ဘုရားပန္းအုိးလဲတဲ့အခါ ေဆာင္ရန္ ေရွာင္ရန္ အခ်က္မ်ား

အခ်ိန္ေတြကေတာ့ၾကာခဲ့ပါၿပီ ။ ေႏြရာသီ မနက္ခင္း တစ္ခုတြင္ ျဖစ္၏ ။ ထိုေန႔က အဘႏွင့္က်ေနာ္ ရြာထိပ္ လက္ဖက္ရည္ဆိုင္သို႔ လမ္းေလ်ွာက္ထြက္ခဲ့၏ ။ ထိုစဥ္ အိမ္ငွါးတန္း တစ္ခုေ႐ွ႕မွအျဖတ္

“လူေလး ဟိုးမွာၾကည့္စမ္း”ဟု အဘက ေျပာ၍ လွမ္းၾကည့္ရာ အိမ္အတက္အဆင္း ျပဳလုပ္ရာ ဖိနပ္ခံုတြင္ ဘုရားပန္းအိုးမ်ား တန္းစီခ်၍ ပန္းအိုး လဲေနေသာ အမ်ိဳးသမီးတစ္ဦးကို ေတြ႔ရ၏ ။

“အဲ့ဒီအိမ္မွာ သားသမီး႐ွိခဲ့ရင္ မိုက္ရိုင္းတဲ့ သားသမီးမ်ိဳး ျဖစ္လိမ့္မယ္ကြ “ဟု ေျပာ၏ ။ “ေနာက္ၿပီး မိသားစု အခ်င္းခ်င္း စိတ္၀မ္းကြဲမႈေတြ မၾကာခဏ ၾကံဳရတတ္တယ္” ဟုေျပာရာ ကြၽန္ုပ္လည္း မွတ္ထားလိုက္၏ ။

ဤသို႔ ႏွင့္ အျပန္တြင္ ထိုအိမ္႐ွင္၏ သမီးျဖစ္ဟန္တူသူက “အေမတို႔က ဘာနားလည္လို႔လဲ လုပ္လိုက္ရင္ အလြဲလြဲ အေခ်ာ္ေခ်ာ္နဲ႔ ေနာက္နားမလည္ရင္ ဘာမွမေျပာနဲ႔” စသျဖင့္ မၾကား၀ံ့မနာသာ စကားမ်ိဳးတို႔ျဖင့္ အေမျဖစ္သူကို ဆဲဆိုႀကိမ္းေမာင္းေနေတာ့၏ ။

အထက္ပါအျဖစ္အပ်က္ ႏွင့္ ပတ္သက္၍ အဘယ့္ေၾကာင့္ ထုိသုိ႔ ျဖစ္ရသနည္းဟု အဘကို ေမးျမန္းရာ အဘက “ဘုရားပန္းဆိုတာ ျမင့္ျမတ္တဲ့ သေဘာ လူကေလးရာ ။

ပန္းနဲ႔ ပန္းအိုးဟာ နိမ့္က်တဲ့ ဖိနပ္ခြၽတ္မွာ မထားအပ္ ၊ မလဲအပ္ဘူးကြ ။ အဲ့ဒါ ၿမဲၿမဲ မွတ္ထား ။ မိဘဆိုတာ ဥယ်ာဥ္မွဴးသဖြယ္ တင္စားၾကတယ္ ။ သားသမီးေလးေတြဟာ ပန္းပြင့္ေလးေတြနဲ႔ တူတယ္ေလ”

“ဒီေတာ့ ေကာင္းျမတ္တဲ့ပန္းကို မေကာင္းတဲ့ေနရာ ဖိနပ္ခြၽတ္မွာ လဲၿပီ ဆိုကတည္းက သားသမီး ႐ိုင္းမယ္လို႔ အဘေျပာခဲ့တာေပါ့ကြ ။ ေနာက္တစ္ခုက ပန္းဆိုတဲ့ သေဘာဟာ တစ္ပြင့္တည္း ပြင့္ခဲတယ္ကြ ။

စုစည္းညီၫြတ္စြာ ပြင့္ၾကတယ္ ။ သူတို႔ရဲ႕လုပ္ရပ္က စိတ္၀မ္းကြဲမႈေတြ ျဖစ္တည္ေစတဲ့ သေဘာေပါ့ကြာ..”ဟု ရွင္းျပေလ၏ ။ ကြၽန္ေတာ္လည္း အေသအခ်ာ မွတ္သားခဲ့ဖူးပါ၏ ။

ဤတြင္ ဘုရားပန္းအိုးအား နိမ့္က်ေသာေနရာတြင္ လဲလွယ္ျခင္းမွ ဆင္ျခင္၍ သားေကာင္းသမီးေကာင္းမ်ား ပိုင္ဆိုင္ၿပီး ေပ်ာ္ရႊင္ဖြယ္ မိသားစုမ်ား ပိုင္ဆိုင္ႏုိင္ၾကရန္ ဆႏၵျပဳလိုက္ရပါသည္ ။

Unicode

အချိန်တွေကတော့ကြာခဲ့ပါပြီ ။ နွေရာသီ မနက်ခင်း တစ်ခုတွင် ဖြစ်၏ ။ ထိုနေ့က အဘနှင့်ကျနော် ရွာထိပ် လက်ဖက်ရည်ဆိုင်သို့ လမ်းလျှောက်ထွက်ခဲ့၏ ။ ထိုစဉ် အိမ်ငှါးတန်း တစ်ခုရှေ့မှအဖြတ်

“လူလေး ဟိုးမှာကြည့်စမ်း”ဟု အဘက ပြော၍ လှမ်းကြည့်ရာ အိမ်အတက်အဆင်း ပြုလုပ်ရာ ဖိနပ်ခုံတွင် ဘုရားပန်းအိုးများ တန်းစီချ၍ ပန်းအိုး လဲနေသော အမျိုးသမီးတစ်ဦးကို တွေ့ရ၏ ။

“အဲ့ဒီအိမ်မှာ သားသမီးရှိခဲ့ရင် မိုက်ရိုင်းတဲ့ သားသမီးမျိုး ဖြစ်လိမ့်မယ်ကွ “ဟု ပြော၏ ။ “နောက်ပြီး မိသားစု အချင်းချင်း စိတ်ဝမ်းကွဲမှုတွေ မကြာခဏ ကြုံရတတ်တယ်” ဟုပြောရာ ကျွန်ုပ်လည်း မှတ်ထားလိုက်၏ ။

ဤသို့ နှင့် အပြန်တွင် ထိုအိမ်ရှင်၏ သမီးဖြစ်ဟန်တူသူက “အမေတို့က ဘာနားလည်လို့လဲ လုပ်လိုက်ရင် အလွဲလွဲ အချော်ချော်နဲ့ နောက်နားမလည်ရင် ဘာမှမပြောနဲ့” စသဖြင့် မကြားဝံ့မနာသာ စကားမျိုးတို့ဖြင့် အမေဖြစ်သူကို ဆဲဆိုကြိမ်းမောင်းနေတော့၏ ။

အထက်ပါအဖြစ်အပျက် နှင့် ပတ်သက်၍ အဘယ့်ကြောင့် ထိုသို့ ဖြစ်ရသနည်းဟု အဘကို မေးမြန်းရာ အဘက “ဘုရားပန်းဆိုတာ မြင့်မြတ်တဲ့ သဘော လူကလေးရာ ။

ပန်းနဲ့ ပန်းအိုးဟာ နိမ့်ကျတဲ့ ဖိနပ်ချွတ်မှာ မထားအပ် ၊ မလဲအပ်ဘူးကွ ။ အဲ့ဒါ မြဲမြဲ မှတ်ထား ။ မိဘဆိုတာ ဥယျာဉ်မှူးသဖွယ် တင်စားကြတယ် ။ သားသမီးလေးတွေဟာ ပန်းပွင့်လေးတွေနဲ့ တူတယ်လေ”

“ဒီတော့ ကောင်းမြတ်တဲ့ပန်းကို မကောင်းတဲ့နေရာ ဖိနပ်ချွတ်မှာ လဲပြီ ဆိုကတည်းက သားသမီး ရိုင်းမယ်လို့ အဘပြောခဲ့တာပေါ့ကွ ။ နောက်တစ်ခုက ပန်းဆိုတဲ့ သဘောဟာ တစ်ပွင့်တည်း ပွင့်ခဲတယ်ကွ ။

စုစည်းညီညွတ်စွာ ပွင့်ကြတယ် ။ သူတို့ရဲ့လုပ်ရပ်က စိတ်ဝမ်းကွဲမှုတွေ ဖြစ်တည်စေတဲ့ သဘောပေါ့ကွာ..”ဟု ရှင်းပြလေ၏ ။ ကျွန်တော်လည်း အသေအချာ မှတ်သားခဲ့ဖူးပါ၏ ။

ဤတွင် ဘုရားပန်းအိုးအား နိမ့်ကျသောနေရာတွင် လဲလှယ်ခြင်းမှ ဆင်ခြင်၍ သားကောင်းသမီးကောင်းများ ပိုင်ဆိုင်ပြီး ပျော်ရွှင်ဖွယ် မိသားစုများ ပိုင်ဆိုင်နိုင်ကြရန် ဆန္ဒပြုလိုက်ရပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *