သင့္ရဲ့ ေျခေခ်ာင္းေလးေတြရဲ့ပုံစံက ေျပာျပေနတဲ့ သင့္အေၾကာင္း

ကၽြန္မတို႔အားလုံးဟာ တစ္ေယာက္ကိုတစ္မ်ိဳးစီ နဲ႔ တမူထူးျခားသူေတြ ျဖစ္ၾကပါတယ္။ တစ္ေယာက္ရဲ့အေၾကာင္းကို တစ္ေယာက္ကမသိနိုင္သလိုပဲ ကၽြန္မတို႔ကိုယ္တိုင္လည္း ကိုယ္ကိုယ္ကိုသတိမထားမိတာေတြ ရွိတတ္ေပမယ့္ ကၽြန္မတို႔ရဲ့သဘာဝနဲ႔ စရိုက္ကို ကၽြန္မတို႔ရဲ့ကိုယ္အဂၤါအစိတ္အပိုင္းေတြက ေဖာ္ျပၿပီးျဖစ္ပါတယ္။ ဘယ္လိုေျခေခ်ာင္းပုံစီက ဘယ္လိုသဘာဝရွိတယ္ဆိုတာကို ေလ့လာၾကည့္ၾကရေအာင္။

1 The Egyptian Foot
ယခုလိုေျခေခ်ာင္းပုံစံမ်ိဳးဟာ ရွားပါးၿပီး အျမင့္ကေနအနိမ့္သို႔ ညီညာစြာဆင္းသြားတဲ့ ပုံစံမ်ိဳးျဖစ္ပါတယ္။ ဒီလိုေျခေခ်ာင္းပုံစံမ်ိဳးကို ဘာေၾကာင့္ အီဂ်စ္ေျခေထာက္လို႔ ေခၚရတာလဲဆိုေတာ့ အဆိုပါေျခေခ်ာင္းပိုင္ရွင္ေတြဟာ အနည္းငယ္လွို႔ဝွက္ဆန္းၾကယ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။
သူတို႔ေတြဟာ အလြန္ကိုလွို႔ဝွက္တတ္တဲ့သူေတြျဖစ္ၿပီး သူတို႔ဟာသင့္အျမင္မွာ အေျဖရွာရခက္တဲ့ ပုစၧာတစ္ပုဒ္လို ျဖစ္ေနနိုင္ပါတယ္။ သူတို႔ရဲ့စိတ္ကူးေတြ ခံစားခ်က္ေတြကို သင္ေဖာ္ထုတ္နိုင္မွာမဟုတ္ပါဘူး

2.The Roman Foot
ယခုလို ေျခေခ်ာင္းသုံးေခ်ာင္းက ညီညာေနၿပီး ေနာက္ေျခေခ်ာင္းႏွစ္ေခ်ာင္းက အစဥ္လိုက္ျဖစ္ေနတာကို ေရာမေျခေခ်ာင္းလို႔ ေခၚၾကပါတယ္။ ယခုလိုေျခေခ်ာင္းပိုင္ရွင္ေတြဟာ ၾသဇာႀကီးတဲ့သူေတြ ျဖစ္ၾကၿပီး သတၱိနဲ႔ သစၥာေစာင့္သိတတ္ၾကသူေတြလည္း ျဖစ္ၾကပါတယ္။
သူတို႔ေတြဟာ သူတို႔ခ်စ္သူေတြနဲ႔ ပတ္သတ္လာရင္ အလြန္ကိုစိတ္အားထက္သန္ေလ့ရွိတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ သူတို႔ခ်စ္တဲ့သူတစ္ေယာက္ေယာက္ကို သင္ကသြားရွုပ္မိရင္ေတာ့ ေရာမေျခေထာက္နဲ႔ အကန္ခံရကိန္းရွိပါတယ္။

3.Peasant’s Foot
ဒီလိုေျခေခ်ာင္းမ်ိဳးကလည္း အလြန္ကိုရွားပါၿပီး ေျခေခ်ာင္းအားလုံးဟာ တတန္းတည္းရွိေနပါတယ္။ ယခုလိုေျခေခ်ာင္းကို ေတာသားေျခေထာက္၊ ဆင္းရဲသားေျခေထာက္လို႔ အမည္ေပးထားတာ ေစာ္ကားလိုတဲ့ဆႏၵေၾကာင့္ မဟုတ္ပါဘူး။ ဒီလိုေျခေခ်ာင္းပိုင္ရွင္ေတြဟာ အႀကံဉာဏ္ႀကီးၾကပါတယ္။ ဘယ္လိုအရာမ်ိဳးကိုပဲျဖစ္ျဖစ္ သူတို႔ေတြဟာေကာင္းစြာစစ္ေၾကာနိုင္စြမ္းလည္း ရွိၾကပါတယ္။
သူတို႔ေတြဟာ အျမဲတမ္းတည္ၿငိမ္ေနတတ္ၿပီး က်ိဳးေၾကာင္းဆီေလ်ာ္စြာ ေျပာဆိုတတ္ၾကပါတယ္။ ဒါေၾကာင့္ပဲ အေျခအေနအရပ္ရပ္ကို အဆုံးမသတ္ခင္မွာ အေကာင္းဆုံးဆုံးျဖတ္ခ်က္ေတြ ခ်နိုင္စြမ္း ရွိၾကပါတယ္။ ဒီလိုလူမ်ိဳးေတြနဲ႔ သူငယ္ခ်င္းျဖစ္ရင္ လက္မလႊတ္သင့္ပါဘူး။ သူတို႔ဆီကအေကာင္းဆုံးအႀကံဉာဏ္ေတြကို သင္ရရွိပါလိမ့္မယ္။

4.The Greek’s Feet
ဒီလို ဒုတိယေျမာက္ေျခေခ်ာင္းတစ္ေခ်ာင္းတည္းက ရွည္ထြက္ေနျခင္းကို ဂရိေျခေထာက္လို႔ ေ ခၚပါတယ္။ ဒီလိုေျခခ်ာင္းပုံသဏၰာန္ေတြကို ဂရိ႐ုပ္ထုေတြ၊ ပန္းခ်ီေတြမွာ အမ်ားအျပားေတြ႕နိုင္ပါတယ္။ ဂရိေျခေထာက္ပိုင္ရွင္ေတြဟာ အႏုပညာ၊ အားကစားနဲ႔ ေဖ်ာ္ေျဖတင္ဆက္သမား ေတြ ျဖစ္ေနၾကပါတယ္။
သူတို႔ရဲ့အႏုပညာဟာ အရမ္းကိုဖန္တီးနိုင္စြမ္းရွိၾကၿပီး အေတြးအေခၚပိုင္းမွာလည္း ျပည့္စုံေကာင္းမြန္သူေတြ ျဖစ္ၾကပါတယ္။ တကယ္လို႔ ဒီလိုေျခေခ်ာင္းမ်ိဳးေတြနဲ႔ သင္ေမြးဖြားလာတယ္ဆိုရင္ေတာ့ သင္ဟာေခါင္းေဆာင္တစ္ေယာာက္ ျဖစ္လာမယ့္သူပါ။ သင့္အတြက္ ဂုဏ္ယူပါတယ္။

5 The Immovable Little Toe
ေျခေခ်ာင္းေတြကို ကိုယ္တိုင္မေရြ႕လ်ားနိုင္တဲ့ သူမ်ိဳးေတြကို သင္ျမင္ဖူးပါသလား။ သူတို႔ေတြဟာ စူပါဟီရိုးဆိုတဲ့ ဂုဏ္ပုဒ္နဲ႔ညီမၽွသူေတြ ျဖစ္ၾကပါတယ္။
သူတို႔ေတြဟာ ကိုယ့္ရဲ့အသက္ေမြးဝမ္းေၾကာင္းအလုပ္ကို စိတ္အားအလြန္ထက္သန္ၾကၿပီး အလုပ္ကိုလည္း သရဲမရဲစီးသလို လုပ္တတ္ၾကသူေတြ ျဖစ္ၾကပါတယ္။

6 .The Moving Little Toe
ယခုေျခေခ်ာင္းပိုင္ရွင္ေတြကေတာ့ အေပၚကလူနဲ႔ မတူညီပဲ သူတို႔ရဲ့ေျခသန္းကို ေရြ႕လ်ားနိုင္သူေတြ ျဖစ္ၾကပါတယ္။ သူတို႔ေတြရဲ့စရိုက္ကေတာ့ အေျဖကိုသိရွိနိုင္ဖို႔ အရမ္းကို စိတ္အားထက္သန္သူေတြ ျဖစ္ၾကပါတယ္။
ဒါေၾကာင့္ပဲ သူတို႔ေတြဟာ စပ္စုတတ္သူေတြ ျဖစ္ေနၾကၿပီး အသစ္ေတြကိုသင္ယူနိုင္ဖို႔ အျမဲတက္ႂကြေနၾကပါတယ္။

7.The Teeny Tiny Little Toe
သူတို႔ေတြရဲ့ ေျခသန္းတစ္ခ်ာင္းတည္းဟာ အလြန္ေသးငယ္ၿပီး ပုတိုတိုေလး ျဖစ္ေနၾကပါတယ္။ ထိုသူမ်ိဳးေတြဟာ ေခတ္ေရွ႕ေျပးသူေတြ ျဖစ္ၾကၿပီး ကိုယ္ပိုင္လမ္းေၾကာင္းေပၚမွာ အျခားသူေတြဘယ္သူမွ မရွိရင္ေတာင္မွ ရွက္ေၾကာက္စြာနဲ႔ သြားေနမွာမဟုတ္ပါဘူး။
သူတို႔ေတြဟာ ကိုယ္ပိုင္ေျမပုံနဲ႔ ခရီးသြားေနၾကသူေတြျဖစ္သလို ဘယ္သူေတြကပဲ ကဲ့ရဲ့ပါေစ။ ကိုယ္ႏွစ္သက္တဲ့ ဖက္ရွင္ဒီဇိုင္းမ်ိဳးကိုပဲ ယုံၾကည္စြာဝတ္ဆင္တတ္ပါတယ္။

8 The Third Toe Turning Outwards
တတိယေျခေခ်ာင္းက အျပင္ထြက္ေနတဲ့သူ…ယခုေျခေခ်ာင္းပိုင္ရွင္ကေတာ့ အလြန္အေသးစိတ္တတ္ၿပီး ကိုယ့္ရဲ့စံခ်ိန္စံညႊန္းနဲ႔ ကိုက္ညီတဲ့အထိ တိုင္းတာတတ္ၾကသူေတြျဖစ္ပါတယ္။
သူတို႔ရဲ့ဘဝမွာ ဘယ္ေတာ့မွ အသုံးမဝင္တဲ့အရာေတြနဲ႔ အခ်ိန္မျဖဳန္းတတ္ၾကပါဘူး။ အရာရာတိုင္းကို ကိုယ့္ရဲ့စံညႊန္းနဲ႔ ကိုက္ညီလာတဲ့အထိ အေသးစိတ္တတ္သူေတြ ျဖစ္ၾကပါတယ္။

Unicode

ကျွန်မတို့အားလုံးဟာ တစ်ယောက်ကိုတစ်မျိုးစီ နဲ့ တမူထူးခြားသူတွေ ဖြစ်ကြပါတယ်။ တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက်ကမသိနိုင်သလိုပဲ ကျွန်မတို့ကိုယ်တိုင်လည်း ကိုယ်ကိုယ်ကိုသတိမထားမိတာတွေ ရှိတတ်ပေမယ့် ကျွန်မတို့ရဲ့သဘာဝနဲ့ စရိုက်ကို ကျွန်မတို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ဖော်ပြပြီးဖြစ်ပါတယ်။ ဘယ်လိုခြေချောင်းပုံစီက ဘယ်လိုသဘာဝရှိတယ်ဆိုတာကို လေ့လာကြည့်ကြရအောင်။

1 The Egyptian Foot
ယခုလိုခြေချောင်းပုံစံမျိုးဟာ ရှားပါးပြီး အမြင့်ကနေအနိမ့်သို့ ညီညာစွာဆင်းသွားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုခြေချောင်းပုံစံမျိုးကို ဘာကြောင့် အီဂျစ်ခြေထောက်လို့ ခေါ်ရတာလဲဆိုတော့ အဆိုပါခြေချောင်းပိုင်ရှင်တွေဟာ အနည်းငယ်လှို့ဝှက်ဆန်းကြယ်ကြတာကြောင့် ဖြစ်ပါတယ်။
သူတို့တွေဟာ အလွန်ကိုလှို့ဝှက်တတ်တဲ့သူတွေဖြစ်ပြီး သူတို့ဟာသင့်အမြင်မှာ အဖြေရှာရခက်တဲ့ ပုစ္ဆာတစ်ပုဒ်လို ဖြစ်နေနိုင်ပါတယ်။ သူတို့ရဲ့စိတ်ကူးတွေ ခံစားချက်တွေကို သင်ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး

2.The Roman Foot
ယခုလို ခြေချောင်းသုံးချောင်းက ညီညာနေပြီး နောက်ခြေချောင်းနှစ်ချောင်းက အစဉ်လိုက်ဖြစ်နေတာကို ရောမခြေချောင်းလို့ ခေါ်ကြပါတယ်။ ယခုလိုခြေချောင်းပိုင်ရှင်တွေဟာ သြဇာကြီးတဲ့သူတွေ ဖြစ်ကြပြီး သတ္တိနဲ့ သစ္စာစောင့်သိတတ်ကြသူတွေလည်း ဖြစ်ကြပါတယ်။
သူတို့တွေဟာ သူတို့ချစ်သူတွေနဲ့ ပတ်သတ်လာရင် အလွန်ကိုစိတ်အားထက်သန်လေ့ရှိတတ်ကြပါတယ်။ ဒါ့ကြောင့် သူတို့ချစ်တဲ့သူတစ်ယောက်ယောက်ကို သင်ကသွားရှုပ်မိရင်တော့ ရောမခြေထောက်နဲ့ အကန်ခံရကိန်းရှိပါတယ်။

3.Peasant’s Foot
ဒီလိုခြေချောင်းမျိုးကလည်း အလွန်ကိုရှားပါပြီး ခြေချောင်းအားလုံးဟာ တတန်းတည်းရှိနေပါတယ်။ ယခုလိုခြေချောင်းကို တောသားခြေထောက်၊ ဆင်းရဲသားခြေထောက်လို့ အမည်ပေးထားတာ စော်ကားလိုတဲ့ဆန္ဒကြောင့် မဟုတ်ပါဘူး။ ဒီလိုခြေချောင်းပိုင်ရှင်တွေဟာ အကြံဉာဏ်ကြီးကြပါတယ်။ ဘယ်လိုအရာမျိုးကိုပဲဖြစ်ဖြစ် သူတို့တွေဟာကောင်းစွာစစ်ကြောနိုင်စွမ်းလည်း ရှိကြပါတယ်။
သူတို့တွေဟာ အမြဲတမ်းတည်ငြိမ်နေတတ်ပြီး ကျိုးကြောင်းဆီလျော်စွာ ပြောဆိုတတ်ကြပါတယ်။ ဒါကြောင့်ပဲ အခြေအနေအရပ်ရပ်ကို အဆုံးမသတ်ခင်မှာ အကောင်းဆုံးဆုံးဖြတ်ချက်တွေ ချနိုင်စွမ်း ရှိကြပါတယ်။ ဒီလိုလူမျိုးတွေနဲ့ သူငယ်ချင်းဖြစ်ရင် လက်မလွှတ်သင့်ပါဘူး။ သူတို့ဆီကအကောင်းဆုံးအကြံဉာဏ်တွေကို သင်ရရှိပါလိမ့်မယ်။

4.The Greek’s Feet
ဒီလို ဒုတိယမြောက်ခြေချောင်းတစ်ချောင်းတည်းက ရှည်ထွက်နေခြင်းကို ဂရိခြေထောက်လို့ ေ ခါ်ပါတယ်။ ဒီလိုခြေချာင်းပုံသဏ္ဏာန်တွေကို ဂရိရုပ်ထုတွေ၊ ပန်းချီတွေမှာ အများအပြားတွေ့နိုင်ပါတယ်။ ဂရိခြေထောက်ပိုင်ရှင်တွေဟာ အနုပညာ၊ အားကစားနဲ့ ဖျော်ဖြေတင်ဆက်သမား တွေ ဖြစ်နေကြပါတယ်။
သူတို့ရဲ့အနုပညာဟာ အရမ်းကိုဖန်တီးနိုင်စွမ်းရှိကြပြီး အတွေးအခေါ်ပိုင်းမှာလည်း ပြည့်စုံကောင်းမွန်သူတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ဒီလိုခြေချောင်းမျိုးတွေနဲ့ သင်မွေးဖွားလာတယ်ဆိုရင်တော့ သင်ဟာခေါင်းဆောင်တစ်ယောာက် ဖြစ်လာမယ့်သူပါ။ သင့်အတွက် ဂုဏ်ယူပါတယ်။

5 The Immovable Little Toe
ခြေချောင်းတွေကို ကိုယ်တိုင်မရွေ့လျားနိုင်တဲ့ သူမျိုးတွေကို သင်မြင်ဖူးပါသလား။ သူတို့တွေဟာ စူပါဟီရိုးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီမျှသူတွေ ဖြစ်ကြပါတယ်။
သူတို့တွေဟာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကို စိတ်အားအလွန်ထက်သန်ကြပြီး အလုပ်ကိုလည်း သရဲမရဲစီးသလို လုပ်တတ်ကြသူတွေ ဖြစ်ကြပါတယ်။

6 .The Moving Little Toe
ယခုခြေချောင်းပိုင်ရှင်တွေကတော့ အပေါ်ကလူနဲ့ မတူညီပဲ သူတို့ရဲ့ခြေသန်းကို ရွေ့လျားနိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့တွေရဲ့စရိုက်ကတော့ အဖြေကိုသိရှိနိုင်ဖို့ အရမ်းကို စိတ်အားထက်သန်သူတွေ ဖြစ်ကြပါတယ်။
ဒါကြောင့်ပဲ သူတို့တွေဟာ စပ်စုတတ်သူတွေ ဖြစ်နေကြပြီး အသစ်တွေကိုသင်ယူနိုင်ဖို့ အမြဲတက်ကြွနေကြပါတယ်။

7.The Teeny Tiny Little Toe
သူတို့တွေရဲ့ ခြေသန်းတစ်ချာင်းတည်းဟာ အလွန်သေးငယ်ပြီး ပုတိုတိုလေး ဖြစ်နေကြပါတယ်။ ထိုသူမျိုးတွေဟာ ခေတ်ရှေ့ပြေးသူတွေ ဖြစ်ကြပြီး ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ အခြားသူတွေဘယ်သူမှ မရှိရင်တောင်မှ ရှက်ကြောက်စွာနဲ့ သွားနေမှာမဟုတ်ပါဘူး။
သူတို့တွေဟာ ကိုယ်ပိုင်မြေပုံနဲ့ ခရီးသွားနေကြသူတွေဖြစ်သလို ဘယ်သူတွေကပဲ ကဲ့ရဲ့ပါစေ။ ကိုယ်နှစ်သက်တဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကိုပဲ ယုံကြည်စွာဝတ်ဆင်တတ်ပါတယ်။

8 The Third Toe Turning Outwards
တတိယခြေချောင်းက အပြင်ထွက်နေတဲ့သူ…ယခုခြေချောင်းပိုင်ရှင်ကတော့ အလွန်အသေးစိတ်တတ်ပြီး ကိုယ့်ရဲ့စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့အထိ တိုင်းတာတတ်ကြသူတွေဖြစ်ပါတယ်။
သူတို့ရဲ့ဘဝမှာ ဘယ်တော့မှ အသုံးမဝင်တဲ့အရာတွေနဲ့ အချိန်မဖြုန်းတတ်ကြပါဘူး။ အရာရာတိုင်းကို ကိုယ့်ရဲ့စံညွှန်းနဲ့ ကိုက်ညီလာတဲ့အထိ အသေးစိတ်တတ်သူတွေ ဖြစ်ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *