ပ်ိဳေမတို ့ရဲ ့ မ်က္ႏွာအသားအရည္အတြက္ ေထာပတ္ေစ့၏ လ်ိဳ႕ဝွက္ခ်က္

ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ကိုယ့္အကိုအမေတြထဲမွာ မ်က္ႏွာမွာ အဆီဖုေလးေတြ တင္းတိပ္၊ မွဲ႔ေျခာက္၊ ဝက္ၿခံနဲ႔ မ်က္ႏွာအေရးအေၾကာင္းထင္တာေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရလို႔ပါ။

သနပ္ခါးပဲလိမ္းလိမ္း မိတ္ကပ္ပဲလိမ္းလိမ္း ညဘက္အိမ္ျပန္ေရာက္တဲ့အခါ ေရခ်ိဳးၿပီးတာနဲ႔ အၿမဲလိမ္းျဖစ္တဲ့အရာ ေထာပတ္ေစ့ရယ္ပါ။ ဝယ္ရတာလဲ လြယ္ကူသလို အကုန္အက်လဲနည္းတာမို႔ ေန႔တိုင္းလိုလို လိမ္းျဖစ္ပါတယ္။

ဘယ္လိုလုပ္ၿပီး လိမ္းရလဲဆိုေတာ့ ကိုယ္တို႔ေထာပတ္သီး စားၾကတဲ့အခါ အတြင္းသားေလးေတြ ယူလိုက္ရင္ အထဲက အေစ့ေလးက်န္ပါမယ္။ လူအမ်ားစုက ဒီေထာပတ္ေစ့ေတြကို ဘယ္ေဈးႀကီးတဲ့ Cosmetics မွ ဝယ္သုံးစရာမလိုပဲ

ကိုယ္တို႔မ်က္ႏွာကို အမ်ားႀကီးလွသြားေအာင္ လုပ္ေပးႏိုင္တယ္ဆိုတာ မသိေတာ့ အလြယ္တကူ လြင့္ပစ္တတ္ၾကတယ္။ အဲဒီအေစ့ကို မလြင့္ပစ္ပဲ အရင္ဆုံး အေစ့ေပၚက ေထာပတ္သီး အစေလးေတြကို စင္ေအာင္ေရေဆးေပးရပါတယ္။ ၿပီးရင္သူ႔ကို ေနလွမ္းထားလိုက္ပါ။

၂ရက္ေလာက္ လွမ္းထားၿပီးရင္ ေထာပတ္ေစ့ေပၚက အေပၚခြံေလး ႂကြလာတဲ့အခါ ဖယ္ပစ္လိုက္ပါ။ ဘယ္ေလာက္ထိလွမ္းရလဲဆိုရင္ ေထာပတ္ေစ့ေလး အလယ္၂ျခမ္းကြဲပီး သံေခ်းေရာင္ထၿပီး အရမ္းကြၽတ္ဆတ္ဆတ္ေလာက္ျဖစ္ေနၿပီဆိုရင္ လိမ္းလို႔ရပါၿပီ။

၃ပတ္နဲ႔ ၄ပတ္ဝန္းက်င္ေလာက္ လွမ္းရမယ္ထင္တယ္။ တခါတေလ အေပၚခြံ သံေခ်းေရာင္ျဖစ္ေနေပမဲ့ အတြင္းအစိုဓာတ္ မကုန္ေသးရင္ လိမ္းလို႔မရေသးပါဘူး။ လုံးဝေျခာက္သြားၿပီဆိုရင္ေတာ့ ညတိုင္းအိပ္ခါနီးတိုင္း ခပ္ပါးပါးေလး ေသြးလိမ္းလို႔ရၿပီ။

သူ႔မွာ သနပ္ခါးနဲ႔တူတာတခုက ကိုယ္တို႔သနပ္ခါးတုံးမွာ အေပၚကအေပြးေတြ ေသြးလိမ္းၾကတဲ့အခါ အတြင္းေခါက္ထက္ ပိုၿပီး ဝါဝါေလးနဲ႔လွသလို ေထာပတ္ေစ့မွာလဲ သူ႔အေပၚယံေဘးသားေတြက အတြင္းသားထက္ အသားကိုပိုေခ်ာၿပီး ဝင္းေျပာင္ေစတယ္။

ကိုယ္တခါတေလ အိပ္ေရးပ်က္တဲ့အခါမ်ိဳးမွာ အဖုေလးေတြထြက္ရင္ အေပၚယံေလးေတြခ်ည္း ေသြးလိမ္းရင္ ေနာက္ေန႔မနက္ထရင္ လုံးဝေပ်ာက္သြားပါတယ္။ ယုံမလားေတာ့ မသိဘူး။ အရမ္းသိသာတာတခုက အဆီဖုေလးေတြပါ။

ကိုယ္က သနပ္ခါးလိမ္းတာမ်ားေပမဲ့ တခါတေလ အဆီဖုေလးေတြ ထြက္တတ္ပါတယ္။ ကိုယ္ေတာ့ ေထာပတ္ေစ့ အားကိုးနဲ႔ မ်က္ႏွာကို တျခားဘာပစၥည္းမွ ေထြေထြထူးထူး ခုထိဝယ္မသုံးဖူးပါဘူး။ ကိုယ္မ်က္ႏွာမွာ ထြက္သမွ် ဘာပဲလာလာ ေထာပတ္ေစ့ပဲ ေသြးလိမ္းပါတယ္။

ပုံမွန္ဆို အတြင္းသားကို ေသြးလိမ္းၿပီး ခရီးသြားလို႔ အသားအရည္ အရမ္းပ်က္စီးတဲ့အခါ အျပင္သားေတြခ်ည္း ေသြးလိမ္းပါတယ္။ လိမ္းၿပီး ေနာက္ေန႔မနက္ မ်က္ႏွာသစ္တာနဲ႔ သိသိသာသာ ေျပာင္းလဲတာပါ။

အသိအမတေယာက္ကို သူ႔မ်က္ႏွာမွာ တင္းတိပ္ေတြေတြ႕လို႔ ကိုယ္ၫႊန္းလိုက္ေတာ့ အေရးအေၾကာင္းေတြပါ ေတာ္ေတာ္သက္သာတယ္လို႔ေျပာတယ္။ အကိုတေယာက္ကေတာ့ ဝက္ၿခံေတြ သက္သာတယ္လို႔ေျပာတယ္။

ကိုယ့္ရဲ႕ ကိုယ္ေတြ႕ကေတာ့ အဆီဖုေလးေတြ လုံးဝေပ်ာက္သြားတယ္။ ေနာက္တခုက ေန႔တိုင္းလိမ္းပါမ်ားလာရင္ အသားအရည္ေလးေတြတင္းၿပီး ပါးေလးေတြ ဝင္းဝင္းေျပာင္ေျပာင္ေလး ျဖစ္လာတယ္။

အသားအရည္ေလးၾကည္ၿပီး ဘာမွလိမ္းမထားရင္ေတာင္ အလိုလိုၾကည့္ေကာင္းေနတာရယ္။ တျခားသဘာဝပစၥည္းေတြလဲ လိုင္းေပၚမွာ မၾကာခဏ ေတြ႕ေပမဲ့ ဒီတခုကေတာ့ ကိုယ့္ကိုယ္ေတြ႕မို႔

ကိုယ့္အကိုအမေတြကို ခုလိုပိုက္ဆံအကုန္အက် သက္သာၿပီး ဘာေဘးထြက္ဆိုးက်ိဳးမွမရွိပဲ သဘာဝအသီးေတြနဲ႔ လွရေအာင္ ေထာပတ္ေစ့ေလးကို စမ္းလိမ္းၾကည့္ပါလို႔ အႀကံျပဳပါရေစေနာ္။

Unicode

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ်၊ မှဲ့ခြောက်၊ ဝက်ခြံနဲ့ မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့ အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ။ ဝယ်ရတာလဲ လွယ်ကူသလို အကုန်အကျလဲနည်းတာမို့ နေ့တိုင်းလိုလို လိမ်းဖြစ်ပါတယ်။

ဘယ်လိုလုပ်ပြီး လိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီး စားကြတဲ့အခါ အတွင်းသားလေးတွေ ယူလိုက်ရင် အထဲက အစေ့လေးကျန်ပါမယ်။ လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှ ဝယ်သုံးစရာမလိုပဲ

ကိုယ်တို့မျက်နှာကို အများကြီးလှသွားအောင် လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူ လွင့်ပစ်တတ်ကြတယ်။ အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံး အစေ့ပေါ်က ထောပတ်သီး အစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်။ ပြီးရင်သူ့ကို နေလှမ်းထားလိုက်ပါ။

၂ရက်လောက် လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်က အပေါ်ခွံလေး ကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ။ ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေး အလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင် လိမ်းလို့ရပါပြီ။

၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက် လှမ်းရမယ်ထင်တယ်။ တခါတလေ အပေါ်ခွံ သံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ် မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။ လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေး သွေးလိမ်းလို့ရပြီ။

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေ သွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက် ပိုပြီး ဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီး ဝင်းပြောင်စေတယ်။

ကိုယ်တခါတလေ အိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်း သွေးလိမ်းရင် နောက်နေ့မနက်ထရင် လုံးဝပျောက်သွားပါတယ်။ ယုံမလားတော့ မသိဘူး။ အရမ်းသိသာတာတခုက အဆီဖုလေးတွေပါ။

ကိုယ်က သနပ်ခါးလိမ်းတာများပေမဲ့ တခါတလေ အဆီဖုလေးတွေ ထွက်တတ်ပါတယ်။ ကိုယ်တော့ ထောပတ်စေ့ အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူး ခုထိဝယ်မသုံးဖူးပါဘူး။ ကိုယ်မျက်နှာမှာ ထွက်သမျှ ဘာပဲလာလာ ထောပတ်စေ့ပဲ သွေးလိမ်းပါတယ်။

ပုံမှန်ဆို အတွင်းသားကို သွေးလိမ်းပြီး ခရီးသွားလို့ အသားအရည် အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်း သွေးလိမ်းပါတယ်။ လိမ်းပြီး နောက်နေ့မနက် မျက်နှာသစ်တာနဲ့ သိသိသာသာ ပြောင်းလဲတာပါ။

အသိအမတယောက်ကို သူ့မျက်နှာမှာ တင်းတိပ်တွေတွေ့လို့ ကိုယ်ညွှန်းလိုက်တော့ အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်။ အကိုတယောက်ကတော့ ဝက်ခြံတွေ သက်သာတယ်လို့ပြောတယ်။

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်။ နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေ ဝင်းဝင်းပြောင်ပြောင်လေး ဖြစ်လာတယ်။

အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ်။ တခြားသဘာဝပစ္စည်းတွေလဲ လိုင်းပေါ်မှာ မကြာခဏ တွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့

ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျ သက်သာပြီး ဘာဘေးထွက်ဆိုးကျိုးမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင် ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့ အကြံပြုပါရစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *