ဇနီးသည္ ရင္သားကင္ဆာခံစားေနရတာကို သိၿပီးေနာက္ ကြာရွင္းသြားတဲ့ အမ်ိဳးသား

လင္နဲ႔မယားရယ္လုိ႔ အိမ္ယာတစ္ခုကို တည္ေထာင္ၾကတဲ့အခါ တစ္ခ်ိဳ႕ေတြကေတာ့ ေမတၱာေပးလုိ႔ ေမတၱာရၾကပါတယ္။

တစ္ခ်ိဳ႕ေတြကေတာ့ ဆုိး၀ါးလွတဲ့ ေလာကဓံ႐ုိက္ခ်က္ကုိ ေတြ႕လုိက္တာနဲ႔ လက္ရွိအိမ္ေထာင္ကုိ ပယ္ပစ္၊ အသစ္ဆီမွာ စားက်က္ရွာတတ္ၾကပါတယ္။

အခုလည္း ထုိင္းအမ်ိဳးသမီးရဲ႕အျဖစ္က အေတာ္ ရင္နာစရာ ေကာင္းပါတယ္။သူမရဲ႕ နာမည္ကေတာ့ Wiramon Inthaneth ျဖစ္ၿပီး၊ အသက္က 36 ႏွစ္ ရွိပါၿပီ။

သူမရဲဲ႕ တစ္ကိုယ္ေကာင္းဆန္ အတၱႀကီးမားလွတဲ့ ခင္ပြန္းသည္က သူမမွာ ကုသလို႔မရႏုိင္တဲ့ ရင္သားကင္ဆာေရာဂါ ခံစားေနရမွန္း သိကတည္းက သားအမိႏွစ္ေယာက္စလုံးကို ပစ္ထားခဲ့ပါတယ္။အခုဆုိ Wiramon ဟာ လူမမယ္ သမီးေလးတစ္ေယာက္နဲ႔ လက္က်န္ဘ ၀ကို ရင္ဆုိင္ေနရပါတယ္။

Wiramon ဟာ ကင္ဆာခံစားရၿပီးကတည္းက အလုပ္လည္း မလုပ္ႏုိ္င္ေတာ့သလုိ၊ ေန႔စဥ္နဲ႔အမွ် ေဆးခန္းကုိသာ သြားေနရလုိ႔ ေဆးစာရိတ္ကလည္း ေထာင္းလွပါတယ္။

လက္ရွိအခ်ိန္မွာ Wiramon ရဲ႕ ဖခင္၊ တကၠစီဒ႐ုိင္ဘာႀကီးက သမီးအတြက္ ေဆးစာရိတ္ကို ရွာေဖြေပးေနၿပီး၊ ခုိင္မာတဲ့ ရံပုံေငြတစ္ခုရဖုိ႔ ႀကိဳးစားေနပါတယ္။ သူရဲ႕ ၀င္ေငြနဲ႔ကလည္း သမီးကို ထိေရာက္တဲ့ ေထာက္ပံ့မႈ မေပးႏုိ္င္ဘူးေလ။

ဒါေပမယ့္ Wiramon ကုိ ေထာက္ပံ့မယ့္ ပရဟိတအလွဴရွင္ ေပၚလာခဲ့ပါတယ္။ သူကေတာ့ Monk Bhin ျဖစ္ၿပီး လိုအပ္သမွ်ကို ေထာက္ပ့ံမယ္လုိ႔ သိရပါတယ္။

လက္တေလာမွာေတာ့ Monk Bhin ရဲ႕ ႀကိဳစားမႈေၾကာင့္ ရံပုံေငြေတြ တုိးတက္လာေၾကာင္း၊ အလွဴဳရွင္ေတြကိုလည္း ဖိတ္ေခၚထားေၾကာင္း သိရပါတယ္။

ဆရာေတာ္ Bhin က ” သူ႕ကုိ ကၽြန္ေတာ္သြားေတြ႕ေတာ့ သူမက ငုိရွာတယ္ .. အေၾကာင္းကေတာ့ သမီးေလးကို ၾကာရွည္ မေစာင့္ေရွာက္ႏုိ္င္မွာကုိပဲ ေတြးပူေနတာပါ ..

သူမရဲ႕ သမီးေလးကို ေစာင့္ေရွာက္ဖုိ႔အတြက္လည္း ပုိက္ဆံ လုိသလုိ၊ ေဆးဖုိးကလည္း လုိေနပါတယ္ … “လုိ႔ ေျပာခဲ့ပါတယ္။

UNICODE

လင်နဲ့မယားရယ်လို့ အိမ်ယာတစ်ခုကို တည်ထောင်ကြတဲ့အခါ တစ်ချို့တွေကတော့ မေတ္တာပေးလို့ မေတ္တာရကြပါတယ်။

တစ်ချို့တွေကတော့ ဆိုးဝါးလှတဲ့ လောကဓံရိုက်ချက်ကို တွေ့လိုက်တာနဲ့ လက်ရှိအိမ်ထောင်ကို ပယ်ပစ်၊ အသစ်ဆီမှာ စားကျက်ရှာတတ်ကြပါတယ်။

အခုလည်း ထိုင်းအမျိုးသမီးရဲ့အဖြစ်က အတော် ရင်နာစရာ ကောင်းပါတယ်။သူမရဲ့ နာမည်ကတော့ Wiramon Inthaneth ဖြစ်ပြီး၊ အသက်က 36 နှစ် ရှိပါပြီ။

သူမရဲဲ့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးမားလှတဲ့ ခင်ပွန်းသည်က သူမမှာ ကုသလို့မရနိုင်တဲ့ ရင်သားကင်ဆာရောဂါ ခံစားနေရမှန်း သိကတည်းက သားအမိနှစ်ယောက်စလုံးကို ပစ်ထားခဲ့ပါတယ်။အခုဆို Wiramon ဟာ လူမမယ် သမီးလေးတစ်ယောက်နဲ့ လက်ကျန်ဘ ၀ကို ရင်ဆိုင်နေရပါတယ်။

Wiramon ဟာ ကင်ဆာခံစားရပြီးကတည်းက အလုပ်လည်း မလုပ်နို်င်တော့သလို၊ နေ့စဉ်နဲ့အမျှ ဆေးခန်းကိုသာ သွားနေရလို့ ဆေးစာရိတ်ကလည်း ထောင်းလှပါတယ်။

လက်ရှိအချိန်မှာ Wiramon ရဲ့ ဖခင်၊ တက္ကစီဒရိုင်ဘာကြီးက သမီးအတွက် ဆေးစာရိတ်ကို ရှာဖွေပေးနေပြီး၊ ခိုင်မာတဲ့ ရံပုံငွေတစ်ခုရဖို့ ကြိုးစားနေပါတယ်။

သူရဲ့ ၀င်ငွေနဲ့ကလည်း သမီးကို ထိရောက်တဲ့ ထောက်ပံ့မှု မပေးနို်င်ဘူးလေ။ဒါပေမယ့် Wiramon ကို ထောက်ပံ့မယ့် ပရဟိတအလှူရှင် ပေါ်လာခဲ့ပါတယ်။

သူကတော့ Monk Bhin ဖြစ်ပြီး လိုအပ်သမျှကို ထောက်ပ့ံမယ်လို့ သိရပါတယ်။လက်တလောမှာတော့ Monk Bhin ရဲ့ ကြိုစားမှုကြောင့် ရံပုံငွေတွေ တိုးတက်လာကြောင်း၊ အလှူုရှင်တွေကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

ဆရာတော် Bhin က ” သူ့ကို ကျွန်တော်သွားတွေ့တော့ သူမက ငိုရှာတယ် .. အကြောင်းကတော့ သမီးလေးကို ကြာရှည် မစောင့်ရှောက်နို်င်မှာကိုပဲ တွေးပူနေတာပါ ..

သူမရဲ့ သမီးလေးကို စောင့်ရှောက်ဖို့အတွက်လည်း ပိုက်ဆံ လိုသလို၊ ဆေးဖိုးကလည်း လိုနေပါတယ် … “လို့ ပြောခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *