ရဟန္းေတာ္မ်ားကုိ သပိတ္ထဲ ဆြမ္းကပ္ေလ့ရွိတဲ့ အလွဴရွင္မ်ား သတိထားဖုိ ့ ေကာ္သပိတ္ အႏၱရာယ္အေၾကာင္း ဗီဒီယို

ဦးဇင္းတပါးတင္ထားတဲ့ ဗီဒီယုိဖုိင္ထဲမွာ ေကာ္သပိတ္နဲ႔ ပတ္သက္ၿပီး အႏၱရာယ္ရွိပံုအေၾကာင္းကုိ ေဖာ္ျပခဲ့ပါတယ္။ ျမတ္စြာဘုရားသားေတာ္ ရဟန္းေတာ္ေတြဟာ ဝိနည္းနဲ႔အညီ သပိတ္နဲ႔ ဘုန္းေပးၾကရပါတယ္။

သပိတ္အမ်ဳိးအစား အမ်ဳိးမ်ဳိး ရွိၿပီး ေခတ္ေတြ ေျပာင္းလဲလာတာနဲ႔အမွ် သပိတ္ကုိ ျပဳလုပ္တဲ့ ပစၥည္းေတြ အမ်ဳိးမ်ဳိး ကြဲျပားျခားနား လာၾက ပါတယ္။

သံ၊ စတီးလ္၊ ေကာ္၊ ဒန္ စသျဖင့္ ကုန္ၾကမ္း ပစၥည္းအမ်ဳိးမ်ဳိးကုိ အသံုးျပဳၿပီး သပိတ္ေတြကုိ ျပဳလုပ္လာၾကပါတယ္။ အဲဒီထဲမွာ ပလပ္စတစ္ေကာ္နဲ႔

ျပဳလုပ္တဲ့ သပိတ္မ်ားဟာ ထုတ္လုပ္မႈ စရိတ္သက္သာၿပီး ေပါေပါမ်ားမ်ား ထုတ္လုပ္ ႏုိင္တာေၾကာင့္ ေစ်းကြက္ထဲမွာ ေနရာယူလာၾကပါတယ္။

ပလပ္စတစ္ေကာ္သပိတ္ ရဲ႕ အားနည္းခ်က္ကေတာ့ ဗီဒီယုိဖုိင္ထဲမွ ာ ေဖာ္ျပထားသလုိပဲ။ သပိတ္ကုိ အနက္ေရာင္ ျဖစ္ေအာင္ သုတ္ထားတဲ့ ေဆးအမည္းေတြဟာ မေျခက္ေသးဘဲ သပိတ္ထဲ ထည့္ထားတဲ့ ဆြမ္းေတြကုိ ေပစြန္းမႈ ျဖစ္ေပၚေစတာပဲ ျဖစ္ပါတယ္။

ဓာတုေဗဒ ဆုိးေဆးေတြ ေပစြန္းေနတဲ့ ဆြမ္းေတြကုိ ဘုန္းေပးမိတဲ့ သံဃာေတာ္ေတြအတြက္ေတာ့ က်န္းမာေရးဆုိင္ရာ ျပႆနာမ်ား ေပၚေပါက္လာမွ အေသအခ်ာပဲ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ အလွဴ႕ရွင္ ဒါယကာ၊ ဒါယကာမေတြ အေန နဲ႔ ရဟန္းေတာ္မ်ားကုိ ေဘးဥပဒ္ ျဖစ္ေစႏုိင္တဲ့ ပလပ္စတစ္ ေကာ္သပိတ္ေတြကုိ လွဴဒါန္းျခင္း မျပဳၾကဘဲ အျခား စတီးလ္ သပိတ္၊ ဒန္သပိတ္မ်ားကိုသာ လွဴဒါန္းၾကဖုိ႔ ဒီေနရာကေန တုိက္တြန္းလုိက္ရပါတယ္ ရွင့္။

ဆရာေတာ္ တင္ထားတဲ့ မူရင္းပုိ႔စ္နဲ႔ ဗီဒီယုိဖုိင္ကုိ ေဖာ္ျပေပးလုိက္ပါတယ္ရွင့္

Unicode

ဦးဇင်းတပါးတင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ကော်သပိတ်နဲ့ ပတ်သက်ပြီး အန္တရာယ်ရှိပုံအကြောင်းကို ဖော်ပြခဲ့ပါတယ်။ မြတ်စွာဘုရားသားတော် ရဟန်းတော်တွေဟာ ဝိနည်းနဲ့အညီ သပိတ်နဲ့ ဘုန်းပေးကြရပါတယ်။

သပိတ်အမျိုးအစား အမျိုးမျိုး ရှိပြီး ခေတ်တွေ ပြောင်းလဲလာတာနဲ့အမျှ သပိတ်ကို ပြုလုပ်တဲ့ ပစ္စည်းတွေ အမျိုးမျိုး ကွဲပြားခြားနား လာကြ ပါတယ်။

သံ၊ စတီးလ်၊ ကော်၊ ဒန် စသဖြင့် ကုန်ကြမ်း ပစ္စည်းအမျိုးမျိုးကို အသုံးပြုပြီး သပိတ်တွေကို ပြုလုပ်လာကြပါတယ်။ အဲဒီထဲမှာ ပလပ်စတစ်ကော်နဲ့

ပြုလုပ်တဲ့ သပိတ်များဟာ ထုတ်လုပ်မှု စရိတ်သက်သာပြီး ပေါပေါများများ ထုတ်လုပ် နိုင်တာကြောင့် စျေးကွက်ထဲမှာ နေရာယူလာကြပါတယ်။

ပလပ်စတစ်ကော်သပိတ် ရဲ့ အားနည်းချက်ကတော့ ဗီဒီယိုဖိုင်ထဲမှ ာ ဖော်ပြထားသလိုပဲ။ သပိတ်ကို အနက်ရောင် ဖြစ်အောင် သုတ်ထားတဲ့ ဆေးအမည်းတွေဟာ မခြေက်သေးဘဲ သပိတ်ထဲ ထည့်ထားတဲ့ ဆွမ်းတွေကို ပေစွန်းမှု ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။

ဓာတုဗေဒ ဆိုးဆေးတွေ ပေစွန်းနေတဲ့ ဆွမ်းတွေကို ဘုန်းပေးမိတဲ့ သံဃာတော်တွေအတွက်တော့ ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာမှ အသေအချာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် အလှူ့ရှင် ဒါယကာ၊ ဒါယကာမတွေ အနေ နဲ့ ရဟန်းတော်များကို ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ ပလပ်စတစ် ကော်သပိတ်တွေကို လှူဒါန်းခြင်း မပြုကြဘဲ အခြား စတီးလ် သပိတ်၊ ဒန်သပိတ်များကိုသာ လှူဒါန်းကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။

ဆရာတော် တင်ထားတဲ့ မူရင်းပို့စ်နဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်ရှင့်

Leave a Reply

Your email address will not be published. Required fields are marked *