သင့်ခန္ဓာကိုယ်ကို အကျည်းတန်စေတဲ့ အမာရွတ်မှန်သမျှကို ပျောက်ကင်းစေမယ့် အလွယ်ကူဆုံး အိမ်တွင်းဖြစ် နည်းလမ်း





Unicode

ခန္တာကိုယ်မှာ အမာရွတ်ရှိနေတာဟာ ကြည့်ရဆိုးတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် မျက်နှာလို နေရာမျိုးမှာ အမာရွတ်ရှိနေရင် ပိုပြီးကြည့်ရဆိုးသလို မိမိရဲ့ အလှကိုလည်း ပျက်စေပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့ရဲ့ ထင်သာမြင်သာရှိတဲ့ နေရာက အမာရွတ်ကို ပျောက်ကင်းချင်တယ်ဆိုရင်တော့ အောက်ကနည်းလမ်းလေးအတိုင်း လုပ်ကြည့်လိုက်ပါ။ လိုအပ်တဲ့ ပစ္စည်းတွေကတော့ – ပျားရည် ၊ သံပရိုသီး ၊ ဒိန်ချဉ် ၊ အုတ်ဂျုံ

ပြုလုပ်ပုံ ပြုလုပ်နည်း- ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပရိုရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ်စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း တို့ကို ရောစပ်ပြီး သမအောင် မွှေလိုက်ပါ။ ထို့နောက် အမာရွတ်ရှိသောနေရာကို သုတ်လိမ်းထားပြီး ၁၀ မိနစ် ၁၅ မိနစ်ကြာရင် ရေသန့်သန့်လေးနဲ့ ဆေးကြောလိုက်ပါ။

ဒီနည်းလမ်းလေးကို နေ့စဉ် ပုံမှန်ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ထူးခြားမှုကို တွေ့ရမှာပါ။ ဒါမှမဟုတ် ပျားရည်ကို အမာရွတ်မှာ သုတ်လိမ်းပေးမယ်ဆိုရင်လည်း သင့်ခန္တာကိုယ်ပေါ်မှာရှိနေတဲ့ အမာရွတ်ကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *