႐ုံသီးအရင့္ ႏွစ္ခ်ိဳ႕ျဖစ္ရပါမယ္။ ေက်ာက္ဖ႐ုံသီး အႏုျဖင့္ မရပါ။ အခြံခြာလို႔ၿပီးပါက ေက်ာက္ဖ႐ုံသီးကို အလ်ား (၄)လကၼ အနံ(၂)လကၼခန္႔ အေခ်ာင္းေလးမ်ားျဖစ္ေအာင္ လွပညီညာစြာ လွီးျဖတ္ၿပီး ေသခ်ာသန႔္စင္ေအာင္ ေရေဆးေၾကာပါ။

ကြမ္းစားထုံးမႈန႔္ကို ေရသန႔္သန႔္ထဲ၌ အနည္းငယ္ထည့္ေဖ်ာ္၍ ေဆးေၾကာၿပီးေသာ ေက်ာက္ဖ႐ုံသီး အစိတ္အပိုင္းမ်ားကို ၃နာရီခန႔္ၾကာေအာင္ စိမ္ေပးထားရပါမယ္။ သုံးနာရီခန႔္ၾကာေသာအခါ ၎အား ဆယ္ယူ၍ ေရသန႔္စင္ေအာင္ တဖန္ ေဆးေၾကာလိုက္ပါ။ ေက်ာက္ခ်ဥ္အရည္ သုံးဇြန္းခန႔္ကို ေရ၌ထည့္ေဖ်ာ္၍ ေရစစ္ထားေသာ ေက်ာက္ဖ႐ုံ အစိတ္အပိုင္းမ်ားကို တဖန္ျပန္လည္ၿပီး မိနစ္အနည္းငယ္မွ်ၾကာေအာင္ စိမ္ထားေပးၿပီး ျပန္လည္ဆယ္ယူ၍ ေရထပ္မံ စစ္ေပးထားပါ။

သၾကားကို လိုသေလာက္ခ်ိန္ထည့္ၿပီး ဆားအနည္းငယ္ျဖင့္ ေက်ာက္ဖ႐ုံးသီးအစိတ္အပိုင္းမ်ားကို သမေအာင္ ေရာနယ္ၿပီး ေရသန႔္သန႔္ ထည့္ကာ နာရီဝက္ခန႔္ က်ိဳခ်က္ေပးၿပီး ပ်စ္ခဲလာခ်ိန္၌ အိုးအတြင္းမွဆယ္ယူ၍ ဇကာေပၚသို႔ ျဖန႔္ႀကဲေပးၿပီး ေအးခဲ သြားသည္အထိ ထားေပးလိုက္ပါက သန႔္ရွင္းလတ္ဆတ္ၿပီး ခ်ိဳၿမိန္ေသာ ေက်ာက္ဖ႐ုံယိုကို မွီဝဲ သုံးေဆာင္ႏိုင္ပါသည္။

Unicode

ပထမဆုံး ကျောက်ဖရုံသီးကို အခွံခွာပြီး အတွင်းမှအစေ့များကို ဖယ်ရှားပြစ်ပါ။ ကျောက်ဖရုံသီးအရင့် နှစ်ချို့ဖြစ်ရပါမယ်။ ကျောက်ဖရုံသီး အနုဖြင့် မရပါ။ အခွံခွာလို့ပြီးပါက ကျောက်ဖရုံသီးကို အလျား (၄)လက္မ အနံ(၂)လက္မခန့် အချောင်းလေးများဖြစ်အောင် လှပညီညာစွာ လှီးဖြတ်ပြီး သေချာသန့်စင်အောင် ရေဆေးကြောပါ။

ကွမ်းစားထုံးမှုန့်ကို ရေသန့်သန့်ထဲ၌ အနည်းငယ်ထည့်ဖျော်၍ ဆေးကြောပြီးသော ကျောက်ဖရုံသီး အစိတ်အပိုင်းများကို ၃နာရီခန့်ကြာအောင် စိမ်ပေးထားရပါမယ်။ သုံးနာရီခန့်ကြာသောအခါ ၎င်းအား ဆယ်ယူ၍ ရေသန့်စင်အောင် တဖန် ဆေးကြောလိုက်ပါ။ ကျောက်ချဉ်အရည် သုံးဇွန်းခန့်ကို ရေ၌ထည့်ဖျော်၍ ရေစစ်ထားသော ကျောက်ဖရုံ အစိတ်အပိုင်းများကို တဖန်ပြန်လည်ပြီး မိနစ်အနည်းငယ်မျှကြာအောင် စိမ်ထားပေးပြီး ပြန်လည်ဆယ်ယူ၍ ရေထပ်မံ စစ်ပေးထားပါ။

သကြားကို လိုသလောက်ချိန်ထည့်ပြီး ဆားအနည်းငယ်ဖြင့် ကျောက်ဖရုံးသီးအစိတ်အပိုင်းများကို သမအောင် ရောနယ်ပြီး ရေသန့်သန့် ထည့်ကာ နာရီဝက်ခန့် ကျိုချက်ပေးပြီး ပျစ်ခဲလာချိန်၌ အိုးအတွင်းမှဆယ်ယူ၍ ဇကာပေါ်သို့ ဖြန့်ကြဲပေးပြီး အေးခဲ သွားသည်အထိ ထားပေးလိုက်ပါက သန့်ရှင်းလတ်ဆတ်ပြီး ချိုမြိန်သော ကျောက်ဖရုံယိုကို မှီဝဲ သုံးဆောင်နိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *