ေနခ်င္စရာေကာင္းေပမယ့္ ေအးလြန္းလို ့ေရခဲသြားႏိုင္ေလာက္တဲ့ ကမာၻ႕အေအးဆံုးျမိဳ႕ေတာ္ (သို႕) ရာကူတက္စ္

ကမာၻ႕ေျမာက္ဖ်ားပိုင္း နဲ႔ ေတာင္ဖ်ားပိုင္းဟာ အီေကြဒါနဲ႔ အေ၀းဆံုးအေနအထားမွာရွိတဲ့အတြက္ အေအးဆံုးဆိုတဲ့ ေဒသေတြကို ပိုင္ဆိုင္ပါတယ္။ အေအးပူအခ်ိန္မ်ားဆံုးျမိဳ႕ေတြဟာ ကမာၻ႕ေျမာက္ဖ်ားပိုင္းမွာပဲရွိျပီး၊ အေၾကာင္းကေတာ့ လူေတြေနၾကတဲ့ ျမိဳ႕ေတြရွိလို႔ပါ။

ခုေျပာျပေပးမွာကေတာ့ ရာကူတက္စ္အေၾကာင္းပါ။ ရာကူတက္စ္က ရုရွားႏိုင္ငံ ဆာကာရီပတ္ဘလစ္ေဒသရဲ႕ ျမိဳ႕ေတာ္ပါ။ ကမာၻ႕အၾကမ္းဆံုး ေဆာင္းရာသီရာသီဥတုအမ်ိဳးအစားကို ပိုင္ဆိုင္ျပီး၊ ေတာ္ေတာ္ေလးကို ျပင္းထန္တယ္လို႔ ဆိုပါတယ္။

အာတိတ္စက္၀ိုင္းနဲ႔လည္း မိုင္ (၂၀၀)ပဲေ၀းတဲ့အတြက္ ဒီေဒသက လူေတြဟာ ဘယ္လိုအသက္ရွင္ေနၾကလဲက စိတ္၀င္စားစရာပါ။ ဘာလို႔လဲဆိုေတာ့ ျမိဳ႕မွာ လူ (၃)သိန္းနီးပါးေလာက္ရွိတယ္လို႔ ဆိုထားလို႔ပါ။

အပူခ်ိန္အနိမ့္ဆံုးက ဇန္န၀ါရီလျဖစ္ျပီး၊ ပံုမွန္ (-၃၈) ဒီဂရီဆဲစီးရပ္ရွိတာကေန (၄၁) ဒီဂရီဆဲစီးရပ္အထိ ထိုးက်သြားပါတယ္။ (၀)ဆို ေရခဲေနခ်ိန္မွာ ဒီအေနအထားက ေရခဲေသတၱာဆိုတာ ရယ္ဖို႔ေကာင္းေနတဲ့ ေဒသျဖစ္ပါလိမ့္မယ္။

အပူခံေသတၱာဆိုရင္ေတာ့ တမ်ိဳးေပါ့။ ထူးထူးျခားျခား စံခ်ိန္တင္သြားတဲ့ တစ္သက္တာမွတ္တမ္းက (၁၈၉၁)ခုႏွစ္မွာ (၆၄)ဒီဂရီဆဲစီးရပ္အထိက်သြားတာျဖစ္ျပီး၊ ေၾကာက္စရာေတာ္ေတာ္ေလးေကာင္းခဲ့ပါတယ္။

သူ႕ရဲ႕ေဆာင္းရာသီက ကမာၻေပၚမွာ အေစာဆံုးျဖစ္ျပီး၊ ပံုမွန္ေတြထက္လည္း ပိုၾကာပါတယ္။ ေအာက္တိုဘာလ တစ္ရက္ေန႔ဆိုရင္ ပွ်မ္းမွ်အပူခ်ိန္က (-၁)ဒီဂရီဆဲစီးရပ္ပဲရွိတဲ့အတြက္ အပူအမ်ားဆံုး ကာလလို႔ ေျပာလို႔ရပါတယ္။

အာတိတ္ေဒသအ၀တ္အစားေတြနဲ႔ အသက္ရွင္သလို ေဗာ့ဒ္ကာဟာ ခႏၶာကုိယ္ေႏြးေစဖို႔အတြက္ အရက္အေနနဲ႔ မဟုတ္ေတာ့ဘဲ ေဆးအျဖစ္ပါ ေသာက္ၾကပါတယ္။

အကယ္လို႔ ေအးတာမွ ၾကိဳက္တယ္၊ ေရမခ်ိဳးခ်င္ဘူးဆိုရင္ေတာ့ ရာကူတက္စ္ေလာက္ေကာင္းတဲ့ေနရာ ရွိမွာမဟုတ္ေတာ့ပါဘူး။

Unicode

ကမ္ဘာ့မြောက်ဖျားပိုင်း နဲ့ တောင်ဖျားပိုင်းဟာ အီကွေဒါနဲ့ အဝေးဆုံးအနေအထားမှာရှိတဲ့အတွက် အအေးဆုံးဆိုတဲ့ ဒေသတွေကို ပိုင်ဆိုင်ပါတယ်။ အအေးပူအချိန်များဆုံးမြို့တွေဟာ ကမ္ဘာ့မြောက်ဖျားပိုင်းမှာပဲရှိပြီး၊ အကြောင်းကတော့ လူတွေနေကြတဲ့ မြို့တွေရှိလို့ပါ။

ခုပြောပြပေးမှာကတော့ ရာကူတက်စ်အကြောင်းပါ။ ရာကူတက်စ်က ရုရှားနိုင်ငံ ဆာကာရီပတ်ဘလစ်ဒေသရဲ့ မြို့တော်ပါ။ ကမ္ဘာ့အကြမ်းဆုံး ဆောင်းရာသီရာသီဥတုအမျိုးအစားကို ပိုင်ဆိုင်ပြီး၊ တော်တော်လေးကို ပြင်းထန်တယ်လို့ ဆိုပါတယ်။

အာတိတ်စက်ဝိုင်းနဲ့လည်း မိုင် (၂၀၀)ပဲဝေးတဲ့အတွက် ဒီဒေသက လူတွေဟာ ဘယ်လိုအသက်ရှင်နေကြလဲက စိတ်ဝင်စားစရာပါ။ ဘာလို့လဲဆိုတော့ မြို့မှာ လူ (၃)သိန်းနီးပါးလောက်ရှိတယ်လို့ ဆိုထားလို့ပါ။

အပူချိန်အနိမ့်ဆုံးက ဇန်နဝါရီလဖြစ်ပြီး၊ ပုံမှန် (-၃၈) ဒီဂရီဆဲစီးရပ်ရှိတာကနေ (၄၁) ဒီဂရီဆဲစီးရပ်အထိ ထိုးကျသွားပါတယ်။ (၀)ဆို ရေခဲနေချိန်မှာ ဒီအနေအထားက ရေခဲသေတ္တာဆိုတာ ရယ်ဖို့ကောင်းနေတဲ့ ဒေသဖြစ်ပါလိမ့်မယ်။

အပူခံသေတ္တာဆိုရင်တော့ တမျိုးပေါ့။ ထူးထူးခြားခြား စံချိန်တင်သွားတဲ့ တစ်သက်တာမှတ်တမ်းက (၁၈၉၁)ခုနှစ်မှာ (၆၄)ဒီဂရီဆဲစီးရပ်အထိကျသွားတာဖြစ်ပြီး၊ ကြောက်စရာတော်တော်လေးကောင်းခဲ့ပါတယ်။

သူ့ရဲ့ဆောင်းရာသီက ကမ္ဘာပေါ်မှာ အစောဆုံးဖြစ်ပြီး၊ ပုံမှန်တွေထက်လည်း ပိုကြာပါတယ်။ အောက်တိုဘာလ တစ်ရက်နေ့ဆိုရင် ပျှမ်းမျှအပူချိန်က (-၁)ဒီဂရီဆဲစီးရပ်ပဲရှိတဲ့အတွက် အပူအများဆုံး ကာလလို့ ပြောလို့ရပါတယ်။

အာတိတ်ဒေသအဝတ်အစားတွေနဲ့ အသက်ရှင်သလို ဗော့ဒ်ကာဟာ ခန္ဓာကိုယ်နွေးစေဖို့အတွက် အရက်အနေနဲ့ မဟုတ်တော့ဘဲ ဆေးအဖြစ်ပါ သောက်ကြပါတယ်။

အကယ်လို့ အေးတာမှ ကြိုက်တယ်၊ ရေမချိုးချင်ဘူးဆိုရင်တော့ ရာကူတက်စ်လောက်ကောင်းတဲ့နေရာ ရှိမှာမဟုတ်တော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *