အသက်ရှည်ချင်ရင် သူ့ လိုစားစေချင်လို့  လျှို့ ဝှက်အစားအစာတွေကို ပြောပြလာတဲ့ အသက် ၁၁၄ နှစ်ရှိပြီဖြစ်တဲ့ ဖိုးဖိုး

အသက်ရှည်ကျန်းမာခြင်းဆိုတာက တော့ တကယ့်ကို လောကကြီးပေးထားတဲ့ လက်ဆောင်မွန်လက်ဆောင်ကောင်းကြီးတစ်ခုပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHO(World Health Organization) ရဲ့ အဆိုအရ လူတွေဟာ ပျမ်းမျှအသက်၇၅နှစ်မှာပဲ သေဆုံးကုန်ကြတယ်လို့ဆိုထားပါတယ်။ အသက်၁၀၀တန်းရောက်နေတဲ့လူတွေကတော့တော်တော်ရှားပါးတဲ့လူတွေပါ။

အဲ့ဒီလိုအရွယ်ရောက်နေတဲ့ လူတွေဆီမှာလဲ ကိုယ်ပိုင်လေ့လာကျင့်သုံးနေတဲ့ နေထိုင်မှုပုံစံတွေသီးသန့်ရှိကြပါတယ်။ အဲ့ဒီလို သက်တော်ရှည် ဘဘတစ်ယောက်ကရဲ့အသက်ရှည်စေတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ အစားစာ(၅)ခုကိုပြောပြထားပါတယ်။ သူပြောပြထားတဲ့ အစားစာ(၅)မျိုးကို ပြောချင်လွန်းလို့ပရိသတ်ကြီးသိအောင်ပြောပြပေးလိုက်ပါတယ်။

သစ်ကြံပိုးခေါက် အရာရှိတဲ့ အစားစာတစ်ခုတင်မဟုတ်ပဲ ဆေးဘက်ဝင်တဲ့အာနိသင်တွေအများကြီး ပါဝင်နေတယ်လို့လဲသိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာ၊ နဲ့အခြား ဘက်တီရီးယားနဲ့မှိုတွေကနေတစ်ဆင့် ဖြစ်နိုင်တဲ့ရောဂါတွေကိုကာကွယ်ပေးပါတယ်။ HIV ဗိုင်းရပ်စ်ကိုတောင် တိုက်ခိုက်ပေးနိုင်တယ်ဆိုပြီးတော့တောင်ပြောစမှတ်ပြုကြပါတယ်။

ချောကလက်ကိုစားသုံးခြင်းကလည်း ကျွန်ုပ်တို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ချောကလက်ပါက ကောင်းကျိုးပေးတဲ့အချက်လက်တွေများစွာရှိပါတယ်။ အဲ့တာတွေကဘာတွေလည်းဆိုတော့ ကိုလက်စထရော ဓာတ်ကိုပုံမှန်ဖြစ်အောင်ထိန်းပေးထားခြင်း နဲ့ စိတ်ဖိစီးမှုများလာတဲ့အခါလျော့ကျစေနိုင်တာတွေဖြစ်ပါတယ်။

ကြက်သွန်ဖြူက အယ်လ်ဇိုင်းမားရောဂါတွေနဲ့ ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးတယ်လို့သိရပါတယ်။ အဲ့တာတွေအပြင် ကျန်းမာရေး အပြောင်းအလဲအတွက်တော်တော်အသုံးဝင်တယ်လို့ကိုဆိုထားပါတယ်။ တကယ်လို့ခင်ဗျားဟာ ကြက်သွန်ဖြူမကြိုက်တဲ့သူဖြစ်ခဲ့ရင်တောင်ဒီစာကိုဖတ်ပြီး မီးဖိုချောင်ထဲကိုသွားပြီး ကြက်သွန်ဖြူကိုရှာပါလိမ့်မယ်။

ပျားရည်က ပျားထွက်ပစ္စည်းတစ်ခုဖြစ်ပြီး ဆေးဝါးအထောက်အပံ့ပစ္စည်းတစ်ခုအနေနဲ့ အသုံးပြလာတာနှစ်၅၀၀လောက်ရှိပါပြီ။ ပျားရည်က သဘာဝနည်းလမ်းနဲ့ကုသမှုပြုလုပ်ခြင်းတွေမှာအတော်အထောက်အကူဖြစ်စေတဲ့ဓာတ်တွေဖြစ်တဲ့ ပိုးသတ်ခြင်း ၊ ဘတ်တီးရီးယားများတိုက်ဖျက်ခြင်းစတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်.။ တချို့လူတွေဆိုရင်အလှပရေးရာတွေမှာတောင်မှ အသုံးပြုနေကြပါပြီ။

သံလွင်ဆီကလည်း ကျွန်ုပ်တို့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ သဘာဝထွက်ကုန်တစ်ခုအဖြစ်ရှိနေပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ သဘာဓာတ်အပေါင်းစုတွေက ကျွန်ုပ်တို့ ခန္ဒာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ဦးနှောက်ဖွံ့ဖြိုးအတွက်အသုံးဝင်တယ်လို့ပြောထားပါတယ်။ နောက်ပြီးတော့ကင်ဆာဖြစ်နိုင်ချေကိုလည်းလျောချနိုင်တဲ့စွမ်းအင်ရှိပါတယ်။

” သတိမေ့တတ်လွန်းတဲ့သူတွေ နေ့တိုင်းစားပေးသင့်တဲ့ အစားအစာ(၈)မျိုး ”

အရွယ်ရောက်ပြီးသား လူတစ်ယောက်က ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှု လွယ်လွယ်နဲ့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်တာများရင် ၊ အစားအသောက်ပုံမှန်မစားသောက်ရင် ၊ စိတ်ဖိစီးမှုတွေများရင်

မှတ်ဉာဏ်စွမ်းရည်တဖြည်းဖြည်းလျော့နည်းလာပြီး ပညာရေးနဲ့အလုပ်ခွင်မှာ အခက်အခဲတွေ တွေ့နိုင်ပါတယ်။ ဒီတော့ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် မှတ်ဉာဏ်စွမ်းရည်လျော့နည်းနေရင် ဒီအစားအစာတွေများများစားပေးလိုက်ပါ။

(၁) အခွံမာသီးများ၊ အစေ့အဆန်များ

အခွံမာသီးတွေ နဲ့ အစေ့အဆန်တွေမှာ ဦးနှောက်အတွက် အထောက်အပံ့ဖြစ်စေပြီး မှတ်ဉာဏ်တိုးတက်စေတဲ့ alpha-linolenic acid (ALA) နဲ့ Omega-3 fatty acid တို့ ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ဖိစီးမှုများတဲ့သူတွေ များများစားပေးသင့်ပါတယ်။

(၂) နနွင်း

နနွင်းက အာရုံကြောတွေ အချင်းချင်းဆက်သွယ်မှုကို ကောင်းမွန်စေတာကြောင့် ဟင်းချက်တိုင်း နနွင်းနည်းနည်းထည့်ချက်ပြီးစားမယ်ဆိုရင် မှတ်ဉာဏ်ကောင်းစေပါလိမ့်မယ်။

(၃) ခရမ်းချဉ်သီး

အဆီထဲမှာပျော်ဝင်နိုင်တဲ့ carotenoids ဒြပ်ပေါင်းတွေက ဆဲလ်တွေထဲမှာ ဓာတ်တိုးခြင်းကိုဆန့်ကျင်ပေးပြီး ဦးနှောက်ကျန်းမာရေးကို အထူးအထောက်အကူပြုစေတာကြောင့် ခရမ်းချဉ်သီးများများစားပေးခြင်းက မှတ်ဉာဏ်တိုးတက်စေပါတယ်။

(၄) ပန်းဂေါ်ဖီစိမ်း

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက ခန္ဓာကိုယ်အတွက် အထူးသင့်တော်ပြီး အစိမ်းရင့်ရောင်ရှိတဲ့ ပန်းဂေါ်ဖီစိမ်းမှာပါဝင်တဲ့ Vitamin A, K, folate, lutein, နဲ့ fiber တို့က ဦးနှောက်လုပ်ဆောင်မှုမြင့်မားစေတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။

(၅) ပန်းသီး

ပန်းသီးမှာပါဝင်တဲ့ quercetin ဒြပ်ပေါင်းတွေက ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းမှုမဖြစ်အောင်ကာကွယ်ပေးတာကြောင့် ပန်းသီးကိုတစ်နေ့တစ်လုံးစားပေးသင့်ပါတယ်။

(၆) ဟင်းနုနွယ်

ဟင်းနုနွယ်ကတော့ မှတ်ဉာဏ်မချို့ယွင်းအောင်ကာကွယ်ပေးတဲ့အပြင် ခန္ဓာကိုယ်အတွက် တခြားကျန်းမာရေးအကျိုးပြုမှုတွေလည်း အများကြီးရှိတာကြောင့် စားကိုစားသင့်တဲ့အထဲပါပါတယ်။

(၇) ကော်ဖီ

ကဖင်းဓာတ်က ဦးနှောက်ဆဲလ်ပျက်စီးမှုမဖြစ်အောင် တားဆီးပေးတာကြောင့် မှတ်ဉာဏ်ကောင်းမွန်စေတဲ့အပြင် စိတ်ကျန်းမာရေးချို့ယွင်းမှုမဖြစ်အောင်ပါ ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

(၈) Green tea

Green tea မှာတော့ ကဖင်းနဲ့ amino acid L-Theanine ပေါင်းစပ်ပါဝင်တာကြောင့် မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်စေရုံမက စိတ်ဖိစီးမှုကိုပါလျှော့ချပေးနိုင်စွမ်းရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *