သင္တို ့ရဲ့ဘဝမွာ မပူမပင္ မေၾကာင့္မၾက ေအးခ်မ္းစြာေနႏိုင္မယ့္ ဗုဒၶယၾတာ

နံနက္ အိပ္ယာထခ်ိန္တြင္ မိမိတို႔အိမ္တြင္ ႐ွိေသာျမတ္စြာဘုရားကိုမ်က္ႏွာသစ္ေတာ္ေရ ၊ ေသာက္ေတာ္ေရခ်မ္းကပ္ပါ။

မ်က္ႏွာသစ္ေတာ္ေရ ႏွင့္ ေသာက္ေတာ္ေရခ်မ္း ကပ္လွဴေသာအခါ ဘဒၵကမ႓ာတြင္ ပြင့္ေတာ္မူေသာ သဗၺညဳတျမတ္စြာဘုရားကို ဘုရားတပည့္ေတာ္၊ တပည့္ေတာ္မသည္ မ်က္ႏွာသစ္ေတာ္ေရႏွင့္ေသာက္ေတာ္ေရခ်မ္းကို သဒၵါၾကည္ျဖဴစြာ နိဗၺာန္ရည္မွန္း လွဴဒါန္းပါသည္ အ႐ွင္ျမတ္ဘုရား။

ဤကဲ့သို႔လွဴဒါန္းရေသာ ကုသိုလ္ကံ ေစတနာေၾကာင့္ ဘုရားတပည့္ေတာ္၊တပည့္ေတာ္မ၏ စိတ္သည္ တစ္ေန႔တာလံုးဤေရကဲ့သို႔ေအးျမပါေစ။ပူပင္ေသာက ဟူသမွ်သည္ ပေပ်ာက္၍ ဤေရကဲ့သို႔ ေအးခ်မ္းမႈရ႐ွိပါေစ။

ဘုရားတပည့္ေတာ္ ၊ ဘုရားတပည့္ေတာ္မႏွင့္ ၾကံဳရဆံုရသမွ်ေသာ ခုနစ္ရက္သားသမီးအေပါင္း၏ ဘဝသည္လည္းဤေရကဲ့သို႔ေအးခ်မ္းၾကပါေစ။

ဘုရားတပည့္ေတာ္၊ တပည့္ေတာ္မ၏ ယၡဳပစၥဳပၸန္၊ အနာဂတ္ ဘဝတစ္ေလွ်ာက္လံုး စိုးရိမ္ပူပင္ေၾကာင့္ၾကမႈအစုစုတို႔သည္ ဤမ်က္ႏွာသစ္ေတာ္ေရ၊

ေသာက္ေတာ္ေရခ်မ္းကပ္လွဴပူေဇာ္ လႉဒါန္းရေသာေစတနာသဒၵါတရားေၾကာင့္ ဘဝတစ္ေလွ်ာက္လံုးမပူမပင္မေၾကာင့္မၾက ေအးခ်မ္းစြာေနထိုင္ျဖတ္သန္းႏိုင္ပါေစသား အ႐ွင္ျမတ္ဘုရား။

ေန႔စဥ္အျမဲတမ္း နံနက္တိုင္း ယံုၾကည္စြာျပဳလုပ္ေပးပါ။ယံုၾကည္မႈျဖင့္ ကိုးကြယ္ဆည္းကပ္မႈသည္ ယခု ဤဘဝတြင္သာမကဘဲ ေနာင္ဘဝမ်ားစြာ တည္ၿငိမ္ေအးခ်မ္းၿပီး ေနာင္ပြင့္ေတာ္မူမည့္ အရိေမတၱယ်ျမတ္စြာဘုရား႐ွင္ကို ဖူးေတြ႕ႏိုင္ၿပီး သာသနာျပဳႏိုင္ေသာပုဂၢိဳလ္ထူးပုဂၢိဳဟ္ျမတ္မ်ားျဖစ္ၾကပါေစ။

Unicode

နံနက် အိပ်ယာထချိန်တွင် မိမိတို့အိမ်တွင် ရှိသောမြတ်စွာဘုရားကိုမျက်နှာသစ်တော်ရေ ၊ သောက်တော်ရေချမ်းကပ်ပါ။

မျက်နှာသစ်တော်ရေ နှင့် သောက်တော်ရေချမ်း ကပ်လှူသောအခါ ဘဒ္ဒကမ႓ာတွင် ပွင့်တော်မူသော သဗ္ဗညုတမြတ်စွာဘုရားကို ဘုရားတပည့်တော်၊ တပည့်တော်မသည် မျက်နှာသစ်တော်ရေနှင့်သောက်တော်ရေချမ်းကို သဒ္ဒါကြည်ဖြူစွာ နိဗ္ဗာန်ရည်မှန်း လှူဒါန်းပါသည် အရှင်မြတ်ဘုရား။

ဤကဲ့သို့လှူဒါန်းရသော ကုသိုလ်ကံ စေတနာကြောင့် ဘုရားတပည့်တော်၊တပည့်တော်မ၏ စိတ်သည် တစ်နေ့တာလုံးဤရေကဲ့သို့အေးမြပါစေ။ပူပင်သောက ဟူသမျှသည် ပပျောက်၍ ဤရေကဲ့သို့ အေးချမ်းမှုရရှိပါစေ။

ဘုရားတပည့်တော် ၊ ဘုရားတပည့်တော်မနှင့် ကြုံရဆုံရသမျှသော ခုနစ်ရက်သားသမီးအပေါင်း၏ ဘဝသည်လည်းဤရေကဲ့သို့အေးချမ်းကြပါစေ။

ဘုရားတပည့်တော်၊ တပည့်တော်မ၏ ယ္ခုပစ္စုပ္ပန်၊ အနာဂတ် ဘဝတစ်လျှောက်လုံး စိုးရိမ်ပူပင်ကြောင့်ကြမှုအစုစုတို့သည် ဤမျက်နှာသစ်တော်ရေ၊

သောက်တော်ရေချမ်းကပ်လှူပူဇော် လှူဒါန်းရသောစေတနာသဒ္ဒါတရားကြောင့် ဘဝတစ်လျှောက်လုံးမပူမပင်မကြောင့်မကြ အေးချမ်းစွာနေထိုင်ဖြတ်သန်းနိုင်ပါစေသား အရှင်မြတ်ဘုရား။

နေ့စဉ်အမြဲတမ်း နံနက်တိုင်း ယုံကြည်စွာပြုလုပ်ပေးပါ။ယုံကြည်မှုဖြင့် ကိုးကွယ်ဆည်းကပ်မှုသည် ယခု ဤဘဝတွင်သာမကဘဲ နောင်ဘဝများစွာ တည်ငြိမ်အေးချမ်းပြီး နောင်ပွင့်တော်မူမည့် အရိမေတ္တယျမြတ်စွာဘုရားရှင်ကို ဖူးတွေ့နိုင်ပြီး သာသနာပြုနိုင်သောပုဂ္ဂိုလ်ထူးပုဂ္ဂိုဟ်မြတ်များဖြစ်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *