အံ့ျသစရာေကာင္းေလာက္ေအာင္ အျခားျဂိဳဟ္ကလာတယ္ထင္ရေလာက္ေသာ ထူးျခားေသာပံုပန္းသဏၭာန္ရွိတဲ့ ေခြးမ်ား

ေခြးဆိုတာလူ႔ပတ္၀န္းက်င္နဲ႔ အရင္းနီးဆံုးတိရစၧာန္မ်ိဳးျဖစ္ပါတယ္။ တခ်ိဳ႕ေခြးအမ်ိဳးအစားေတြကို အိမ္မွာအေဖာ္အျဖစ္ေမြးၾကျပီး၊ တစ္ခ်ိဳ႕ကိုေတာ့ အမဲလိုက္တဲ့ေနရာမွာ သံုးပါတယ္။

စစ္ဘက္ဆိုင္ရာမွာသံုးဖို႔ အထူးေလ့က်င့္ေပးထားတဲ့ေခြးေတြလည္းရွိျပီးမ်ားေသာအားျဖင့္ေတာ့ သူတို႔ဟာလူသားအက်ိဳးျပဳတိရစၧာန္ေတြျဖစ္ၾကပါတယ္။

အခုေဖာ္ျပေပးမွာကေတာ့ သင္ျမင္ေတြ႔ဖူးတဲ့ ေခြးအမ်ိဳးအစားေတြနဲ႔မတူ တစ္မူထူးျခားတဲ့ ပံုပန္းသဏၭာန္ရွိတဲ့ ေခြးေတြအေၾကာင္းပဲျဖစ္ပါတယ္။

ဒီေခြးေတြဟာ သာမန္ေခြးေတြနဲ႔ ဘယ္ေလာက္ေတာင္ ပံုစံကြဲထြက္ေနျပီး၊ ဘယ္လိုေတြေတာင္ ထူးျခားေနသလဲဆိုတာ ေအာက္မွာ ၾကည့္လိုက္ရေအာင္-

၁။ ဗင္ပိုင္းယားမ်က္လံုးနဲ႔ေခြး – ဟက္စကီးနဲ႔ပစ္ဘူး ေခြးအမ်ိဳးအစား(၂)ခုကိုေပါင္းစပ္ထားတဲ့ မ်ိဳးစပ္ေခြးျဖစ္ျပီး၊ သူ႔ရဲ႕အသြင္အျပင္က လန္႔စရာေကာင္းသလိုရွိေပမဲ့ တကယ္တမ္းက ဒီေခြးအမ်ိဳးအစားေတြဟာ အရမ္းကိုလိမၼာေရးျခားရွိျပီးေတာ့

လူေတြနဲ႔ အေရာတ၀င္ေနတက္ေလ့ရွိၾကပါတယ္။ ရုပ္ရွင္ဇာတ္ကားေတြထဲက ေသြးစုပ္ဖုတ္ေကာင္ေတြလိုမ်က္လံုးေတြက သူတို႔ရဲ႕ထူးျခားခ်က္ျဖစ္ျပီး၊ သူတို႔ကို ရုတ္တရက္ ျမင္လိုက္ရသူေတြအဖို႔ေတာ့ အထိတ္တလန္႔ျဖစ္သြားေစမွာ အမွန္ပါပဲ။

၂။ မ်က္လံုးမွာရွားပါးတဲ့ အေရာင္ရွိတဲ့ေခြး – ဒီေခြးေတြဟာ Pug အမ်ိဳးအစားထဲမွာပါ၀င္ပါတယ္။ ရွားပါးတဲ့ျဖဴျပာေရာင္မ်က္၀န္းတစ္စံုကို ပိုင္ဆိုင္ထားတဲ့ ဒီေခြးအမ်ိဳးအစားရဲ႕ ဂရုဏာသက္ဖြယ္အၾကည့္ေတြဟာ စကၠန္႔ပိုင္းအတြင္းမွာပဲ သင့္ရဲ႕ႏွလံုးသားကို အပိုင္သိမ္းသြားႏိုင္ေလာက္ပါတယ္။

၃။ ေဇာ္ရိုးေခြး – ကမာၻေက်ာ္ဟီးရိုးဇာတ္ေကာင္ ေဇာ္ရိုးရဲ႕ မ်က္ႏွာဖံုးစြပ္ထားတဲ့အသြင္အျပင္နဲ႔ ဒီေခြးရဲ႕မ်က္ႏွာဟာဆင္တူေနတာေၾကာင့္ ေဇာ္ရိုးေနရာမွာ အစား၀င္ျပီး မင္းသားလုပ္လို႔ေတာင္ ရႏိုင္တယ္ဆိုျပီး အမႊန္းတင္ေနရတဲ့ ေခြးအမ်ိဳးအစားျဖစ္ပါတယ္။

၄။ အိုင္းလိုင္နာမ်က္လံုးနဲ႔ေခြး – အလြန္ခ်စ္စရာေကာင္းတဲ့ အိမ္ေမြးေခြးအမ်ိဳးအစားျဖစ္ပါတယ္။ အိုင္းလိုင္နာျခယ္သထားသလိုမ်ိဳး ဆြဲေဆာင္မႈရွိတဲ့

မ်က္လံုးတစ္ဖက္ကို ပိုင္ဆိုင္ထားျပီး၊ အမွတ္တမဲ့ၾကည့္လိုက္မယ္ဆိုရင္ မိတ္ကပ္တစ္ျခမ္းလိမ္းဖို႔ ေမ့ေနတဲ့ ေမာ္ဒယ္တစ္ေယာက္နဲ႔ ပိုတူပါတယ္။

၅။ ေခါင္းမဲကိုယ္ျဖဴေခြး – တစ္မေအတည္းေမြးထားတာေရာဟုတ္ရဲ႕လားလို႔ေမးယူရေလာက္ေအာင္ကို ဒီေခြးရဲ႕ဦးေခါင္းနဲ႔ ခႏၶာကိုယ္ဟာ ဆန္႔ကင္ဘက္အေရာင္ေတြျဖစ္ေနတာပါ။

ေခြးခ်စ္သူေတြကေတာ့ ဒီေခြးေလးကို ပရင့္ထုတ္ရင္း မွင္ကုန္သြားလို႔ တစ္၀က္တစ္ပ်က္ထုတ္လိုက္ရတဲ့ ေအဖိုး စာရြက္ေလးတစ္ရြက္နဲ႔တူတယ္ဆိုျပီး ခ်စ္စႏိုးနဲ႔ စေနာက္ေနၾကပါသတဲ့။

၆။ အေမႊးထူေခြး – ထူထဲလြန္းတဲ့အေမႊးအမွ်င္ေတြေၾကာင့္ ဘယ္ဟာက ေခါင္း၊ ဘယ္ဟာက ဖင္ ဆိုတာကို ျပဴးျပဲၾကည့္မွ သိရမယ့္ေခြးအမ်ိဳးအစားျဖစ္ပါတယ္။ သူလမ္းေလွ်ာက္တဲ့အခါ ခပ္လွမ္းလွမ္းက ၾကည့္လိုက္ရင္ ေရြ႕လ်ားေနတဲ့ အမႈိက္ပံုၾကီးတစ္ပံုလိုပါပဲ။

မ်က္ႏွာကိုလည္း အေမႊးေတြအျပည့္ဖံုးအုပ္ေနေတာေတာင္ သူ႔လမ္းသူ ေျဖာင့္ေျဖာင့္တမ္းတမ္း ဘယ္လိုသြားႏိုင္သလဲဆိုတာကေတာ့ မစဥ္းစားတက္ေလာက္ေအာင္ပါပဲ။

၇။ ေခြးျခေသၤ့ – ေတာတြင္းဘုရင္ ျခေသၤ့လိုမ်ိဳး လည္ဆံေမႊးေတြနဲ႔ ၾကီးမားဖြံ႔ထြားတဲ့ ခႏၶာကိုယ္ကိုပိုင္ဆိုင္ထားတဲ့ ဒီေခြးဟာ tibetan mastiff အမ်ိဳးအႏြယ္ေခြးျဖစ္ပါတယ္။

ျခေသၤ့နဲ႔ေတာ္ေတာ္တူပါတယ္။ ဒါေပမဲ့ ေသခ်ာၾကည့္ ၾကည့္ပါ အဲတာ လံုး၀ ျခေသၤ့မဟုတ္ပါဘူး။ သခင္ကို အရမ္းခင္တြယ္တက္တဲ့ ေခြးမွ ေခြးအစစ္ျဖစ္ပါတယ္။

၈။ ေခြးေမႊးေျပာင္ – အေပၚမွာေဖာ္ျပခဲ့တဲ့ ေခြးေတြအားလံုး အေမႊးေပါက္ၾကေပမဲ့ ဒီေခြးရဲ႕ ခႏၶာကိုယ္ေပၚမွာေတာ့ ထူးထူးျခားျခား အေမႊးတစ္မွ်င္တေလေတာင္မရွိပဲ ေျပာင္သလင္းခါေနပါတယ္။

Mexican Hairless dog လို႔လူသိမ်ားတဲ့ ဒီေခြးေတြရဲ႕ ကိုယ္ေပၚကို ယင္ေကာင္လာနားရင္ေတာင္ ေခ်ာ္က်ႏိုင္ေလာက္ေအာင္ သူ႔ရဲ႕အသားအေရက ေျပာင္ေခ်ာေနတာပါ။

Unicode

ခွေးဆိုတာလူ့ပတ်ဝန်းကျင်နဲ့ အရင်းနီးဆုံးတိရစ္ဆာန်မျိုးဖြစ်ပါတယ်။ တချို့ခွေးအမျိုးအစားတွေကို အိမ်မှာအဖော်အဖြစ်မွေးကြပြီး၊ တစ်ချို့ကိုတော့ အမဲလိုက်တဲ့နေရာမှာ သုံးပါတယ်။

စစ်ဘက်ဆိုင်ရာမှာသုံးဖို့ အထူးလေ့ကျင့်ပေးထားတဲ့ခွေးတွေလည်းရှိပြီးများသောအားဖြင့်တော့ သူတို့ဟာလူသားအကျိုးပြုတိရစ္ဆာန်တွေဖြစ်ကြပါတယ်။

အခုဖော်ပြပေးမှာကတော့ သင်မြင်တွေ့ဖူးတဲ့ ခွေးအမျိုးအစားတွေနဲ့မတူ တစ်မူထူးခြားတဲ့ ပုံပန်းသဏ္ဌာန်ရှိတဲ့ ခွေးတွေအကြောင်းပဲဖြစ်ပါတယ်။

ဒီခွေးတွေဟာ သာမန်ခွေးတွေနဲ့ ဘယ်လောက်တောင် ပုံစံကွဲထွက်နေပြီး၊ ဘယ်လိုတွေတောင် ထူးခြားနေသလဲဆိုတာ အောက်မှာ ကြည့်လိုက်ရအောင်-

၁။ ဗင်ပိုင်းယားမျက်လုံးနဲ့ခွေး – ဟက်စကီးနဲ့ပစ်ဘူး ခွေးအမျိုးအစား(၂)ခုကိုပေါင်းစပ်ထားတဲ့ မျိုးစပ်ခွေးဖြစ်ပြီး၊ သူ့ရဲ့အသွင်အပြင်က လန့်စရာကောင်းသလိုရှိပေမဲ့ တကယ်တမ်းက ဒီခွေးအမျိုးအစားတွေဟာ အရမ်းကိုလိမ္မာရေးခြားရှိပြီးတော့

လူတွေနဲ့ အရောတဝင်နေတက်လေ့ရှိကြပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲက သွေးစုပ်ဖုတ်ကောင်တွေလိုမျက်လုံးတွေက သူတို့ရဲ့ထူးခြားချက်ဖြစ်ပြီး၊ သူတို့ကို ရုတ်တရက် မြင်လိုက်ရသူတွေအဖို့တော့ အထိတ်တလန့်ဖြစ်သွားစေမှာ အမှန်ပါပဲ။

၂။ မျက်လုံးမှာရှားပါးတဲ့ အရောင်ရှိတဲ့ခွေး – ဒီခွေးတွေဟာ Pug အမျိုးအစားထဲမှာပါ၀င်ပါတယ်။ ရှားပါးတဲ့ဖြူပြာရောင်မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ ဒီခွေးအမျိုးအစားရဲ့ ဂရုဏာသက်ဖွယ်အကြည့်တွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ သင့်ရဲ့နှလုံးသားကို အပိုင်သိမ်းသွားနိုင်လောက်ပါတယ်။

၃။ ဇော်ရိုးခွေး – ကမ္ဘာကျော်ဟီးရိုးဇာတ်ကောင် ဇော်ရိုးရဲ့ မျက်နှာဖုံးစွပ်ထားတဲ့အသွင်အပြင်နဲ့ ဒီခွေးရဲ့မျက်နှာဟာဆင်တူနေတာကြောင့် ဇော်ရိုးနေရာမှာ အစားဝင်ပြီး မင်းသားလုပ်လို့တောင် ရနိုင်တယ်ဆိုပြီး အမွှန်းတင်နေရတဲ့ ခွေးအမျိုးအစားဖြစ်ပါတယ်။

၄။ အိုင်းလိုင်နာမျက်လုံးနဲ့ခွေး – အလွန်ချစ်စရာကောင်းတဲ့ အိမ်မွေးခွေးအမျိုးအစားဖြစ်ပါတယ်။ အိုင်းလိုင်နာခြယ်သထားသလိုမျိုး ဆွဲဆောင်မှုရှိတဲ့

မျက်လုံးတစ်ဖက်ကို ပိုင်ဆိုင်ထားပြီး၊ အမှတ်တမဲ့ကြည့်လိုက်မယ်ဆိုရင် မိတ်ကပ်တစ်ခြမ်းလိမ်းဖို့ မေ့နေတဲ့ မော်ဒယ်တစ်ယောက်နဲ့ ပိုတူပါတယ်။

၅။ ခေါင်းမဲကိုယ်ဖြူခွေး – တစ်မအေတည်းမွေးထားတာရောဟုတ်ရဲ့လားလို့မေးယူရလောက်အောင်ကို ဒီခွေးရဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ ဆန့်ကင်ဘက်အရောင်တွေဖြစ်နေတာပါ။

ခွေးချစ်သူတွေကတော့ ဒီခွေးလေးကို ပရင့်ထုတ်ရင်း မှင်ကုန်သွားလို့ တစ်ဝက်တစ်ပျက်ထုတ်လိုက်ရတဲ့ အေဖိုး စာရွက်လေးတစ်ရွက်နဲ့တူတယ်ဆိုပြီး ချစ်စနိုးနဲ့ စနောက်နေကြပါသတဲ့။

၆။ အမွှေးထူခွေး – ထူထဲလွန်းတဲ့အမွှေးအမျှင်တွေကြောင့် ဘယ်ဟာက ခေါင်း၊ ဘယ်ဟာက ဖင် ဆိုတာကို ပြူးပြဲကြည့်မှ သိရမယ့်ခွေးအမျိုးအစားဖြစ်ပါတယ်။ သူလမ်းလျှောက်တဲ့အခါ ခပ်လှမ်းလှမ်းက ကြည့်လိုက်ရင် ရွေ့လျားနေတဲ့ အမှိုက်ပုံကြီးတစ်ပုံလိုပါပဲ။

မျက်နှာကိုလည်း အမွှေးတွေအပြည့်ဖုံးအုပ်နေတောတောင် သူ့လမ်းသူ ဖြောင့်ဖြောင့်တမ်းတမ်း ဘယ်လိုသွားနိုင်သလဲဆိုတာကတော့ မစဉ်းစားတက်လောက်အောင်ပါပဲ။

၇။ ခွေးခြင်္သေ့ – တောတွင်းဘုရင် ခြင်္သေ့လိုမျိုး လည်ဆံမွှေးတွေနဲ့ ကြီးမားဖွံ့ထွားတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ ဒီခွေးဟာ tibetan mastiff အမျိုးအနွယ်ခွေးဖြစ်ပါတယ်။

ခြင်္သေ့နဲ့တော်တော်တူပါတယ်။ ဒါပေမဲ့ သေချာကြည့် ကြည့်ပါ အဲတာ လုံးဝ ခြင်္သေ့မဟုတ်ပါဘူး။ သခင်ကို အရမ်းခင်တွယ်တက်တဲ့ ခွေးမှ ခွေးအစစ်ဖြစ်ပါတယ်။

၈။ ခွေးမွှေးပြောင် – အပေါ်မှာဖော်ပြခဲ့တဲ့ ခွေးတွေအားလုံး အမွှေးပေါက်ကြပေမဲ့ ဒီခွေးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ထူးထူးခြားခြား အမွှေးတစ်မျှင်တလေတောင်မရှိပဲ ပြောင်သလင်းခါနေပါတယ်။

Mexican Hairless dog လို့လူသိများတဲ့ ဒီခွေးတွေရဲ့ ကိုယ်ပေါ်ကို ယင်ကောင်လာနားရင်တောင် ချော်ကျနိုင်လောက်အောင် သူ့ရဲ့အသားအရေက ပြောင်ချောနေတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *