လက္ဘက္ရည္ခ်စ္သူမ်ားအတြက္ အိႏၵိယလက္ဘက္ရည္ ေဖ်ာ္နည္း

မင္းသိခၤ စာအုပ္ဖတ္ျပီး အိႏၵိယလက္ဘက္ရည္ဆိုတာကို ဘယ္လိုျကီး ေသာက္ခ်င္ေနမိမွန္း မသိဘူး။ ခက္တာက ဒီမွာ အိႏၵိယလက္ဘက္ရည္ဆိုျပီး ဘယ္သူကမွလည္း ေရာင္းတာမရွိ။

(၁) ပတ္ေလာက္အထိကို အဲ့လက္ဘက္ရည္ ေသာက္ခ်င္စိတ္က ေပ်ာက္မသြားဘူး။ အဲ့ဒါနဲ့ ဒီေန့ေတာ့ ဒီေလာက္ ေသာက္ခ်င္ေနတဲ့ အိႏၵိယလက္ဘက္ရည္ ကိုယ့္ဟာကိုယ္ အဝေဖ်ာ္ေသာက္ပလိုက္တယ္ေလ။

ခရမ္းျပာလိုပဲ အိႏၵိယလက္ဘက္ရည္ဆိုတာကို ေသာက္ခ်င္စိတ္ရွိလာရင္ ကိုယ္တိုင္ လုပ္ျပီး ေဖ်ာ္ေသာက္ရေအာင္လို့ ေဖ်ာ္စပ္နည္းေလးကို ခရမ္းျပာ ေျပာျပေပးပါ့မယ္ေနာ္။

အိႏၵိယလက္ဘက္ရည္ေဖ်ာ္ဖို့အတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့…အခ်ိဳေျခာက္ ၊ ႏြားႏို့ ၊ သ္ကား ၊ ဂ်င္း ၊ သစ္ဂ်ပိုးေခါက္ ၊ ဖာလာေစ့ ၊ ဖာလာအျကီး ၊ ေလးညွင္း ၊ ငရုပ္ေကာင္းေစ့၊ စမံုစပါး (စမံုစပါးက မထည့္လည္းရ)

ျပဳလုပ္နည္း။ ။ သစ္ဂ်ပိုးေခါက္ ၊ ဖာလာေစ့ ၊ ဖာလာအျကီး ၊ ေလးညွင္း ၊ ငရုပ္ေကာင္းေစ့ ၊ စမံုစပါး အားလံုးကို ေရာျပီး ေထာင္းထားလိုက္ပါ။ အရမ္းညွက္စရာမလို။ မေထာင္းခ်င္ရင္လည္း အားလံုးကို ျကိတ္စက္နဲ့ ေရာျကိတ္လိုက္လို့ရပါတယ္။

အခ်ိဳေျခာက္ကို အဖန္ရည္က်ေအာင္ ႏွပ္ထားပါ။ ႏြားနို့ကို ပ်စ္ပ်စ္ေလး က်ိုထားပါ။ ျပီးရင္ ေရေႏြးတည္ျပီး အဲ့ေရေႏြးအိုးထဲ ဂ်င္း ကို အရင္ဆံုး ေထာင္းထည့္ပါ။ ( ဂ်င္း အခြံခြာစရာမလို)။

(ဂ်င္း အေျခာက္ထည့္လည္းရပါတယ္)။ ေရေႏြးပြက္ပြက္ဆူလာျပီး ဂ်င္းလည္း က်က္သြားျပီဆိုတဲ့အခါမွ အားလံုးေရာေထာင္းထားတဲ့ ဖာလာ ၊ ေလးညွင္း ၊ သစ္ဂ်ပိုး ၊ ငရုပ္ေကာင္း စတာေတြကို ထည့္လိုက္ပါ။ ဆားေလးနည္းနည္းထည့္ပါ။

တစ္ခ်ိဳ ့ကေတာ့ အခ်ိုေျခာက္ႏွပ္ထားတဲ့အရည္အထဲမွာပဲ အဲ့အဆာပလာေတြ တစ္ခါတည္း ေရာထည့္ျပီး က်ိဳလိုက္တာလည္း ရွိပါတယ္။ ခရမ္းျပာကေတာ့ သူ့အနံ့အရသာေလးကို

ကိုယ့္စိတ္တိုင္းက် လိုတိုး ပိုေလ်ွာ့ေလး လုပ္ျပီး စိတ္ျကိုက္အရသာေလး ေသာက္ခ်င္တာမို့ အခ်ိုေျခာက္ႏွပ္ရည္သပ္သပ္ ဖာလာ ေလးညွင္းစတဲ့အဆာပလာအရည္ သပ္သပ္ တစ္အိုးစီ တည္လိုက္တာပါ။

တကယ္လို့ အဲ့ဒီ ဖာလာ ေလးညွင္းစတဲ့ အရသာေတြကို သိပ္မျကိုက္ရင္ အဲ့အရည္ေလးကို လက္ဘက္ရည္ေဖ်ာ္တ့ဲအခါ ေလ်ွာ့ထည့္ျပီး ျကိုက္ရင္ေတာ့လည္း ပိုျပီးထည့္လို့ရတာေပါ့။

အားလံုးျပီးျပီဆိုရင္ေတာ့ ႏွပ္ထားတဲ့အခ်ိုေျခာက္အဖန္ရည္ကိုစစ္ယူျပီး သျကားထည့္ပါ။ ႏြားနို့ထည့္ပါ။ ျပီးရင္ ဂ်င္း သစ္ဂ်ပိုးေခါက္ ဖာလာေစ့ ဖာလာအျကီး ေလးညွင္း ငရုပ္ေကာင္းေစ့ စမံုစပါး စတဲ့အဆာပလာေတြထည့္က်ိုထားတဲ့အရည္ေလးထည့္ေဖ်ာ္လိုက္ပါ။

ႏြားနို့ မရရင္ မိတ္ ထည့္ပါ။ သျကားနဲ့မျကိုက္ရင္ ႏို့ဆီနဲ့ထည့္ေဖ်ာ္ပါ။ အဲ့ဒါဆို ထူးျခားတဲ့ အနံ့အရသာေလးနဲ့ျပည့္စံုတဲ့ အိႏၵိယ လက္ဘက္ရည္ကို ရပါျပီေနာ္။ ခ်ိဳတယ္။ ေမႊးတယ္။

စိမ့္တယ္။ ျပီးေတာ့ စပ္ရွားရွားေလးနဲ့ တကယ့္ကို ဆန္းသစ္တဲ့ အနံ့အရသာေလးနဲ့ အိႏၵိယ လက္ဘက္ရည္ေလးပါ။ ေသာက္ျပီးတာနဲ့ ခံတြင္းကိုလည္း ရွင္းသြားေစပါတယ္။

ခရမ္းျပာက ဆရာေလး ( သီလရွင္) ေက်ာင္းမွာ အလည္သြားရင္း အဲ့မွာပဲ လုပ္ေသာက္ခဲ့တာ။ အဲ့ဒါ ဆရာေလးေတြကိုပါ တိုက္ေတာ့ ျကိုက္လို့တဲ့ ဥပုသ္ေန့က်ရင္ အသစ္အဆန္းေလး ျဖစ္ေအာင္

ဒါမ်ိဳး အိႏၵိယလက္ဘက္ရည္ကို ဥပုသ္သည္ေတြနဲ့ဆရာေလးေတြကို မ်ားမ်ား ေဖ်ာ္တိုက္ရေအာင္လို့ ေနာက္တစ္ေခါက္လည္း ေက်ာင္းမွာ လာျပီး လုပ္ေပးပါဦးတဲ့။ျကိုက္တယ္ အားေပးတယ္ဆိုမွေတာ့ လုပ္ေပးရမွာေပါ့ေလေနာ့

လက္ဖက္ရည္ကို အထူးအဆန္းအရသာေလးနဲ့ ေသာက္ဖို့ စိတ္ဝင္စားတယ္ဆို ပံုေလးေတြကို ျကည့္ျပီး စမ္းသပ္ျကည့္ျကပါလို့ ။ ဒါကေတာ့ ရွမ္းမ ေဖ်ာ္တဲ့ အိႏၵိယလက္ဘက္ရည္ေပါ့…

Unicode

မင်းသိင်္ခ စာအုပ်ဖတ်ပြီး အိန္ဒိယလက်ဘက်ရည်ဆိုတာကို ဘယ်လိုကြီး သောက်ချင်နေမိမှန်း မသိဘူး။ ခက်တာက ဒီမှာ အိန္ဒိယလက်ဘက်ရည်ဆိုပြီး ဘယ်သူကမှလည်း ရောင်းတာမရှိ။

(၁) ပတ်လောက်အထိကို အဲ့လက်ဘက်ရည် သောက်ချင်စိတ်က ပျောက်မသွားဘူး။ အဲ့ဒါနဲ့ ဒီနေ့တော့ ဒီလောက် သောက်ချင်နေတဲ့ အိန္ဒိယလက်ဘက်ရည် ကိုယ့်ဟာကိုယ် အဝဖျော်သောက်ပလိုက်တယ်လေ။

ခရမ်းပြာလိုပဲ အိန္ဒိယလက်ဘက်ရည်ဆိုတာကို သောက်ချင်စိတ်ရှိလာရင် ကိုယ်တိုင် လုပ်ပြီး ဖျော်သောက်ရအောင်လို့ ဖျော်စပ်နည်းလေးကို ခရမ်းပြာ ပြောပြပေးပါ့မယ်နော်။

အိန္ဒိယလက်ဘက်ရည်ဖျော်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့…အချိုခြောက် ၊ နွားနို့ ၊ သ်ကား ၊ ဂျင်း ၊ သစ်ဂျပိုးခေါက် ၊ ဖာလာစေ့ ၊ ဖာလာအကြီး ၊ လေးညှင်း ၊ ငရုပ်ကောင်းစေ့၊ စမုံစပါး (စမုံစပါးက မထည့်လည်းရ)

ပြုလုပ်နည်း။ ။ သစ်ဂျပိုးခေါက် ၊ ဖာလာစေ့ ၊ ဖာလာအကြီး ၊ လေးညှင်း ၊ ငရုပ်ကောင်းစေ့ ၊ စမုံစပါး အားလုံးကို ရောပြီး ထောင်းထားလိုက်ပါ။ အရမ်းညှက်စရာမလို။ မထောင်းချင်ရင်လည်း အားလုံးကို ကြိတ်စက်နဲ့ ရောကြိတ်လိုက်လို့ရပါတယ်။

အချိုခြောက်ကို အဖန်ရည်ကျအောင် နှပ်ထားပါ။ နွားနို့ကို ပျစ်ပျစ်လေး ကျိုထားပါ။ ပြီးရင် ရေနွေးတည်ပြီး အဲ့ရေနွေးအိုးထဲ ဂျင်း ကို အရင်ဆုံး ထောင်းထည့်ပါ။ ( ဂျင်း အခွံခွာစရာမလို)။

(ဂျင်း အခြောက်ထည့်လည်းရပါတယ်)။ ရေနွေးပွက်ပွက်ဆူလာပြီး ဂျင်းလည်း ကျက်သွားပြီဆိုတဲ့အခါမှ အားလုံးရောထောင်းထားတဲ့ ဖာလာ ၊ လေးညှင်း ၊ သစ်ဂျပိုး ၊ ငရုပ်ကောင်း စတာတွေကို ထည့်လိုက်ပါ။ ဆားလေးနည်းနည်းထည့်ပါ။

တစ်ချို ့ကတော့ အချိုခြောက်နှပ်ထားတဲ့အရည်အထဲမှာပဲ အဲ့အဆာပလာတွေ တစ်ခါတည်း ရောထည့်ပြီး ကျိုလိုက်တာလည်း ရှိပါတယ်။ ခရမ်းပြာကတော့ သူ့အနံ့အရသာလေးကို

ကိုယ့်စိတ်တိုင်းကျ လိုတိုး ပိုလျှော့လေး လုပ်ပြီး စိတ်ကြိုက်အရသာလေး သောက်ချင်တာမို့ အချိုခြောက်နှပ်ရည်သပ်သပ် ဖာလာ လေးညှင်းစတဲ့အဆာပလာအရည် သပ်သပ် တစ်အိုးစီ တည်လိုက်တာပါ။

တကယ်လို့ အဲ့ဒီ ဖာလာ လေးညှင်းစတဲ့ အရသာတွေကို သိပ်မကြိုက်ရင် အဲ့အရည်လေးကို လက်ဘက်ရည်ဖျော်တဲ့အခါ လျှော့ထည့်ပြီး ကြိုက်ရင်တော့လည်း ပိုပြီးထည့်လို့ရတာပေါ့။

အားလုံးပြီးပြီဆိုရင်တော့ နှပ်ထားတဲ့အချိုခြောက်အဖန်ရည်ကိုစစ်ယူပြီး သကြားထည့်ပါ။ နွားနို့ထည့်ပါ။ ပြီးရင် ဂျင်း သစ်ဂျပိုးခေါက် ဖာလာစေ့ ဖာလာအကြီး လေးညှင်း ငရုပ်ကောင်းစေ့ စမုံစပါး စတဲ့အဆာပလာတွေထည့်ကျိုထားတဲ့အရည်လေးထည့်ဖျော်လိုက်ပါ။

နွားနို့ မရရင် မိတ် ထည့်ပါ။ သကြားနဲ့မကြိုက်ရင် နို့ဆီနဲ့ထည့်ဖျော်ပါ။ အဲ့ဒါဆို ထူးခြားတဲ့ အနံ့အရသာလေးနဲ့ပြည့်စုံတဲ့ အိန္ဒိယ လက်ဘက်ရည်ကို ရပါပြီနော်။ ချိုတယ်။ မွှေးတယ်။

စိမ့်တယ်။ ပြီးတော့ စပ်ရှားရှားလေးနဲ့ တကယ့်ကို ဆန်းသစ်တဲ့ အနံ့အရသာလေးနဲ့ အိန္ဒိယ လက်ဘက်ရည်လေးပါ။ သောက်ပြီးတာနဲ့ ခံတွင်းကိုလည်း ရှင်းသွားစေပါတယ်။

ခရမ်းပြာက ဆရာလေး ( သီလရှင်) ကျောင်းမှာ အလည်သွားရင်း အဲ့မှာပဲ လုပ်သောက်ခဲ့တာ။ အဲ့ဒါ ဆရာလေးတွေကိုပါ တိုက်တော့ ကြိုက်လို့တဲ့ ဥပုသ်နေ့ကျရင် အသစ်အဆန်းလေး ဖြစ်အောင်

ဒါမျိုး အိန္ဒိယလက်ဘက်ရည်ကို ဥပုသ်သည်တွေနဲ့ဆရာလေးတွေကို များများ ဖျော်တိုက်ရအောင်လို့ နောက်တစ်ခေါက်လည်း ကျောင်းမှာ လာပြီး လုပ်ပေးပါဦးတဲ့။ကြိုက်တယ် အားပေးတယ်ဆိုမှတော့ လုပ်ပေးရမှာပေါ့လေနော့

လက်ဖက်ရည်ကို အထူးအဆန်းအရသာလေးနဲ့ သောက်ဖို့ စိတ်ဝင်စားတယ်ဆို ပုံလေးတွေကို ကြည့်ပြီး စမ်းသပ်ကြည့်ကြပါလို့ ။ ဒါကတော့ ရှမ်းမ ဖျော်တဲ့ အိန္ဒိယလက်ဘက်ရည်ပေါ့…

Leave a Reply

Your email address will not be published. Required fields are marked *