ေအာင္စာရင္း မထြက္ခင္ထဲက ျပတ္ျပတ္သားသား သာသနာ့ဝန္ထမ္း အျဖစ္ခံယူလိုက္ေသာ ေမာင္ေအာင္ေကာင္းဆက္ ဘာသာစံု ဂုဏ္ထူးျဖင့္ ေအာင္ျမင္

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းမွာ မလ -၄၁၂ ခံုအမွတ္ -ဘာသာစံု ဂုဏ္ထူးျဖင့္ မလိႈင္ မိသားစု ကိုယ္ပိုင္ အထက္တန္းေက်ာင္းမွေအာင္ျမင္ခဲ့ေပၿပီ။ ထီးလင္းၿမိဳ႕နယ္ရဲ႕ဂုဏ္ကိုေဆာင္နိဳင္လို႕အတိုင္းမသိဂုဏ္ယူဝမ္းေျမာက္ပါတယ္။

သို႔ထက္ ပို၍ ဂုဏ္ယူ ဝမ္းေျမာက္မိသည္မွာ ေအာင္စာရင္း မထြက္ခင္ကပင္ ျပတ္ျပတ္သားသား သာသနဝန္ထမ္း အျဖစ္ ခံယူ၍ရွင္ကု႑လ အျဖစ္…စစ္ကိုင္း ျမစၾကာ စာသင္တိုက္တြင္ ဗုဒၶစာေပမ်ားကို သင္ယူေနမႈပင္ ျဖစ္ပါသည္။

ေလာင္းျမတ္ေဝႆႏၲရာ ထံုး ႏွလံုးမူ၍သာသနာေတာ္အား လူကို (တနည္း) ထူးခြ်န္လိမၼာေသာ သားကို လႉရဲ လႉဝံ့ပါေသာ မိဘမ်ား၏ စိတ္ေစတနာကိုလည္းသာဓုေခၚမိပါ၏။ သက္ဆံုးတိုင္က်န္းမာ ခ်မ္းသာ ၾကည္ႏူးစြာျဖင့္သာသနဝန္ထမ္းေကာင္းရွင္ရဟန္းျမတ္ ျဖစ္ပါေစ။

ညီေလးတို႕ ညီမေလးတို့ေရ

၁ဝ.တန္းေအာင္ျပီဆိုေတာ့ ဘယ္တကၠသိုလ္ေတြ ေလွ်ာက္ၾကမလဲ???

သာသနာ့ ေျမ ဗုဒၶ-ေက်ာင္းေတာ္ မွ လိႈက္လွဲစြာ ႀကိဳဆိုပါ၏။ေလွ်ာက္စရာတကၠသိုလ္ ေရြးခ်ယ္စရာလမ္းထဲမွာ သာသနေဘာင္ ဗုဒၶ-တကၠသိုလ္ေလးပါ တည့္ထားေတြးေစခ်င္ပါတယ္။

ဆရာဝန္ႀကီးျဖစ္ေတာ့ ေဆးေတြကုရသလို ဆရာေတာ္ႀကီး ျဖစ္ေတာ့ တရားေတြျပလို႕ ကိေလသာအနာေတြကု ေအးရာေအးေၾကာင္း နည္းလမ္းေကာင္းေတြ ကိုယ္တိုင္လည္းကု သူမ်ားလည္းကုသကာ သင္ျပရမွာ ကုေပးရမွာပါ။

အဆံုးတေန႕မွာလည္း တရားေပါက္ေရာက္သိျမင္ရင္ အဖန္ဖန္ဆင္းရဲရျခင္းသံသရာက လြတ္ျပီး စက္ရဟတ္က အျပီးဤတြင္ ရပ္ပါလိမ့္မည္။

အင္ဂ်င္နီယာႀကီးျဖစ္ေတာ့ လမ္းေတြေဖာက္ ျပဳျပင္ မီးေတြျပင္ ေသာင္ေတြတူး ေက်ာက္ေတြခြဲ စတာေတြ သူ႕လိုင္းနဲ႕သူ လုပ္ရသလို စာခ်ဆရာေတာ္ႀကီး ျဖစ္ရင္လည္း သာသနာ့အုတ္ျမစ္ေတြခ် ေအးရာေအးေၾကာင္း လမ္း ေတြ က်င့္သံုးလို႕ရေအာင္ အသံုးျပဳဖို႕ ေျပာျပ ရမွာပါ…..

ဒါေတြက ထားပါေတာ့သာသနာ့ေျမဟာ အလုပ္လက္မဲ့ အေျခအေနမဲ့ ေတြးထင္ေနမွာ စိုးလို႕ပါ။စာေပတာဝန္ တရားတာဝန္မ်ားျဖင့္ အလုပ္ေတြ အမ်ားႀကီး ပါ အလုပ္ဌာနကလည္း ပူစရာမလိုပါဘူး။

သင္ၾကားရမည့္စာေပမ်ားကလည္း သိပၸံပညာထက္ မနိမ့္တဲ့စာေပေတြပါ။ သျဂိဳလ္သင္ျပီး စိတ္ေတြဓါတ္ခြဲေနမလား။ ဘုရားရွင္ကိုယ္ေတာ္ျမတ္ႀကီးရဲ႕ ေလးအသေခ်ၤနဲ႕ ကမၻာတသိန္းအားပါတဲ့ ပညာရပ္ မ်ား စာေပမ်ားကို ေလ့လာသင္ယူရမွာပါ။

ဗုဒၶဘာသာတို႕၏ အသည္းႏွလံုး သာသနာ့ေျမ ဗုဒၶ ေက်ာင္းေတာ္သို႔ ေရာက္လာ သင္ၾကားျခင္းျဖင့္ သာသနာ့ဝန္ထမ္းကာ ဂုဏ္ယူၾကစမ္းပါဂုဏ္ယူႏိုင္တဲ့ စိတ္ေလးေမြးၾကပါေနာ္…..

သာသနာ့ေဘာင္ဝင္လို႕ မေပ်ာ္ရင္ ဘယ္လိုလုပ္မလဲတဲ့သာသနာ့ရဲ႕ဒကာ ဒကာမမ်ားေတြးပံုကိုလည္း ေျပာင္းေတြးရမွာပါ။ေျပာင္းေစခ်င္ပါတယ္။သာသနာ့ေဘာင္မွာ ေပ်ာ္ေအာင္ ဘယ္လို အေျခအေနမ်ားဖန္တီးေပးရမလဲလို႕ပါ။

သာသနာ့ေဘာင္ဝင္လာလို႕ ဘုရားရွင္ႀကီးစကား လိုက္နာနားေထာင္ခဲ့ရင္ မေပ်ာ္စရာမရွိသလို လူျပန္ထြက္ေတာင္ အစား အေန အသြား လူ႕အဆင့္အတလူျပန္ထြက္ေတာင္ာသနာမွာေနခဲ့ရတဲ့ရက္မ်ားကလည္း သူ႕အတြက္ အဖိုးမျဖတ္ႏိုင္တဲ့ ေန႕ရက္မ်ားပါဘဲ

သာသနာေတာ္မွာ ရွင္သာမေဏေတြ နည္းလာျပီဆိုတာ သိပါလ်က္ သာသနာ့ဒကာဒကာမမ်ားက မ႐ႈေမွ်ာ္ မေတြးဆပါဘဲ ရင္မွ ျဖစ္တဲ့သားသမီးေလးမ်ား သာသနာ့ဝန္ မထမ္းေစ လိုပါက ဟုတ္ပါ့မလားဗ်ာ…

ကိုယ့္ရင္မွျဖစ္တဲ့ တန္ဖိုးအထားရဆံုးသားသမီးကို သာသနာလွဴရတာေလာက္ အဖိုးတန္အက်ိဳးႀကီးတဲ့ကုသိုလ္ ဘယ္ရွိမွာလဲ…

သာသနာ့ေဘာင္ဝင္လို႕ ေအာက္က်တယ္ ၊ နိမ့္တယ္မ်ားထင္လာခဲ့ရင္ မူလအစ သာသနာကိုတခ်က္ေလာက္ ၾကည့္လိုက္ပါဦး။ ရွင္ဘုရင့္သားသမီးမ်ား သူေဌးသားသမီးမ်ား ပညာတတ္ေတြ မင္းညီမင္းသားဝန္ထမ္းေတြနဲ႕ စတင္ခဲ့တဲ့ သမိုင္းအစဥ္အလာႀကီးမားတဲ့သာသနာပါေနာ္…

သာသနာ့ေဘာင္ ဝင္လာရင္ ေသရင္ေတာင္ တရားႏွလံုးသြင္းေသျဖစ္မွာပါ။မႏွလံုးသြင္းျဖစ္ရင္ေတာင္ ကုုသိုလ္ေတြနဲ႕ ေသမွာပါ။ကုသိုလ္နဲ႕ မေသျဖစ္ရင္ေတာင္ကုသိုလ္ ေတြ အမ်ားႀကီးရသြားမွာပါ။

ေဒါက္တာႀကီးျဖစ္ အင္ဂ်င္နီယာႀကီး ကုန္သည္ သူေဌးသူႀကြယ္ႀကီးျဖစ္လည္း သားေကြ်းမႈ မယားေကြ်းမႈ စီးပြားေရးလမ္းေၾကာင္းေပၚမွာ ေနကုန္မိုးခ်ဳပ္ ေလာဘ ေဒါသ ေမာဟေတြနဲ႕ အမ်ားစု ေသရမွာပါ။လမ္းမွန္ကို ေရြးခ်ယ္ၾကစမ္းပါ။

သာသနာ့ေဘာင္မွာ သူမ်ားလွဴတာအဝတ္အတြက္လည္း မပူရ။သူမ်ားလွဴတာအစားအတြက္လည္းမပူရေနစရာလည္းမပူရသူမ်ားလႉတာ။ လုပ္ေတာ့က် ဘယ္သူ႕အလုပ္လဲကိုယ့္အလုပ္ကိုယ့္ကိုယ္ကို ကယ္တင္တဲ့အလုပ္ ကုသိုလ္စုတဲ့အလုပ္ေနာ္…

ဒါမို႕ ညီ ေလး ညီမေလးတို႕သာသနာ့ေျမ ဗုဒၶ ေက်ာင္းေတာ္ က ႀကိဳဆိုလ်က္ပါ။

လမ္းႀကံဳရင္ ေျပာေပးၾကပါ။ သာသနာ့နယ္ေျမ ဗုဒၶေက်ာင္းေတာ္ဟာ ကုသိုလ္ကံ ဘုန္းႀကီးျမတ္သူတို႕ ေလွ်ာက္ရာေျမမွာ ဘဝေနာင္ေရး စိတ္ေအးရပါတယ္လို႕။

အရွင္ေတဇနိယ မံုလယ္ဇ။ )

Unicode

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းမှာ မလ -၄၁၂ ခုံအမှတ် -ဘာသာစုံ ဂုဏ်ထူးဖြင့် မလှိုင် မိသားစု ကိုယ်ပိုင် အထက်တန်းကျောင်းမှအောင်မြင်ခဲ့ပေပြီ။ ထီးလင်းမြို့နယ်ရဲ့ဂုဏ်ကိုဆောင်နိုင်လို့အတိုင်းမသိဂုဏ်ယူဝမ်းမြောက်ပါတယ်။

သို့ထက် ပို၍ ဂုဏ်ယူ ဝမ်းမြောက်မိသည်မှာ အောင်စာရင်း မထွက်ခင်ကပင် ပြတ်ပြတ်သားသား သာသနဝန်ထမ်း အဖြစ် ခံယူ၍ရှင်ကုဏ္ဍလ အဖြစ်…စစ်ကိုင်း မြစကြာ စာသင်တိုက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေမှုပင် ဖြစ်ပါသည်။

လောင်းမြတ်ဝေဿန္တရာ ထုံး နှလုံးမူ၍သာသနာတော်အား လူကို (တနည်း) ထူးချွန်လိမ္မာသော သားကို လှူရဲ လှူဝံ့ပါသော မိဘများ၏ စိတ်စေတနာကိုလည်းသာဓုခေါ်မိပါ၏။ သက်ဆုံးတိုင်ကျန်းမာ ချမ်းသာ ကြည်နူးစွာဖြင့်သာသနဝန်ထမ်းကောင်းရှင်ရဟန်းမြတ် ဖြစ်ပါစေ။

ညီလေးတို့ ညီမလေးတို့ရေ

၁ဝ.တန်းအောင်ပြီဆိုတော့ ဘယ်တက္ကသိုလ်တွေ လျှောက်ကြမလဲ???

သာသနာ့ မြေ ဗုဒ္ဓ-ကျောင်းတော် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏။လျှောက်စရာတက္ကသိုလ် ရွေးချယ်စရာလမ်းထဲမှာ သာသနဘောင် ဗုဒ္ဓ-တက္ကသိုလ်လေးပါ တည့်ထားတွေးစေချင်ပါတယ်။

ဆရာဝန်ကြီးဖြစ်တော့ ဆေးတွေကုရသလို ဆရာတော်ကြီး ဖြစ်တော့ တရားတွေပြလို့ ကိလေသာအနာတွေကု အေးရာအေးကြောင်း နည်းလမ်းကောင်းတွေ ကိုယ်တိုင်လည်းကု သူများလည်းကုသကာ သင်ပြရမှာ ကုပေးရမှာပါ။

အဆုံးတနေ့မှာလည်း တရားပေါက်ရောက်သိမြင်ရင် အဖန်ဖန်ဆင်းရဲရခြင်းသံသရာက လွတ်ပြီး စက်ရဟတ်က အပြီးဤတွင် ရပ်ပါလိမ့်မည်။

အင်ဂျင်နီယာကြီးဖြစ်တော့ လမ်းတွေဖောက် ပြုပြင် မီးတွေပြင် သောင်တွေတူး ကျောက်တွေခွဲ စတာတွေ သူ့လိုင်းနဲ့သူ လုပ်ရသလို စာချဆရာတော်ကြီး ဖြစ်ရင်လည်း သာသနာ့အုတ်မြစ်တွေချ အေးရာအေးကြောင်း လမ်း တွေ ကျင့်သုံးလို့ရအောင် အသုံးပြုဖို့ ပြောပြ ရမှာပါ…..

ဒါတွေက ထားပါတော့သာသနာ့မြေဟာ အလုပ်လက်မဲ့ အခြေအနေမဲ့ တွေးထင်နေမှာ စိုးလို့ပါ။စာပေတာဝန် တရားတာဝန်များဖြင့် အလုပ်တွေ အများကြီး ပါ အလုပ်ဌာနကလည်း ပူစရာမလိုပါဘူး။

သင်ကြားရမည့်စာပေများကလည်း သိပ္ပံပညာထက် မနိမ့်တဲ့စာပေတွေပါ။ သဂြိုလ်သင်ပြီး စိတ်တွေဓါတ်ခွဲနေမလား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ လေးအသချေင်္နဲ့ ကမ္ဘာတသိန်းအားပါတဲ့ ပညာရပ် များ စာပေများကို လေ့လာသင်ယူရမှာပါ။

ဗုဒ္ဓဘာသာတို့၏ အသည်းနှလုံး သာသနာ့မြေ ဗုဒ္ဓ ကျောင်းတော်သို့ ရောက်လာ သင်ကြားခြင်းဖြင့် သာသနာ့ဝန်ထမ်းကာ ဂုဏ်ယူကြစမ်းပါဂုဏ်ယူနိုင်တဲ့ စိတ်လေးမွေးကြပါနော်…..

သာသနာ့ဘောင်ဝင်လို့ မပျော်ရင် ဘယ်လိုလုပ်မလဲတဲ့သာသနာ့ရဲ့ဒကာ ဒကာမများတွေးပုံကိုလည်း ပြောင်းတွေးရမှာပါ။ပြောင်းစေချင်ပါတယ်။သာသနာ့ဘောင်မှာ ပျော်အောင် ဘယ်လို အခြေအနေများဖန်တီးပေးရမလဲလို့ပါ။

သာသနာ့ဘောင်ဝင်လာလို့ ဘုရားရှင်ကြီးစကား လိုက်နာနားထောင်ခဲ့ရင် မပျော်စရာမရှိသလို လူပြန်ထွက်တောင် အစား အနေ အသွား လူ့အဆင့်အတလူပြန်ထွက်တောင်ာသနာမှာနေခဲ့ရတဲ့ရက်များကလည်း သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ နေ့ရက်များပါဘဲ

သာသနာတော်မှာ ရှင်သာမဏေတွေ နည်းလာပြီဆိုတာ သိပါလျက် သာသနာ့ဒကာဒကာမများက မရှုမျှော် မတွေးဆပါဘဲ ရင်မှ ဖြစ်တဲ့သားသမီးလေးများ သာသနာ့ဝန် မထမ်းစေ လိုပါက ဟုတ်ပါ့မလားဗျာ…

ကိုယ့်ရင်မှဖြစ်တဲ့ တန်ဖိုးအထားရဆုံးသားသမီးကို သာသနာလှူရတာလောက် အဖိုးတန်အကျိုးကြီးတဲ့ကုသိုလ် ဘယ်ရှိမှာလဲ…

သာသနာ့ဘောင်ဝင်လို့ အောက်ကျတယ် ၊ နိမ့်တယ်များထင်လာခဲ့ရင် မူလအစ သာသနာကိုတချက်လောက် ကြည့်လိုက်ပါဦး။ ရှင်ဘုရင့်သားသမီးများ သူဌေးသားသမီးများ ပညာတတ်တွေ မင်းညီမင်းသားဝန်ထမ်းတွေနဲ့ စတင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့သာသနာပါနော်…

သာသနာ့ဘောင် ဝင်လာရင် သေရင်တောင် တရားနှလုံးသွင်းသေဖြစ်မှာပါ။မနှလုံးသွင်းဖြစ်ရင်တောင် ကုုသိုလ်တွေနဲ့ သေမှာပါ။ကုသိုလ်နဲ့ မသေဖြစ်ရင်တောင်
ကုသိုလ် တွေ အများကြီးရသွားမှာပါ။

ဒေါက်တာကြီးဖြစ် အင်ဂျင်နီယာကြီး ကုန်သည် သူဌေးသူကြွယ်ကြီးဖြစ်လည်း သားကျွေးမှု မယားကျွေးမှု စီးပွားရေးလမ်းကြောင်းပေါ်မှာ နေကုန်မိုးချုပ် လောဘ ဒေါသ မောဟတွေနဲ့ အများစု သေရမှာပါ။လမ်းမှန်ကို ရွေးချယ်ကြစမ်းပါ။

သာသနာ့ဘောင်မှာ သူများလှူတာအဝတ်အတွက်လည်း မပူရ။သူများလှူတာအစားအတွက်လည်းမပူရနေစရာလည်းမပူရသူများလှူတာ။ လုပ်တော့ကျ ဘယ်သူ့အလုပ်လဲကိုယ့်အလုပ်ကိုယ့်ကိုယ်ကို ကယ်တင်တဲ့အလုပ် ကုသိုလ်စုတဲ့အလုပ်နော်…

ဒါမို့ ညီ လေး ညီမလေးတို့သာသနာ့မြေ ဗုဒ္ဓ ကျောင်းတော် က ကြိုဆိုလျက်ပါ။

လမ်းကြုံရင် ပြောပေးကြပါ။ သာသနာ့နယ်မြေ ဗုဒ္ဓကျောင်းတော်ဟာ ကုသိုလ်ကံ ဘုန်းကြီးမြတ်သူတို့ လျှောက်ရာမြေမှာ ဘဝနောင်ရေး စိတ်အေးရပါတယ်လို့။

အရှင်တေဇနိယ မုံလယ်ဇ။ )

Leave a Reply

Your email address will not be published. Required fields are marked *