သိပ္လည္းမဝပဲ ဗိုက္ပူ ခါးတုတ္ေစတဲ့ အက်င့္ဆိုး (၅) မ်ိဳး

ဝလည္းသိပ္မဝဘဲ ဘာလို႔ ဗိုက္ပူခါးတုတ္ႀကီး ျဖစ္ေနတာလဲ မသိဘူးဆိုၿပီး ညည္းညဴသံကို စာဖတ္သူတို႔ ပတ္ဝန္းက်င္မွာ ၾကားဖူးၾကမွာပါ။

တခ်ိဳ႕က်ျပန္ေတာ့လည္း ဝေပမယ့္ ဗိုက္မွာ အဆီသိပ္မရွိတာလည္း ျမင္ဖူးၾကမွာပါ။ ဗိုက္ပူခါးတုတ္ျဖစ္ေစတဲ့ အေလ့အက်င့္ဆိုးေတြကို မွ်ေဝေပးခ်င္ပါတယ္။

၁။ အသင့္စား အစားအစာေတြစားျခင္း ။ ။ ျပဳျပင္ထားတဲ့ အသင့္စားအစားအစာေတြကို စားတာဟာ သင့္ကို ဗိုက္ပူခါးတုတ္ေစပါတယ္။ အဲဒီအစားအစာေတြမွာ ဆိုဒီယမ္ဓာတ္ ပါဝင္လို႔ သင့္က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။ ဒါ့ေၾကင့္ သဘာဝအသီးအ႐ြက္ေတြကိုသာ မ်ားမ်ားစားေပးပါ။

၂။ အရမ္းျမန္ျမန္စားျခင္း ။ ။ အစာကို ေၾကေၾကညက္ညက္မဝါးဘဲ ခပ္ျမန္ျမန္စားတာဟာလည္း ဗိုက္မွာ အဆီစုေစပါတယ္။ အစာေခ်စနစ္အတြက္လည္းမေကာင္းလို႔ သင့္ကို ဗိုက္ပူေစပါတယ္။

၃။ ကာဘြန္နိတ္ပါတဲ့ အခ်ိဳရည္ေတြ အမ်ားႀကီးေသာက္ျခင္း ။ ။ ဆိုဒါေတြ၊ ကာဘြန္နိတ္ပါတဲ့ အခ်ိဳရည္ေတြဟာ အစာေခ်စနစ္ကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ အစာအိမ္ကို ေရာင္ရမ္းေစၿပီး ဗိုက္ပူေစပါတယ္။ ကာဘြန္နိတ္ပါတဲ့ အခ်ိဳရည္အစား ေရနဲ႔ သဘာဝသစ္သီးေဖ်ာ္ရည္ ေသာက္ပါ။

၄။ အိပ္ယာမဝင္ခင္ အစာစားျခင္း ။ ။ အိပ္ယာမဝင္ခင္ အနည္းဆုံး ၃ နာရီေလာက္အလိုမွာ အစာစားသင့္ပါတယ္။ ေပါ့ေပါ့ပါးပါးျဖစ္တဲ့ အစားအစာကိုပဲ ေ႐ြးခ်ယ္စားသုံးသင့္ပါတယ္။ မဟုတ္ရင္ သင့္ကို ကိုယ္အေလးခ်ိန္ တက္ေစႏိုင္ပါတယ္။

၅။ အစားမေရွာင္ျခင္း ။ ။ သင္ႀကိဳက္တဲ့ အစားအစာေတြက ဆီေၾကာ္ေတြ၊ မုန႔္အခ်ိဳေတြျဖစ္ေနရင္ အဲဒီအစားအစာေတြကို ေရွာင္ေပးလိုက္ပါ။ တခ်ိဳ႕ေတြက ပိန္ေတာ့ပိန္ခ်င္ေပမယ့္ အစားမေရွာင္ၾကပါဘူး။ သင့္အတြက္ မေကာင္းဘူးဆိုရင္ ေရွာင္လိုက္တာ အေကာင္းဆုံးပါပဲ။

အေရးႀကီးဆုံးက သင့္အစားအစာကို အာဟာရဓာတ္ ညီၫြတ္မွ်တေအာင္ စားပါ။ ေလ့က်င့္ခန္းလုပ္ပါ။ ေရမ်ားမ်ားေသာက္ပါ။ စိတ္ဖိစီးမႈကို ေလွ်ာ့ခ်ပါ။ တက္တက္ႂကြႂကြ ေနပါ။ ဒါဆိုရင္ေတာ့ ဗိုက္ခ်ပ္ခ်ပ္ေလးကို မလြဲမေသြ ပိုင္ဆိုင္ရရွိေစမွာပါ။

Unicode

ဝလည်းသိပ်မဝဘဲ ဘာလို့ ဗိုက်ပူခါးတုတ်ကြီး ဖြစ်နေတာလဲ မသိဘူးဆိုပြီး ညည်းညူသံကို စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြမှာပါ။

တချို့ကျပြန်တော့လည်း ဝပေမယ့် ဗိုက်မှာ အဆီသိပ်မရှိတာလည်း မြင်ဖူးကြမှာပါ။ ဗိုက်ပူခါးတုတ်ဖြစ်စေတဲ့ အလေ့အကျင့်ဆိုးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အသင့်စား အစားအစာတွေစားခြင်း ။ ။ ပြုပြင်ထားတဲ့ အသင့်စားအစားအစာတွေကို စားတာဟာ သင့်ကို ဗိုက်ပူခါးတုတ်စေပါတယ်။ အဲဒီအစားအစာတွေမှာ ဆိုဒီယမ်ဓာတ် ပါဝင်လို့ သင့်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ ဒါ့ကြေင့် သဘာဝအသီးအရွက်တွေကိုသာ များများစားပေးပါ။

၂။ အရမ်းမြန်မြန်စားခြင်း ။ ။ အစာကို ကြေကြေညက်ညက်မဝါးဘဲ ခပ်မြန်မြန်စားတာဟာလည်း ဗိုက်မှာ အဆီစုစေပါတယ်။ အစာချေစနစ်အတွက်လည်းမကောင်းလို့ သင့်ကို ဗိုက်ပူစေပါတယ်။

၃။ ကာဘွန်နိတ်ပါတဲ့ အချိုရည်တွေ အများကြီးသောက်ခြင်း ။ ။ ဆိုဒါတွေ၊ ကာဘွန်နိတ်ပါတဲ့ အချိုရည်တွေဟာ အစာချေစနစ်ကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အစာအိမ်ကို ရောင်ရမ်းစေပြီး ဗိုက်ပူစေပါတယ်။ ကာဘွန်နိတ်ပါတဲ့ အချိုရည်အစား ရေနဲ့ သဘာဝသစ်သီးဖျော်ရည် သောက်ပါ။

၄။ အိပ်ယာမဝင်ခင် အစာစားခြင်း ။ ။ အိပ်ယာမဝင်ခင် အနည်းဆုံး ၃ နာရီလောက်အလိုမှာ အစာစားသင့်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ အစားအစာကိုပဲ ရွေးချယ်စားသုံးသင့်ပါတယ်။ မဟုတ်ရင် သင့်ကို ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။

၅။ အစားမရှောင်ခြင်း ။ ။ သင်ကြိုက်တဲ့ အစားအစာတွေက ဆီကြော်တွေ၊ မုန့်အချိုတွေဖြစ်နေရင် အဲဒီအစားအစာတွေကို ရှောင်ပေးလိုက်ပါ။ တချို့တွေက ပိန်တော့ပိန်ချင်ပေမယ့် အစားမရှောင်ကြပါဘူး။ သင့်အတွက် မကောင်းဘူးဆိုရင် ရှောင်လိုက်တာ အကောင်းဆုံးပါပဲ။

အရေးကြီးဆုံးက သင့်အစားအစာကို အာဟာရဓာတ် ညီညွတ်မျှတအောင် စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ရေများများသောက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ တက်တက်ကြွကြွ နေပါ။ ဒါဆိုရင်တော့ ဗိုက်ချပ်ချပ်လေးကို မလွဲမသွေ ပိုင်ဆိုင်ရရှိစေမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *