လူတိုင္းနီးပါးႀကိဳက္တဲ့ ရွမ္းမံုၫွင္းခ်ဥ္ ( သို ့) ရွမ္းခ်ဥ္ လုပ္နည္း

ရွမ္းမုံညင္းခ်ဥ္ႀကိဳက္သူမ်ား မိမိအိမ္မွာ သန႔္ရွင္းလတ္ဆတ္စြာ လုပ္စားလို႔ရၿပီေနာ္။ Homemade မုံညင္းခ်ဥ္ ျပဳလုပ္နည္းေလးကို အိမ္ရွင္မမ်ားအတြက္ တင္ေပးလုိက္ပါတယ္။

ပါဝင္ပစၥည္းမ်ား။ ။မုံညင္း ၊ ဂ်ဴးျမစ္ ၊ ထမင္းရည္ ၊ ဆား ၊ နႏြင္း ၊ ႀကံသကာ ၊ စမုံစပါး (ေလွာ္ေထာင္းထားပါ) ၊ င႐ုတ္သီးေျခာက္ (ေထာင္းထားပါ) ၊ ေရွာက္ေကာ ၊ ပါ့ေကာမႈန႔္ ၊ နံနံပင္။

ျပဳလုပ္နည္း – မုံညင္းကို အရင္ဆုံး ေနပူ ၁ ရက္လွန္းထားပါ။ ရၿပီဆိုလွ်င္ လက္ ၄ လုံးစာ အရွည္ေလာက္ ဂ်ဳးျမစ္ကို လွီးျဖတ္ပါ။ ၿပီးလွ်င္ မုံံညင္းကို လက္ျဖင့္အဝတ္ေလွ်ာ္သလို ဇလုံႀကီးထဲ အားရပါးရ ေခ်ပါ။

ေရျဖင့္ ၅ ခါခန႔္ အစိမ္းေရေဆးပစ္ပါ။ မုံညင္းမ်ားကို ေရစစ္ၿပီး ထမင္းရည္၊ ဆား၊ နႏြင္း၊ ဂ်ဳးျမစ္တို႔ကို ထည့္ႏွယ္ၿပီး အိုး (သို႔) ကြၽတ္ကြၽတ္အိတ္ႀကီးထဲ သိပ္ထားကာ ေနပူတြင္ ၅ ရက္ခန႔္ ထုတ္လွန္းပါ။

ခ်ဥ္ၿပီဆိုမွ ႀကံသကာ၊ နံနံ၊ စမုံစပါး ေလွာ္ေထာင္း၊ ျငဳပ္သီးေျခာက္ေထာင္း၊ ေရွာက္ေကာ၊ ပါ့ေကာမႈန႔္ ထည့္ႏွယ္လိုက္ပါ။ အၾကာႀကီးထား စားမယ္ဆိုလွ်င္ ေနပူလွန္းစရာမလိုပါ။

Unicode

ရှမ်းမုံညင်းချဉ်ကြိုက်သူများ မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ လုပ်စားလို့ရပြီနော်။ Homemade မုံညင်းချဉ် ပြုလုပ်နည်းလေးကို အိမ်ရှင်မများအတွက် တင်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ။ ။မုံညင်း ၊ ဂျူးမြစ် ၊ ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ကြံသကာ ၊ စမုံစပါး (လှော်ထောင်းထားပါ) ၊ ငရုတ်သီးခြောက် (ထောင်းထားပါ) ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ၊ နံနံပင်။

ပြုလုပ်နည်း – မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ။ ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ။ ပြီးလျှင် မုံံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ။

ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေးပစ်ပါ။ မုံညင်းများကို ရေစစ်ပြီး ထမင်းရည်၊ ဆား၊ နနွင်း၊ ဂျုးမြစ်တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ။

ချဉ်ပြီဆိုမှ ကြံသကာ၊ နံနံ၊ စမုံစပါး လှော်ထောင်း၊ ငြုပ်သီးခြောက်ထောင်း၊ ရှောက်ကော၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ။ အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ။

Leave a Reply

Your email address will not be published. Required fields are marked *