ေစ်းႏွုန္းနဲ ့တင္ရူးခါရေလာက္တဲ့ ယမကာလုလင္တို႔ရဲ႕ ထိပ္ေခါင္သခင္ (သို႔) ကမာၻ႕ေစ်းအၾကီးဆံုး စေကာ့၀ီစကီ မက္ကယ္လန္

ကၽြန္ေတာ့္မွာ အိပ္မက္တစ္ခုရွိတယ္၊ တစ္ေန႔မွာ ဒီလို ေစ်းအၾကီးဆံုးဆုိတဲ့ ၀ီစကီကို ဖန္ခြက္ထဲထည္႔ျပီး၊ ဆရာၾကီးတကာ့ ဆရာၾကီးထိပ္ေခါင္ကို ပူေဇာ္ႏုိင္ရမယ္။ ဒီစကားကို ေျပာခ်င္ေနတဲ့ ယမကာလုလင္ေတြဟာ ေရႊျမန္မာျပည္ၾကီးမွာ ထုနဲ႔ထည္နဲ႔ ရွိပါတယ္။

သစၥာအရွိဆံုးဆိုတဲ့အရာကို ပူေဇာ္ရတာမလား။ သမိုင္းေၾကာင္းကို အခါအခြင့္သင့္လို႔ လွန္ျပရမယ္ဆိုရင္ ေစ်းအၾကီးဆံုးလို႕႔ ျဖစ္လာမယ့္ အရက္ကို

(၁၉၂၆)မွာ စေပါင္းခံပါတယ္။ ႏွစ္ (၆၀)အၾကာ ဂူေအာင္းသိုင္းက်င့္ျပီးခ်ိန္မွာေတာ့ (၁၉၈၆) ႏွစ္မွာ ႏုိင္ငံတကာ စံမီတဲ့ ပုလင္းထဲကို ထည္႔ဖို႔ စဥ္းစားပါေတာ့တယ္။

ခက္တာက ရိုးရိုးတန္းတန္းမလုပ္ဘဲ နည္းနည္းဆန္းရမွၾကိဳက္တဲ့ ကိုယ္ေတာ္ေတြက ပုလင္းတိုင္းကို သီးသန္႔ပံုဆြဲျပီး တံဆိပ္တပ္ပါေတာ့တယ္။ ကမာၻေက်ာ္ ဘီတဲလ္အဖြဲ႔ရဲ႕ အယ္လ္ဘမ္ “Sgt. Pepper’s Lonely Heart Club Band” ရဲ႕ ကာဗာကို ဒီဇိုင္းဆြဲခဲ့တဲ့

ဗယ္လာရီဒို အဒါမီ နဲ႔ ပီတာဘလိခ္တို႔က ပုလင္းရဲ႕ကာဗာဒီဇိုင္းေတြကို သီးသန္႔တာ၀န္ျပီး ဆြဲခဲ့ပါတယ္။ အမ်ားၾကီး မဟုတ္ပါဘူး။ တကယ့္ကို ျပည္႔၀စစ္မွန္တဲ့ (၁၂)လံုးတည္းရွိတဲ့ စေကာ့၀ီစကီပုလင္း (၁၂)လံုးကို ဒီဇိုင္းဆြဲေပးခဲ့တယ္လို႔ ဆိုပါတယ္။

ထုတ္လုပ္ခဲ့တဲ့ ပုလင္း (၁၂)လံုးကို စေကာ့ရဲ႕ အေရးတကာ့အေရးၾကီးဆံုး ေဖာက္သည္ေတြကို ေပးခဲ့ျပီးေနာက္ ကမာၻေပၚမွာ ဘယ္ေရာက္ျပီး၊ ဘယ္ႏွစ္လံုးက်န္ခဲ့လဲဆိုတာကို ဘယ္သူမွမသိေတာ့ပါဘူး။

တစ္လံုးက ဂ်ပန္ျပည္မွာ ငလ်င္က နားမလည္၊ ပါးမလည္ လႈပ္ေတာ့ပါသြားျပီသိရသလို တစ္လံုးကိုေတာ့ ေအာင္ပြဲခံခဲ့ျပီးျပီလို႔ဆိုပါတယ္။ အခု စေကာ့၀ီစကီကို တရား၀င္နာမည္ မက္ကယ္လန္ (Macallan)လို႔ ေခၚျပီး၊

ယူေကမွာ ေပါင္(၈၄၈ ၇၅၀)၊ ေဒၚလာ (၁.၁)သန္း နဲ႔ အမည္မသိသူတစ္ဦးက၀ယ္သြားခဲ့ပါတယ္။ ၾကမ္းခင္းေစ်း ေပါင္(၇)သိန္းနဲ႔စခဲ့ျပီး၊ ေျပာခဲ့တဲ့ေစ်းမွာေစ်းတည္႔သြားတာပါ။

ကံေကာင္းတာက အရင္ဘုမသိဘမသိ ပိုင္ရွင္က အီတလီကိုမဂၤလာေဆာင္သြားရင္ တကၠစီေပၚက်န္ခဲ့လို႔ (ေပ်ာက္ရင္ေတာ့ ယမကာလုလင္ေတြ အသည္းကြဲမယ့္ကိန္း) ေလနဲ႔အရင္ေရာင္းခဲ့ရတယ္လို႔ဆိုပါတယ္။

အခုေတာ့ ပိုင္ရွင္ရွိသြားျပီျဖစ္သလို ကမာၻေျမေပၚက တစ္ေနရာမွာ ေကာင္းမြန္တဲ့ အေစာင့္အေရွာက္ေတြနဲ႔ ဆရာၾကီးတစ္ေယာက္ ေအးေအးလူလူရွိေနမယ္လို႔ ယူဆရပါတယ္။ အခုဆိုရင္ေတာ့ ဆရာၾကီးရဲ႕သက္တမ္းက ႏွစ္ေပါင္း (၉၀)ေလာက္ရွိေနပါျပီ။

Unicode

ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်၊ တစ်နေ့မှာ ဒီလို စျေးအကြီးဆုံးဆိုတဲ့ ၀ီစကီကို ဖန်ခွက်ထဲထည့်ပြီး၊ ဆရာကြီးတကာ့ ဆရာကြီးထိပ်ခေါင်ကို ပူဇော်နိုင်ရမယ်။ ဒီစကားကို ပြောချင်နေတဲ့ ယမကာလုလင်တွေဟာ ရွှေမြန်မာပြည်ကြီးမှာ ထုနဲ့ထည်နဲ့ ရှိပါတယ်။

သစ္စာအရှိဆုံးဆိုတဲ့အရာကို ပူဇော်ရတာမလား။ သမိုင်းကြောင်းကို အခါအခွင့်သင့်လို့ လှန်ပြရမယ်ဆိုရင် စျေးအကြီးဆုံးလို့့ ဖြစ်လာမယ့် အရက်ကို

(၁၉၂၆)မှာ စပေါင်းခံပါတယ်။ နှစ် (၆၀)အကြာ ဂူအောင်းသိုင်းကျင့်ပြီးချိန်မှာတော့ (၁၉၈၆) နှစ်မှာ နိုင်ငံတကာ စံမီတဲ့ ပုလင်းထဲကို ထည့်ဖို့ စဉ်းစားပါတော့တယ်။

ခက်တာက ရိုးရိုးတန်းတန်းမလုပ်ဘဲ နည်းနည်းဆန်းရမှကြိုက်တဲ့ ကိုယ်တော်တွေက ပုလင်းတိုင်းကို သီးသန့်ပုံဆွဲပြီး တံဆိပ်တပ်ပါတော့တယ်။ ကမ္ဘာကျော် ဘီတဲလ်အဖွဲ့ရဲ့ အယ်လ်ဘမ် “Sgt. Pepper’s Lonely Heart Club Band” ရဲ့ ကာဗာကို ဒီဇိုင်းဆွဲခဲ့တဲ့

ဗယ်လာရီဒို အဒါမီ နဲ့ ပီတာဘလိခ်တို့က ပုလင်းရဲ့ကာဗာဒီဇိုင်းတွေကို သီးသန့်တာဝန်ပြီး ဆွဲခဲ့ပါတယ်။ အများကြီး မဟုတ်ပါဘူး။ တကယ့်ကို ပြည့်ဝစစ်မှန်တဲ့ (၁၂)လုံးတည်းရှိတဲ့ စကော့ဝီစကီပုလင်း (၁၂)လုံးကို ဒီဇိုင်းဆွဲပေးခဲ့တယ်လို့ ဆိုပါတယ်။

ထုတ်လုပ်ခဲ့တဲ့ ပုလင်း (၁၂)လုံးကို စကော့ရဲ့ အရေးတကာ့အရေးကြီးဆုံး ဖောက်သည်တွေကို ပေးခဲ့ပြီးနောက် ကမ္ဘာပေါ်မှာ ဘယ်ရောက်ပြီး၊ ဘယ်နှစ်လုံးကျန်ခဲ့လဲဆိုတာကို ဘယ်သူမှမသိတော့ပါဘူး။

တစ်လုံးက ဂျပန်ပြည်မှာ ငလျင်က နားမလည်၊ ပါးမလည် လှုပ်တော့ပါသွားပြီသိရသလို တစ်လုံးကိုတော့ အောင်ပွဲခံခဲ့ပြီးပြီလို့ဆိုပါတယ်။ အခု စကော့ဝီစကီကို တရားဝင်နာမည် မက်ကယ်လန် (Macallan)လို့ ခေါ်ပြီး၊

ယူကေမှာ ပေါင်(၈၄၈ ရ၅၀)၊ ဒေါ်လာ (၁.၁)သန်း နဲ့ အမည်မသိသူတစ်ဦးကဝယ်သွားခဲ့ပါတယ်။ ကြမ်းခင်းစျေး ပေါင်(၇)သိန်းနဲ့စခဲ့ပြီး၊ ပြောခဲ့တဲ့စျေးမှာစျေးတည့်သွားတာပါ။

ကံကောင်းတာက အရင်ဘုမသိဘမသိ ပိုင်ရှင်က အီတလီကိုမင်္ဂလာဆောင်သွားရင် တက္ကစီပေါ်ကျန်ခဲ့လို့ (ပျောက်ရင်တော့ ယမကာလုလင်တွေ အသည်းကွဲမယ့်ကိန်း) လေနဲ့အရင်ရောင်းခဲ့ရတယ်လို့ဆိုပါတယ်။

အခုတော့ ပိုင်ရှင်ရှိသွားပြီဖြစ်သလို ကမ္ဘာမြေပေါ်က တစ်နေရာမှာ ကောင်းမွန်တဲ့ အစောင့်အရှောက်တွေနဲ့ ဆရာကြီးတစ်ယောက် အေးအေးလူလူရှိနေမယ်လို့ ယူဆရပါတယ်။ အခုဆိုရင်တော့ ဆရာကြီးရဲ့သက်တမ်းက နှစ်ပေါင်း (၉၀)လောက်ရှိနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *