နာမည္ျကားရံုနဲ ့တင္ေျကာက္ဖို ့ေကာင္းေနျပီး ကမာၻ႕အပူဆံုးေနရာအျဖစ္ စံခ်ိန္တင္ထားေသာ ေသမင္းတမန္ေတာင္ၾကားလမ္း

ရုတ္တရက္ ေတြးၾကည္႔လိုက္ရင္ ကမာၻ႕အပူဆံုးဆိုတဲ့ေနရာက အာဖရိကက တစ္ေနရာရာ ဒါမွမဟုတ္ အီေကြဒါရဲ႕ အနီးဆံုးက ျမိဳ႕တစ္ျမိဳ႕ျမိဳ႕လို႔ ထင္သြားပါလိမ့္မယ္။

ဘာလိုလဲဆိုေတာ့ အီေကြဒါမ်ဥ္းျဖတ္တဲ့ေနရာက ေဒသေတြက အပူဆံုးျဖစ္ျပီး၊ အာဖရိကအေၾကာင္းကို ရိုက္ျပရင္ အျမဲပူေလာင္ေနတာခ်ည္းေၾကာင့္ပါ။တကယ္ေတာ့ မဟုတ္ခဲ့ပါဘူး။

ကမာၻ႕ဂင္းနစ္စံခ်ိန္၀င္ထားတဲ့ေနရာ၊ ကမာၻေပၚမွာ အပူဆံုးလို႔ သတ္မွတ္ထားတဲ့ေနရာက အေမရိကန္မွာရွိတဲ့ ေသမင္းတမန္ေတာင္ၾကားလမ္း (death valley) ဆိုတဲ့ေနရာပါ။ နာမည္ၾကီးကိုက ေၾကာက္ဖို႔ ေကာင္းေနေတာ့ အပူဆံုးဆုိတာလည္း မွားမယ္မထင္ပါဘူး။

(၁၉၁၃)ခုႏွစ္ရဲ႕ ဇူလိုင္လ(၁၀)ရက္ေန႔မွာ ေတာင္ၾကားလမ္းမွာရွိတဲ့အပူခ်ိန္ဟာ (၅၆.၇)ဒီဂရီဆဲစီးရပ္ကို ေရာက္ခဲ့ပါတယ္။ေတာ္ေတာ္ေလးကို မ်ားလြန္းတဲ့ ပမာဏျဖစ္ျပီး၊ လူသားေတြဟာ အဲဒီေနရာမွာ ေရရွည္ေနရမယ္ဆိုရင္ အသက္ကို ထိခုိက္တာေတြပါ ၾကံဳလာရႏုိင္ပါတယ္။

ဒါေပမဲ့ စံခ်ိန္တင္ပူခဲ့တာပဲဲျဖစ္လို႔ လက္ရွိမွာေတာ့ မစုိးရိမ္ရပါဘူး။ ေႏြရာသီမွာဆိုရင္ (၄၇)ဒီဂရီဆဲဆီးရပ္ပဲ ရွိတာျဖစ္လို႕ ေနလို႔ရေသးတဲ့ပမာဏလို႕ေတာ့ ဆိုပါတယ္။ တကယ္ေနမယ္ဆိုရင္ေတာ့ ဂရုစိုက္ရမွာပါ။

အဲဒီေဒသက ေလထုဟာ ေရဓာတ္ပါ၀င္မႈအနည္းဆံုး ျဖစ္ျပီး၊ အေမရိကန္ရဲ႕ အေျခာက္ေသြ႕ဆံုး ေဒသပါ။ လက္ရွိမွာ အမ်ိဳးသာဥယာဥ္အျဖစ္သတ္မွတ္ထားျပီး၊ ကမာၻေပၚမွာေတာ့ ပံုမွန္ပူခ်ိန္အမ်ားဆံုး အဆင့္ (၈)ျမိဳ႕အျဖစ္ ရွိေနပါတယ္။

ဂင္းနစ္စံခ်ိန္က (၁၉၁၃) ကဆိုေတာ့ မၾကာခင္မွာ ကမာၻၾကီးက ပိုပူေႏြးလာတဲ့အတြက္ ဘယ္ေနရာက စံခ်ိန္ေက်ာ္ျဖတ္သြားမလဲ ေစာင့္ၾကည္႔သြားရပါမယ္။

Unicode

ရုတ်တရက် တွေးကြည့်လိုက်ရင် ကမ္ဘာ့အပူဆုံးဆိုတဲ့နေရာက အာဖရိကက တစ်နေရာရာ ဒါမှမဟုတ် အီကွေဒါရဲ့ အနီးဆုံးက မြို့တစ်မြို့မြို့လို့ ထင်သွားပါလိမ့်မယ်။

ဘာလိုလဲဆိုတော့ အီကွေဒါမျဉ်းဖြတ်တဲ့နေရာက ဒေသတွေက အပူဆုံးဖြစ်ပြီး၊ အာဖရိကအကြောင်းကို ရိုက်ပြရင် အမြဲပူလောင်နေတာချည်းကြောင့်ပါ။တကယ်တော့ မဟုတ်ခဲ့ပါဘူး။

ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ထားတဲ့နေရာ၊ ကမ္ဘာပေါ်မှာ အပူဆုံးလို့ သတ်မှတ်ထားတဲ့နေရာက အမေရိကန်မှာရှိတဲ့ သေမင်းတမန်တောင်ကြားလမ်း (death valley) ဆိုတဲ့နေရာပါ။ နာမည်ကြီးကိုက ကြောက်ဖို့ ကောင်းနေတော့ အပူဆုံးဆိုတာလည်း မှားမယ်မထင်ပါဘူး။

(၁၉၁၃)ခုနှစ်ရဲ့ ဇူလိုင်လ(၁၀)ရက်နေ့မှာ တောင်ကြားလမ်းမှာရှိတဲ့အပူချိန်ဟာ (၅၆.၇)ဒီဂရီဆဲစီးရပ်ကို ရောက်ခဲ့ပါတယ်။တော်တော်လေးကို များလွန်းတဲ့ ပမာဏဖြစ်ပြီး၊ လူသားတွေဟာ အဲဒီနေရာမှာ ရေရှည်နေရမယ်ဆိုရင် အသက်ကို ထိခိုက်တာတွေပါ ကြုံလာရနိုင်ပါတယ်။

ဒါပေမဲ့ စံချိန်တင်ပူခဲ့တာပဲဲဖြစ်လို့ လက်ရှိမှာတော့ မစိုးရိမ်ရပါဘူး။ နွေရာသီမှာဆိုရင် (၄၇)ဒီဂရီဆဲဆီးရပ်ပဲ ရှိတာဖြစ်လို့ နေလို့ရသေးတဲ့ပမာဏလို့တော့ ဆိုပါတယ်။ တကယ်နေမယ်ဆိုရင်တော့ ဂရုစိုက်ရမှာပါ။

အဲဒီဒေသက လေထုဟာ ရေဓာတ်ပါ၀င်မှုအနည်းဆုံး ဖြစ်ပြီး၊ အမေရိကန်ရဲ့ အခြောက်သွေ့ဆုံး ဒေသပါ။ လက်ရှိမှာ အမျိုးသာဥယာဉ်အဖြစ်သတ်မှတ်ထားပြီး၊ ကမ္ဘာပေါ်မှာတော့ ပုံမှန်ပူချိန်အများဆုံး အဆင့် (၈)မြို့အဖြစ် ရှိနေပါတယ်။

ဂင်းနစ်စံချိန်က (၁၉၁၃) ကဆိုတော့ မကြာခင်မှာ ကမ္ဘာကြီးက ပိုပူနွေးလာတဲ့အတွက် ဘယ်နေရာက စံချိန်ကျော်ဖြတ်သွားမလဲ စောင့်ကြည့်သွားရပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *